လက်ထပ်သတင်းနှင့် ကလေးမွေးဖွားတဲ့ သတင်းတို့အပြီးမှာတော့ Chen တစ်ယောက် ပထမဆုံးအနေနှင့် ပြန်လည်ထွက်ပေါ်။

ပြန်လည်တွေ့ဆုံရတာ ဝမ်းသာစရာပါ Chen ရေ
EXO အဖွဲ့ရဲ့ main vocalist တစ်ဦးဖြစ်တဲ့ Chen ကတော့ သူ့ရဲ့ လက်ထက်တော့မယ်ဆိုတဲ့သတင်းနှင့် ကလေးမွေးဖွားခဲ့ပြီဆိုတဲ့ သတင်းကို တရားဝင်ကြေငြာပြီးနောက်မှာ ပထမဆုံးအနေဖြင့် ပရိသတ်ရှေ့ကို ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
SM Entertainment ရဲ့ fancyafe အက်ပလီကေးရှင်းဖြစ်တဲ့ LYSN မှာ Chen ရဲ့ ပုံတွေကို တင်လာခဲ့ပါတယ်။ ဒီဓာတ်ပုံတွေထဲမှာ EXO ရဲ့အဖွဲ့ဝင်တွေနှင့်အတူ ကျန်းမာပျော်ရွှင်နေတဲ့ Chen ရဲ့ ပုံစံကို မြင်တွေ့ရမှာပါ။


ထိုဓာတ်ပုံတွေထဲမှာ စစ်မှုထမ်းသွားရမှာကြောင့် ညှပ်ထားတဲ့ Suho ရဲ့ ဆံပင်ပုံစံကိုကို စနောက်ပြီး ပျော်နေကြတဲ့ ပုံတစ်ချို့ပါဝင်ခဲ့ပါတယ်။

Chen သည် ဇန်နဝါရီ ၁၂ ရက်နေ့မှာ လက်ထပ်ထိမ်းမြားကြောင်း ကြော်ငြာခဲ့ပြီး ထိုနေ့မှာပဲ ဇနီးသည်မှာ ပထမဆုံးသမီးဦးလေးကို ကိုယ်ဝန်လွယ်ထားရပြီဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့ပါတယ်။ လက်ထပ်သတင်းကြေငြာပြီးနောက်ပိုင်းမှစပြီး Chen တစ်ယောက် ပရိသတ်နှင့် ခဏတာ ကင်းဝေးနေခဲ့ပါတယ်။ ရုတ်တရက် လက်ထပ်တော့မယ့် သတင်းကြောင့် EXO-L တစ်ချို့ကတော့ အဖွဲ့ကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြသော်လည်း SM Entertainment က EXO ရဲ့ အဖွဲ့ဝင်အရေအတွက်မှာ ပြောင်းလဲမည်မဟုတ်ကြောင်း၊ ထုတ်ပယ်ပေးမည်မဟုတ်ကြောင်းပြောကြားခဲ့ပါတယ်။

Ref;Ron Kim,KOREABOO

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.