သင့္ကို အကဲျဖတ္ၾကမယ့္ အခ်က္မ်ား

လူတစ္ေယာက္ ဘယ္လိုလူမ်ိဳးလဲဆိုတာက သူ႔ရဲ႕ပင္ကိုစိတ္ရင္း၊ ယုံၾကည္မႈနဲ႔ ဗီဇလကၡဏာေတြက အေရးႀကီးပါတယ္။ ဒါေပမယ့္ ဒါေတြကို မၾကည့္ခင္မွာ သင့္ရဲ႕အေပၚယံေတြကိုၾကည့္ၿပီး သင္ဟာ ဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုၿပီး လူေတြက အလြယ္သတ္မွတ္လိုက္ၾကပါတယ္။ လူေတြၾကားမွာ ေနမယ္ဆိုရင္ေတာ့ ဒီအခ်က္ေတြကို လ်စ္လ်ဴရႈလိုက္လို႔မရပါဘူး။

.(၁) သင့္ရဲ႕ အဝတ္အစားေတြ
“ေတာင္းမွာ အကြပ္၊ လူမွာ အဝတ္” ဆိုတဲ့စကားအတိုင္း ဝတ္စားဆင္ယင္မႈေပၚမူတည္ၿပီး သင့္ကိုလူေတြက အကဲျဖတ္ပါလိမ့္မယ္။ တစ္ခ်ိဳ႕ေတြက သင့္ရဲ႕ အဝတ္အစားတံဆိပ္ကိုၾကည့္ၿပီး အကဲျဖတ္မယ္။ တစ္ခ်ိဳ႕ေတြက သင့္ရဲ႕ ဝတ္စားဆင္ယင္မႈ ပုံစံကိုၾကည့္ၿပီး အကဲျဖတ္မယ္။ ေသခ်ာတာေတာ့။ သင္ဘယ္သူလဲဆိုတာကို သင့္ရဲ႕ စ႐ိုက္လကၡကိုၾကည့္ၿပီး မဆုံးျဖတ္ခင္ သင့္ရဲ႕အဝတ္အစားနဲ႔ အသုံးအေဆာင္ကိုၾကည့္ၿပီး ဆုံးျဖတ္ပါလိမ့္မယ္။
.
(၂) သင့္ရဲ႕စကားေျပာဆိုပုံ
သင္ဟာ စကားတစ္ခြန္းကို ဘယ္လိုေျပာတတ္တယ္ဆိုတာနဲ႔ သင့္ရဲ႕စကားတစ္ခြန္းအေပၚ တာဝန္ယူႏိုင္စြမ္းေပၚမူတည္ၿပီး သင့္ကိုလူေတြက ေလးစားမႈေတြ၊ ေဝဖန္မႈေတြ ျပဳလုပ္ၾကပါလိမ့္မယ္။ ဘာမွေရးႀကီးခြင္က်ယ္မဟုတ္ေပမယ့္ စကားတစ္ခြန္းဟာ သင့္ရဲ႕တန္ဖိုးသဖြယ္ ျဖစ္သြားပါတယ္။
.
(၃) ပိုက္ဆံသုံးပုံ
သင္ဟာ ပိုက္ဆံကို ဘယ္လိုေနရာေတြမွာ သုံးတယ္ဆိုတာနဲ႔တင္ သင္ဟာဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုတာနဲ႔ ဘယ္အရာေတြကို ခုံမင္ႏွစ္သက္တယ္ဆိုတာကို အလြယ္တကူပဲသိႏိုင္ပါတယ္။ ပိုက္ဆံဘယ္ေလာက္သုံးတယ္ဆိုတာကိုေတာ့ တစ္ခ်ိဳ႕လူေတြက ေစာင့္ၾကည့္ၿပီး မွတ္ခ်က္ေပးတတ္ပါတယ္။
.
(၄) ကိုယ္ေနဟန္ထား
သြားပုံလာပုံ၊ ေျပာပုံဆိုပုံနဲ႔ အမူအယာေတြေပၚမူတည္ၿပီးလည္း လူေတြက သင့္ကို ဘယ္လိုလူမ်ိဳးလဲဆိုတာကို သတ္မွတ္တတ္ပါတယ္။ ဥပမာ – လမ္းေလွ်ာက္တာျမန္ရင္ စိတ္ျမန္တဲ့သူတို႔၊ စကားေျပာေႏွးရင္ စဥ္းစားတတ္တဲ့သူတို႔။
.
(၅) အသက္ေမြးဝမ္းေၾကာင္း
ဒါကေတာ့ သိသာတဲ့အခ်က္ပါ။ သင့္ရဲ႕အလုပ္နဲ႔ ေငြရွာပုံက သင္ဘယ္လိုလူမ်ိဳးျဖစ္တယ္ဆိုတာ ေယဘုယ်အားျဖင့္ ထင္ဟပ္ေနေစပါတယ္။
.
(၆) အနီးနားက မိတ္ေဆြေတြ
သင့္အနီးအနားမွာ ဘယ္လိုလူမ်ိဳးေတြနဲ႔ ၿခံရံထားေလ့ရွိသလဲဆိုတာကို ၾကည့္ၿပီး သင္ဟာဘယ္လိုလူျဖစ္တယ္ဆိုၿပီး လြယ္လြယ္အကဲျဖတ္တတ္ပါတယ္။ ဒီအခ်က္က အျငင္းပြားစရာရွိေပမယ့္ လူေတြရဲ႕ပင္ကိုယ္စိတ္ကိုက ဒီလို မွတ္ခ်က္ေပးတတ္တာပါ။

