ယောက်ျားလေးများကို စာနာပါ
အဖြေကို ကွက်တိဖြေနိုင်မှ အောင်မှာမို့သေချာပြင်ဆင်ရတာပါ။
၂။ အရိပ်အကဲ ကြည့်ရပါတယ်
ကိုယ်ပြောတဲ့အချိန်နဲ့ သူစိတ်ပျော်နေတဲ့အချိန်တစ်ထပ်တည်းကျမှ ရလဒ်ကောင်းမှာမို့ လူကဲခတ်မှုကလည်း အဖြေရနိုင်ခြေရဲ့ ရမှတ် 15 % လောက်ရှိလို့ လူကဲခတ်လည်းတတ်အောင်ကျင့်ရပါတယ်။
ယောက်ျားလေးတွေကလည်း စကားတစ်ခွန်းမှားရင် လမ်းမှားတစ်ခု ရွေးမိတာပါပဲ။
ဖြစ်နိုင်ခြေတွေ တွက်ကြည့်ပါမယ်…
စဉ်းစားဦးမယ် 20 %
မချစ်နိုင်ဘူး 20 %
ပါးရိုက်ခံရနူန်း 10 %
တခြားအဖြစ်အပျက် 30 %
-game
– ဆေးလိပ်
-ဘီယာ
-ကွမ်း
-အင်တာနက်
၉။ သူ့အကြိုက် သူ့အကြိုက် ညှိရပါပြီ
ချစ်သူကို အဆုံးရှုံးမခံနိုင်သူများပိုဆိုးပါတယ်။
[ Unicode ]
မိန်းကလေးတယောက်နဲ့ ချစ်သူဖြစ်နိုင်ရေးအတွက် ယောင်္ကျားလေးတွေ ဘယ်လို ပြင်ဆင်ကြိုးစားခဲ့ရပုံကို စာနာတတ်စေဖို့ အောက်ပါအချက်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။
၁။ သေချာပြင်ဆင်လေ့ကျင့်ရပါတယ်
တကယ်ချစ်တဲ့သူကို ချစ်ခွင့်ပန်တယ်ဆိုတာ ဆယ်တန်းစာမေးပွဲဖြေသလိုပါပဲ။
ကိုယ်ဘယ်လောက် စာရရ မေးခွန်းကိုနားလည်မှ… ပြီးတော့
အဖြေကို ကွက်တိဖြေနိူင်မှ အောင်မှာမို့သေချာပြင်ဆင်ရတာပါ။
၂။ အရိပ်အကဲ ကြည့်ရပါတယ်
ကိုယ်ပြောတဲ့အချိန်နဲ့ သူစိတ်ပျော်နေတဲ့အချိန်တစ်ထပ်တည်းကျမှ ရလဒ်ကောင်းမှာမို့ လူကဲခတ်မှုကလည်း အဖြေရနိူင်ခြေရဲ့ ရမှတ် 15 % လောက်ရှိလို့ လူကဲခတ်လည်းတတ်အောင်ကျင့်ရပါတယ်။
၃။ ကိုယ်တကယ်ချစ်လားလို့လည်း ဆန်းစစ်ရပါသေးတယ်
မိန်းကလေးတွေက ခေါင်းတချက်အညိတ်မှားရင် ဘဝနဲ့ရင်းရသလို
ယောကျ်ားလေးတွေကလည်း စကားတစ်ခွန်းမှားရင် လမ်းမှားတစ်ခု ရွေးမိတာပါပဲ။
၄။ ရည်းစားစကားပြောပြီဆိုတာနဲ့ ရင်းရပါပြီ
ဖြစ်နိူင်ခြေတွေ တွက်ကြည့်ပါမယ်…
စဉ်းစားဦးမယ် 20 %
မချစ်နိူင်ဘူး 20 %
သူငယ်ချင်းလိုပဲနေရအောင် 10 %
ပါးရိုက်ခံရနူန်း 10 %
နောက်နေ့ငါ့ကိုစကားလာမပြောနဲ့ 10 %
တခြားအဖြစ်အပျက် 30 %
၅။ အဖြေတောင်းတာနဲ့ အလိုလိုအားငယ်သွားပါပြီ
ချစ်သူ့ရှေ့မှာ မခုတ်တတ်တဲ့ကြောင်လေးလို လက်ထည့်ရင်တောင် မကိုက်တတ်တဲ့လူရိုးလေးလိုနေနေရပါပြီ။
၆ – ပြောသမျှ နားထောင်ရပါပြီ
ဟိုဟာမကြိုက်ဘူး…ဒီဟာမကြိုက်ဘူး။
ဟိုလူနဲ့ မပေါင်းနဲ့…ဒီလူနဲ့ မပေါင်းနဲ့။
ဒီစည်းကမ်းတွေ လိုက်နာရမယ်။ ဟိုလိုတွေ မလုပ်ရဘူး နဲ့…
၇။ အဖြေရပြီဆိုရင်လည်း ချော့ရပြန်ပါပြီ
ဟိုလိုကောက် ဒီလိုကောက်။ အပြစ်ရှိလည်းကောက် အပြစ်မရှိလည်းကောက်နဲ့။
တစ်နေ့တစ်နေ့ ချော့နည်းပေါင်းစုံကိုသိအောင် ကိုယ့်ရှေ့ စီနီယာတွေဆီက လေ့လာသင်ယူရပါပြီ။
၈။ စိတ်မချဖြစ်ရပြန်ပါပြီ
ဘယ်သူနဲ့ ဘယ်တွေသွား ဘာတွေလုပ် တွေးပူရပါပြီ။
ကိုယ့်သာ ရစ်တာ သူ့ကျတော့ မပြောဘူးဆိုတာချည်းပဲ။
၉။ ကိုယ်နှစ်သက်တာလေးတွေ ဖြတ်ရပါပြီ
-game
-ဆေးလိပ်
-ဘီယာ
-ကွမ်း
-အင်တာနက်
မဖြတ်ရင်တောင် လျှော့ရပါပြီ။
၉။ သ့ူအကြိုက် သူ့အကြိုက် ညှိရပါပြီ
သူကြိုက်တဲ့ မင်းသားကိုလည်း လိုက်နှစ်သက်ရပါပြီ။
သူကြိုက်တဲ့ မုန့်တီအစပ်မျိုးလည်းလိုက်သောက်ရပါပြီ။
၁၀။ ချစ်သူအခြေအနေလေး မပြတ်စဲသွားအောင်လုပ်ရပါ၏
ချစ်သူကို အဆုံးရှုံးမခံနိူင်သူများပိုဆိုးပါတယ်။
သူ့အလိုကို လိုက်ရတယ်။ ယောက်ျားလေးက အမှားလုပ်လို့မရ။
မတော်တဆ ကတောက်ကဆ ဖြစ်ခဲ့လျှင်တောင်မှားမှား/မှန်မှန် ယောင်္ကျားလေးကသာ ချော့ရပါတယ်။
Ref; rsgoals
2K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.