ရုံးပတီသီး စားသုံးခြင်း၏ကျန်းမာရေးအကျိုးကျေးဇူးများ

ရုံးပတီသီးကို အများအားဖြင့်တော့ တို့စရာတစ်ခုအဖြစ်နှင့် စားသုံးကြသလို ၊အချဉ်ဟင်းထဲထည့်တာဖြစ်ဖြစ်၊ ကြော်စားတာမျိုးတွေလဲ ရှိကြပါတယ်။

၁) ဆီးချိုထိန်းပေးပါတယ်။
ရုံးပတီသီးမှာ အစားခြေလမ်းကြောင်းမှ သကြားစုပ်ယူမှုနှုန်းကို ထိန်းညှိပေးခြင်းအားဖြင့် သွေးချိုနှုန်းကို တည်ငြိမ်စေတဲ့ အမျှင်တွေကြွယ်ဝပါတယ်။

၂) နှလုံးရောဂါကို ကာကွယ်ပေးပါတယ်။
သွေးထဲမှာ ကိုလက်စထရောနှုန်းများတဲ့အတွက် နှလုံးရောဂါဖြစ်လာရပါတယ်။ ရုံးပတီသီးထဲမှာပါဝင်တဲ့ Pectin လို့ခေါ်တဲ့ ပျော်ဝင်လွယ်တဲ့ အမျှင်ဓာတ်က ကိုလက်စထရောနှုန်းကို ကျဆင်းစေပြီး နှလုံးရောဂါမှ ကာကွယ်ပေးပါတယ်။

၃) ကိုယ်အလေးချိန်ကိုလျော့ကျစေပါတယ်။
ကိုယ်အလေးချိန်လျှော့ဖို့ ကြိုးစားနေတဲ့ သူတွေအတွက် ရုံးပတီသီးက အသုံးဝင်ပါတယ်။ ရုံးပတီသီးမှာ ကယ်လိုရီပါဝင်နှုန်းက အတော်နည်းတဲ့အတွက်ကြောင့် အသုံးဝင်ပါတယ်။

၎) ကိုယ်ခံအားကို တိုးမြှင့်ပေးပါတယ်။
တစ်နေ့ ရုံးပတီသီး ၁၀၀ ဂရမ်စားပေးခြင်းဖြင့် လူတစ်ယောက်ရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့ ဗီတာမင် စီ ကို ရရှိမှာဖြစ်ပါတယ်။ ဗီတာမင် စီ က ခန္ဓာကိုယ်ခုခံစွမ်းအားအတွက် အရေးပါတဲ့ အာဟာရဓာတ်ဖြစ်ပြီး ရောဂါနဲ့ ကူးစက်ရောဂါတွေမှလည်း ကာကွယ်ပေးပါတယ်။

၅) ဦးနှောက်၏ လုပ်ဆောင်ချက်ကို မြှင့်တင်ပေးပါတယ်။
ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ပုံမှန်ဖြစ်စေရန် လိုအပ်တဲ့ ဒြပ်ပေါင်းများစွာ ထုတ်လုပ်ပေးရာမှာ ကူညီနိုင်တဲ့ foate နှင့် ဗီတာမင် B9 အာဟာရဓာတ်နှစ်မျိုး ရုံးပတီသီးထဲမှာ ပါဝင်ပါတယ်။

၆) ကင်ဆာရောဂါဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်။
ရုံးပတီသီးက တခြားသော ဟင်းသီးဟင်းရွက်တွေထက် ရောဂါခုခံနိုင်တဲ့ အာဟာရဓာတ်ပိုပါဝင်ပါတယ်။ အဲ့ဒီဓာတ်ကပဲ ကင်ဆာဆဲလ် ဖွံ့ဖြိုးမှုကို တားမြစ်ပေးပါတယ်။


Ref;HEALTHGROUP

245 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.