လမ်းခွဲပြီးတဲ့ အကျိုးဆက်ကို ဘယ်လို ရင်ဆိုင်မလဲ။

အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်တာဖြစ်ဖြစ်၊ ကိုယ်က စဖြတ်တာပဲဖြစ်ဖြစ်၊အဖြတ်ခံရတာပဲဖြစ်ဖြစ်၊ စပြီး လမ်းခွဲလိုက်ပြီဆိုရင် ခက်ခဲတဲ့ အချိန်တစ်ခုကို ဖြတ်ကျော်ရမှာတော့ ပုံမှန်ပါ။ခက်ခဲတဲ့အချိန်တွေကို ဖြတ်သန်းရမယ်ဆိုပေမယ့် ဒီလိုအချိန်အတွင်းမှာလဲ ဒီလိုအပြုအမူလေးတွေကို မပြုလုပ်ဖို့လဲ လိုအပ်ပါတယ်။

၁) နောက်တစ်ခါဆိုတဲ့ အခွင့် အရေးပေးဖို့ မတောင်းဆိုပါနဲ့။
တစ်လျှောက်လုံးတွဲလာပြီးမှ ရုတ်တရက်ပြတ်သွားတဲ့အခါ လွမ်းသလိုလိုရှိနေပေမယ့် ပြတ်စဲခြင်းရဲ့ နောက်ဆက်တွဲတွေကိုလည်း ခံစားနေရအုံးမှာပါ။အတူတကွ လုပ်ဆောင်နေကျအလုပ်တွေ နေရာတွေ၊အစားအသောက်တွေကအစ တိုက်ဆိုင်တာလေးတွေရှိနေတိုင်း လွမ်းနေမိမှာပါ။
လွမ်းမိနေတယ်ဆိုပေမယ့် ပြန်ဆက်ဖို့ အခွင့်အရေး ဘယ်တော့မှ မတောင်းမိစေပါနှင့်။


၂) ဖုန်းမဆက်မိပါစေနဲ့။
ပြတ်စကတော့ လွမ်းနေမှာဆိုပေမယ့် အချိန်ကြာသွားရင်မေ့သွားနိုင်မှာပါ။ ဒါကြောင့် လွမ်းတယ်ဆိုတိုင်းဖုန်းဆက်ဖို့ မကြိုးစားပါနဲ့။ ဖုန်းဆက်မယ်လို့ တွေးလိုက်မိတိုင်း တခြားတစ်ခုကို အာရုံလွှဲပြီး တစိုက်မတ်မတ်လုပ်ဆောင်လိုက်မယ်ဆိုရင် ဖုန်းဆက်ချင်နေတဲ့စိတ်ကို အနိုင်ယူနိုင်မှာပါ။


၃) အမြင်တွေကို ပြောင်းလဲပါ။
သူမရှိရင်မဖြစ်ပါဘူးဆိုတဲ့ သမီးရည်းစားဖြစ်စတုန်းကပြောခဲ့တဲ့စကားတွေက အခုလိုမျိုးပြတ်စဲသွားပြီဆိုရင် လားလားမှ မသက်ဆိုင်တော့ပါဘူး။ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိအောင် လုပ်ဆောင်ပြီး လမ်းခွဲလိုက်လို့ အရှုံးသမားတစ်ယောက်လို ပြုမူနေတာမျိုးကို ရပ်တန့်လိုက်ပါ။


၎) နာကျင်မှုကို လက်ခံပါ။
လမ်းခွဲပြီးချိန်နောက်ပိုင်းမှာ လူတော်တော်များများက မိမိရဲ့ နာကျင်မှုနဲ့ ဒဏ်ရာကို ဖုံးကွယ်ထားဖို့လုပ်ဆောင်ကြပါတယ်။ အခုလိုမျိုး ရှောင်လွှဲဖုံးကွယ်နေမယ်ဆိုရင် အဲဒီ့ဒဏ်ရာကနေ ဘယ်တော့မှ နာလန်ပြန်ထူတော့မှာ မဟုတ်ပါဘူး။လွတ်မြောက်ရာလမ်းကို ရောက်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ဒဏ်ကို လက်ခံပြီး ဖြတ်သန်းသွားရမှာပါ။

170 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.