[ Unicode ]

လူတစ်ယောက် ဘယ်လိုလူမျိုးလဲဆိုတာက သူ့ရဲ့ပင်ကိုစိတ်ရင်း၊ ယုံကြည်မှုနဲ့ ဗီဇလက္ခဏာတွေက အရေးကြီးပါတယ်။ ဒါပေမယ့် ဒါတွေကို မကြည့်ခင်မှာ သင့်ရဲ့အပေါ်ယံတွေကိုကြည့်ပြီး သင်ဟာ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုပြီး လူတွေက အလွယ်သတ်မှတ်လိုက်ကြပါတယ်။ လူတွေကြားမှာ နေမယ်ဆိုရင်တော့ ဒီအချက်တွေကို လျစ်လျူရှုလိုက်လို့မရပါဘူး။

.(၁) သင့်ရဲ့ အဝတ်အစားတွေ
“တောင်းမှာ အကွပ်၊ လူမှာ အဝတ်” ဆိုတဲ့စကားအတိုင်း ဝတ်စားဆင်ယင်မှုပေါ်မူတည်ပြီး သင့်ကိုလူတွေက အကဲဖြတ်ပါလိမ့်မယ်။ တစ်ချို့တွေက သင့်ရဲ့ အဝတ်အစားတံဆိပ်ကိုကြည့်ပြီး အကဲဖြတ်မယ်။ တစ်ချို့တွေက သင့်ရဲ့ ဝတ်စားဆင်ယင်မှု ပုံစံကိုကြည့်ပြီး အကဲဖြတ်မယ်။ သေချာတာတော့။ သင်ဘယ်သူလဲဆိုတာကို သင့်ရဲ့ စရိုက်လက္ခကိုကြည့်ပြီး မဆုံးဖြတ်ခင် သင့်ရဲ့အဝတ်အစားနဲ့ အသုံးအဆောင်ကိုကြည့်ပြီး ဆုံးဖြတ်ပါလိမ့်မယ်။
.
(၂) သင့်ရဲ့စကားပြောဆိုပုံ
သင်ဟာ စကားတစ်ခွန်းကို ဘယ်လိုပြောတတ်တယ်ဆိုတာနဲ့ သင့်ရဲ့စကားတစ်ခွန်းအပေါ် တာဝန်ယူနိုင်စွမ်းပေါ်မူတည်ပြီး သင့်ကိုလူတွေက လေးစားမှုတွေ၊ ဝေဖန်မှုတွေ ပြုလုပ်ကြပါလိမ့်မယ်။ ဘာမှရေးကြီးခွင်ကျယ်မဟုတ်ပေမယ့် စကားတစ်ခွန်းဟာ သင့်ရဲ့တန်ဖိုးသဖွယ် ဖြစ်သွားပါတယ်။
.
(၃) ပိုက်ဆံသုံးပုံ
သင်ဟာ ပိုက်ဆံကို ဘယ်လိုနေရာတွေမှာ သုံးတယ်ဆိုတာနဲ့တင် သင်ဟာဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာနဲ့ ဘယ်အရာတွေကို ခုံမင်နှစ်သက်တယ်ဆိုတာကို အလွယ်တကူပဲသိနိုင်ပါတယ်။ ပိုက်ဆံဘယ်လောက်သုံးတယ်ဆိုတာကိုတော့ တစ်ချို့လူတွေက စောင့်ကြည့်ပြီး မှတ်ချက်ပေးတတ်ပါတယ်။
.
(၄) ကိုယ်နေဟန်ထား
သွားပုံလာပုံ၊ ပြောပုံဆိုပုံနဲ့ အမူအယာတွေပေါ်မူတည်ပြီးလည်း လူတွေက သင့်ကို ဘယ်လိုလူမျိုးလဲဆိုတာကို သတ်မှတ်တတ်ပါတယ်။ ဥပမာ – လမ်းလျှောက်တာမြန်ရင် စိတ်မြန်တဲ့သူတို့၊ စကားပြောနှေးရင် စဉ်းစားတတ်တဲ့သူတို့။
.
(၅) အသက်မွေးဝမ်းကြောင်း
ဒါကတော့ သိသာတဲ့အချက်ပါ။ သင့်ရဲ့အလုပ်နဲ့ ငွေရှာပုံက သင်ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာ ယေဘုယျအားဖြင့် ထင်ဟပ်နေစေပါတယ်။
.
(၆) အနီးနားက မိတ်ဆွေတွေ
သင့်အနီးအနားမှာ ဘယ်လိုလူမျိုးတွေနဲ့ ခြံရံထားလေ့ရှိသလဲဆိုတာကို ကြည့်ပြီး သင်ဟာဘယ်လိုလူဖြစ်တယ်ဆိုပြီး လွယ်လွယ်အကဲဖြတ်တတ်ပါတယ်။ ဒီအချက်က အငြင်းပွားစရာရှိပေမယ့် လူတွေရဲ့ပင်ကိုယ်စိတ်ကိုက ဒီလို မှတ်ချက်ပေးတတ်တာပါ။

Ref; lifehacks

 

140 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.