ခ်ဥ္ငံစပ္ထိုင္းစတိုင္လ္ပုဇြန္အစိမ္းသုပ္နည္း

ဝါးလိုက္ရင္ ထုပ္ထုပ္ ထုပ္ထုပ္နဲ႔ စားၿပီးရင္း စားခ်င္မဲ့ အရသာရွိရွိ ပုစြန္အစိမ္းသုပ္ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ပုစြန္
၂။ သံပရာသီး
၃။ ပူစီနံ
၄။ သခြားသီး
၅။ င႐ုတ္သီးစိမ္း
၆။ ၾကက္သြန္ျဖဴ
၇။ သၾကား
၈။ ဟင္းခတ္မႈန႔္
၉။ ငါးငံျပာရည္
၁၀။ ယိုးဒယားငါးပိရည္

ျပဳလုပ္နည္း
– ပထမဆုံး ပုစြန္ကို ေဆးေဆးသန႔္စင္ၿပီးလွ်င္ ေက်ာခြဲ၍ အညစ္အေၾကးထုပ္ၿပီး စင္ၾကယ္ေအာင္ေဆးေၾကာထားပါ။ ၿပီးလွ်င္ ပုစြန္အစိမ္းေပၚကို သံပရာရည္ညႇစ္လိုက္ပါ။
– သံပုရာရည္ညႇစ္ၿပီး ပုစြန္ကိုႏွံ႔သြားေအာင္ ဇြန္းနဲ႔ အေပၚေအာက္ လွန္ေပးပါ။ ၿပီးရင္ ဇြန္းနဲ႔ အသာေလး ဖိသိပ္ၿပီး မိနစ္အနည္းငယ္ခန႔္ႏွပ္ထားပါ။မိနစ္အနည္းၾကာရင္ေတာ့ ပုစြန္အေပၚယံေလးေတြက က်က္ၿပီး အေရာင္ေျပာင္းလာရင္ ပုစြန္ထဲက စိမ့္ထြက္လာတဲ့ အရည္ေတြနဲ႔ သံပရာရည္ေတြကို သြန္ပစ္ရပါမယ္။
– ပုစြန္ထဲက ထြက္တဲ့ အရည္ေတြ သြန္ၿပီးၿပီဆိုရင္ေတာ့ မက်က္တက်က္ျဖစ္ေနတဲ့ ပုစြန္ေတြနဲ႔ ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ၊ င႐ုတ္သီးစိမ္းအျပင္ င႐ုတ္သီးအနီကို ပါးပါးလွီးထားတာထည့္လိုက္ပါ။ၿပီးလွ်င္ေတာ့ ထြင္တားတဲ့ ပူစီနာ႐ြက္ကိုလည္းထည့္လိုက္ပါ။ ၿပီးရင္ သၾကားနဲ႔ ဟင္းခတ္မႈန႔္ထည့္ၿပီး ယိုးဒယားငါးပိရည္ႏွင့္ ငါးငံျပာရည္ကိုလည္း အဆင္ေျပသလို ထည့္ႏိုင္ပါတယ္။
– အားလုံးထည့္ၿပီးၿပီဆိုရင္ အရသာအေပါ့အငန္ျမည္းၾကည့္ၿပီး ႏွံ႔သြားေအာင္ ေမႊေပးပါ။ အခ်ဥ္လိုေသးရင္သံပရာသီးထပ္ညႇစ္လို႔ရပါတယ္။

ခုဆိုရင္ေတာ့ ထမင္းၿမိန္ၿမိန္ပဲစားမလား…ဘီယာနဲ႔ပဲျမည္းမလား…အရသာရွိတဲ့ ခ်ဥ္ငံစပ္ထိုင္းစတိုင္လ္ပုစြန္အစိမ္းသုပ္ကို သုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

ဝါးလိုက်ရင် ထုပ်ထုပ် ထုပ်ထုပ်နဲ့ စားပြီးရင်း စားချင်မဲ့ အရသာရှိရှိ ပုစွန်အစိမ်းသုပ်ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ပုစွန်
၂။ သံပရာသီး
၃။ ပူစီနံ
၄။ သခွားသီး
၅။ ငရုတ်သီးစိမ်း
၆။ ကြက်သွန်ဖြူ
၇။ သကြား
၈။ ဟင်းခတ်မှုန့်
၉။ ငါးငံပြာရည်
၁၀။ ယိုးဒယားငါးပိရည်

ပြုလုပ်နည်း
– ပထမဆုံး ပုစွန်ကို ဆေးဆေးသန့်စင်ပြီးလျှင် ကျောခွဲ၍ အညစ်အကြေးထုပ်ပြီး စင်ကြယ်အောင်ဆေးကြောထားပါ။ ပြီးလျှင် ပုစွန်အစိမ်းပေါ်ကို သံပရာရည်ညှစ်လိုက်ပါ။
– သံပုရာရည်ညှစ်ပြီး ပုစွန်ကိုနှံ့သွားအောင် ဇွန်းနဲ့ အပေါ်အောက် လှန်ပေးပါ။ ပြီးရင် ဇွန်းနဲ့ အသာလေး ဖိသိပ်ပြီး မိနစ်အနည်းငယ်ခန့်နှပ်ထားပါ။မိနစ်အနည်းကြာရင်တော့ ပုစွန်အပေါ်ယံလေးတွေက ကျက်ပြီး အရောင်ပြောင်းလာရင် ပုစွန်ထဲက စိမ့်ထွက်လာတဲ့ အရည်တွေနဲ့ သံပရာရည်တွေကို သွန်ပစ်ရပါမယ်။
– ပုစွန်ထဲက ထွက်တဲ့ အရည်တွေ သွန်ပြီးပြီဆိုရင်တော့ မကျက်တကျက်ဖြစ်နေတဲ့ ပုစွန်တွေနဲ့ ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းအပြင် ငရုတ်သီးအနီကို ပါးပါးလှီးထားတာထည့်လိုက်ပါ။ပြီးလျှင်တော့ ထွင်တားတဲ့ ပူစီနာရွက်ကိုလည်းထည့်လိုက်ပါ။ ပြီးရင် သကြားနဲ့ ဟင်းခတ်မှုန့်ထည့်ပြီး ယိုးဒယားငါးပိရည်နှင့် ငါးငံပြာရည်ကိုလည်း အဆင်ပြေသလို ထည့်နိုင်ပါတယ်။
– အားလုံးထည့်ပြီးပြီဆိုရင် အရသာအပေါ့အငန်မြည်းကြည့်ပြီး နှံ့သွားအောင် မွှေပေးပါ။ အချဉ်လိုသေးရင်သံပရာသီးထပ်ညှစ်လို့ရပါတယ်။

ခုဆိုရင်တော့ ထမင်းမြိန်မြိန်ပဲစားမလား…ဘီယာနဲ့ပဲမြည်းမလား…အရသာရှိတဲ့ ချဉ်ငံစပ်ထိုင်းစတိုင်လ်ပုစွန်အစိမ်းသုပ်ကို သုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

309 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.