ကျောင်းအတူတတ်ခဲ့ကြတဲ့ K-pop idols များ

ဒီလိုမျိုး K-pop idols တွေအချင်းချင်း တစ်ယောက်ကိုတစ်ယောက် အကြာကြီးသိခဲ့ကြတာကို စဉ်းစားကြည့်ရတာတော့ အတော်လေး ပျော်စရာပါ။ကျောင်းအတူတတ်ခဲ့ကြတဲ့ K-pop Idols တွေက ဘယ်သူတွေများဖြစ်မလဲ။

၁) BLACKPINK’s Lisa နှင့် GOT7’s Bambam
မယုံနိုင်လောက်အောင် နာမည်ကြီး အဖွဲ့ဝင်တွေဖြစ်ကြတဲ့ BLACKPINK ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Lisa နှင့် GOT7 အဖွဲ့ဝင် Bambam တို့က သူတို့ ပွဲဦးမထွက်ကတည်းက ငယ်ငယ်ကတည်းက ရင်းနှီးတဲ့ သူငယ်ချင်းတွေလို့ သိရပါတယ်။

၂) TWICE’s Nayeon ၊Jongyeon နှင့် BTS’s RM
ထိန်းတန်းမိန်းကလေးအဖွဲ့မှ အဖွဲ့ဝင်နှစ်ဦးနှင့် နာမည်ကျော်ယောကျာ်းလေးအဖွဲ့ရဲ့ အဖွဲ့ဝင်တို့က ရင်းနှီးဆုံး သူငယ်ချင်းတွေဖြစ်တယ်ဆိုတာ မယုံနိုင်စရာပါ။ ဒီတစ်ခါမှာတော့ TWICE’s ရဲ့ အဖွဲ့ဝင်တွေဖြစ်တဲ့ Nayeon၊ Jongyeon နဲ့ BTS အဖွဲ့ရဲ့ Rap Monster လို့လူသိများတဲ့ Kim Nam-joon တို့က ငယ်စဉ်ကကျောင်းအတူတူတတ်ခဲ့တဲ့ သူငယ်ချင်းတွေဖြစ်ကြပါတယ်။

သူတို့သုံးဦးလုံးက Gangnam မှာရှိတဲ့ Apgujeong အထက်တန်းကျောင်းမှာအတူတတ်ရောက်ခဲ့ကြပြီး၊ မွေးဖွားတဲ့ နှစ်တွေကလဲ အစဉ်တိုင်းတွေဖြစ်နေပါတယ်။ RM ကို ၁၉၉၄ တွင်မွေးဖွားခဲ့ပြီး၊ Nayeon ကို ၁၉၉၅၊ Jeongyeon ကို ၁၉၉၆ ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။
ဒီလိုမျိုး ကမ္ဘာကျော်နာမည်ကြီးအဖွဲ့တွေရဲ့ အဖွဲ့ဝင်တချို့က ငယ်ငယ်ကတည်းက ကျောင်းအတူတတ်ခဲ့ကြပြီး အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်နေကြတာကတော့ အံ့သြစရာပါ။


Ref;Bella Kay,KOREABOO

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.