ပါဝင်ပစ္စည်းများ
၂။ သာကူမှုန့် – ၈၀ ဂရမ်
၃။ အုန်းနို့ -၂၀၀ ml
၎။ ရေ – ၂၀၀ml
၅။ သကြား – ၂၀၀ဂရမ်
၆။ ဆီ -၅ကျပ်သား
၇။ ထောပတ် – ၅ကျပ်သား
၉။ အုန်းသီး -တစ်စိတ်
ပြင်ဆင်ပြုလုပ်နည်း
(၃) သာကူမှုန့် ကိုေ၇၅၀mlထည့်ပြီးနယ်ထားပါ။
[ Unicode ]
အိမ်မှာ အလွယ်တကူပဲ အရသာရှိရှိထိုးစားဖို့ ထိုးမုန့်အလွယ်ထိုးနည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ကောက်ညင်းမှုန့် – ၂၄၀ ဂရမ်
၂။ သာကူမှုန့် – ၈၀ ဂရမ်
၃။ အုန်းနို့ -၂၀၀ ml
၄။ ရေ – ၂၀၀ml
၅။ သကြား – ၂၀၀ဂရမ်
၆။ ဆီ -၅ကျပ်သား
၇။ ထောပတ် – ၅ကျပ်သား
၈။ မြေပဲဆန်/သီဟိုဠ်စေ့/ဖရုံယို -လက်တစ်ဆုပ်
၉။ အုန်းသီး -တစ်စိတ်
ပြင်ဆင်ပြုလုပ်နည်း
(၁) ဦးစွာရေ ၁၅၀ ml နှင့်အုန်းနို့ ၂၀၀ml ကိုရောပြီးအပူပေးပါ။ (ဆူပွက်ရန်မလို)
(၂) ကောက်ညင်းမှုန့်ကိုဇလုံတခုတွင်ထည့်ပြီးအပူပေးထားသော အုန်းနို့အရောဖြင့် နယ်ပေးပါ။မုန့်နှစ်ရပါကအဖုံးအုပ်ထားပါ။(ကောက်ညင်းဆန်ရေစိမ်ကြိတ်ပြီးမှလုပ်ရင်လည်း ရပါတယ်။)
(၃) သာကူမှုန့် ကိုရေ၅၀mlထည့်ပြီးနယ်ထားပါ။
(၄) အုန်းသီးကိုပါးပါးစိတ်ထားပါ။ကြော်ထည့်လိုပါကကြော်ထားနိုင်သည်။မြေပဲလှော်ထားပါ။
(၅) အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးထဲတွင် ဆီနှင့်ထောပတ်ကို အပူပေးပြီးပူလာပါကနယ်ထားသော ကောက်ညင်းမုန့်နှစ်ကိုထည့်ပြီး အဆက်မပျက ်မွှေပေးပါ။
(၆) ကောက်ညင်းအရောင်ပြောင်းပါကသကြားကိုဖြေးဖြေးဆီထည့်ထိုးပါ။
(၇) သကြားနှင့်မုန့်သားညက်လာပါကသာကူမှုန့်နယ်ထားသည်ကိုအနည်းငယ်ဆီထည့်ပြီးထိုးပေးပါ။
(၈) အားလုံးသမကာ ချောမွေ့လာပါက မြေပဲသို့နှစ်သက်ရာသစ်သီးစေ့နှင့် အုန်းသီး၊ဖရုံယိုတို့ကိုထည့်ကာ သမအောင်ထိုးမွေပေးပါ။ သမသွားပါက ဆီသုပ်ထားသောဗန်းတွင်ထည့်ပြီး အအေးခံကာ လိုသလိုကပ်ကြေးဖြင့်ညပ်ပါ။
ခုဆိုရင်တော့ အရသာရှိရှိ ထိုးမုန့်အိအိလေးကို သုံးဆောင်နိုင်ပါပြီနော်။
Ref; asianfood
1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.