ဂျပန်ရိုးရာ ကီမိုနိုဝတ်ဆင်ပုံအကြောင်း

နိုင်ငံတိုင်း၊လူမျိုးတိုင်းမှာတော့ သူတို့ရဲ့ ရိုးရာဓလေ့များစွာ ရှိသည်နှင့်အညီ ဝတ်စားဆင်ယင်မှုတွေကလည်း ကွဲပြားကြပါတယ်။
ဒီတစ်ခါမှာတော့ ဂျပန်တို့ရဲ့ ရိုးရာဝတ်စုံတစ်ခုဖြစ်တဲ့ ကီမိုနိုဝတ်ဆင်ခြင်းအကြောင်းကို ပြောပြပေးသွားမှာပါ။

Junihitoe

Junhitoe သည် Heian ခေတ်မှာ တော်ဝင်အမျိုးသမီးတွေ ဝတ်ဆင်ကြတဲ့ ဝတ်စုံဖြစ်ပါတယ်။
၇၉၄ ခုနှစ်မှ ၁၁၈၅ ခုနှစ်အထိ ဝတ်ဆင်ခဲ့ပါတယ်။ ဝတ်စုံအလွှာမှာ ၂၀ လွှာထိရှိနိုင်ပြီး အလေးချိန် ၂၀ ကီလိုလေးလံတာကြောင့် လမ်းလျှောက်ဖို့တောင် အလွန်ခက်ခဲပါသည်ဟု ရှေးဟောင်းစာပေများမှာ ဖော်ပြထားပါတယ်။

Kimono
ခြေကျင်းဝတ်အထိ ရှည်လျားတဲ့ Kimono ကိုတော့ မျက်မှောက်ခေတ် ဂျပန်နိုင်ငံရဲ့ ဂျပန်ရိုးရာဝတ်စုံအဖြစ် သတ်မှတ်ပြီး၊ ကီမိုနိုဒီဇိုင်းများသည် အလှတရား၏ အဓိပ္ပာယ်ကို ဖော်ပြလေ့ရှိပါသည်။

Yukata
Kimono ကဲ့သို့ ထူထဲခြင်းမရှိပဲ ပေါ့ပါ့တဲ့ နွေရာသီဝတ် ကီမိုနိုတစ်မျိုးဖြစ်တဲ့ Yukata ကိုတော့ အိုဘွန်းပွဲတော်၊ နွေရာသီ မီးပန်းကြည့်ပွဲတော်တွေမှာ ဝတ်ဆင်လေ့ရှိကြပါတယ်။
ကိုယ်ခန္ဓာကို ခါးပတ်ဖြင့် ရစ်ပတ်ပြီး ဝတ်ဆင်ရသည့် Yukata သည် ယခင်က မဲနယ်ဆိုးသော ဝါဂွမ်းဖြင့်သာ ပြုလုပ်ခဲ့သော်လည်း ယခုခေတ်မှာ အရောင်နှင့် ဒီဇိုင်းအမျိုးမျိုးကို ရရှိနိုင်ပါတယ်။


Ref;Japan-guide.com,wikipedia

65 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.