ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့အတွက်ဘာတွေလိုအပ်လဲ။

ခေါင်းဆောင်မှု(Leadership) ဆိုတာ ယနေ့ခေတ်မှာ အရမ်းရေပန်းစားပြီး လူတိုင်း နေ့စဉ်နီးပါး ကြားနေရတဲ့ ခေါင်းစဉ်တစ်ခုပါ။
‘ ခေါင်းဆိုတာ ခေါင်းမရှောင်ရဘူး’
‘ခေါင်းဆောင်ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရတယ်’
‘ခေါင်းဆောင်ဆိုတာ အရည်အချင်း ရှိရမယ်’

‘ခေါင်းဆောင်ဆိုတာ ပေါင်းသင်းဆက်ဆံရေး ကောင်းရတယ်’ စသည်ဖြင့် ပေါင်းသင်းဆက်ဆံရေး ကောင်းရတယ်’ စသည်ဖြင့် ခေါင်းဆောင်တစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတွေ ရှိရမယ်ဆိုတာ အားလုံးသိကြမှာပါ။

အထက်လူကြီးဆိုတဲ့ နေရာတစ်ခု ရောက်ပြီဆိုတာနဲ့ အလိုလို ခေါင်းဆောင် ဖြစ်ပြီလို့ ယူဆတတ်ကြပါတယ်။ တကယ်ကတော့ ခေါင်းဆောင်မှုဆိုတာ နေရာတစ်ခုနဲ့ မသက်ဆိုင်ပါဘူး။ နေရာဆိုတာက မတည်မြဲတတ်ပေမယ့် ခေါင်းဆောင်မှု အရည်အချင်းကတော့ အမြဲတမ်း တည်မြဲနေတတ်တဲ့ ကိုယ်ရည်ကိုယ်တွေးဆိုင်ရာ အတတ်ပညာတစ်ခုပါ။
ဒါဆိုရင် ခေါင်းဆောင်လို့ ဘာကြောင့် ခေါ်ကြတာလဲ။ဘယ်သူတွေက သတ်မှတ်ကြသလဲ။ ရိုးရိုးလေးတွေ့ကြည့်ရင်ရပါတယ်။ လူအချင်းချင်းကပဲ ဒီလူကတော့ ခေါင်းဆောင်ဖြစ်ပါတယ်။

ဒီလူကတော့ နောက်လိုက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။ ဒါဆိုရင် လူအချင်းချင်းကပဲ သတ်မှတ်ထားခြင်းကို ခံရတဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ပထမဦးဆုံး အနေနဲ့ ရှိသင့်တဲ့ အရည်အချင်းတစ်ခုက ‘ လူတွေကို ရှေ့တန်းတင်ခြင်း’ ဆိုတာပါပဲ။

ခေါင်းဆောင်တစ်ယောက်ဖြစ်လာပြီဆိုရင် ကိုယ့ကိုယ်ကိုယ်ထက် အများကို (နောက်လိုက်တွေကို) ရှေ့တန်းတင်တတ်ဖို့ အရေးကြီးပါတယ်။ဒီလိုဆိုရင် လူတိုင်းကို အသေးစိတ်ကအစလိုက်ဂရုစိုက်နေရမှာလား ဆိုတဲ့ မေးခွန်းတစ်ခု ပေါ်လာပါတယ်။
ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ဆိုရင် လူတိုင်းကို အစစအရာရာ အသေးစိတ်ကအစ ဂရုစိုက်နေရမယ်လို့ မဆိုလိုပါဘူး။

ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ နောက်လိုက်တွေက ကိုယ့်ထက် ပိုတော်သွားမှာ၊ ပိုတတ်သွားမှာကို စိုးရိမ်နေတတ်တဲ့ ကိုယ့်ရဲ့ အတ္တတွေကို ခဝါချပြီး ကိုယ့်နောက်လိုက်တွေ အောင်မြင်ဖို့ကို အာရုံစိုက်ပေးဖို့ လိုအပ်ပါတယ်။

လူတိုင်းက နေရာတိုင်းမှာ ကောင်းမွန်မနေတတ်ပါဘူး။ လူတိုင်းမှာ အားသာချက်တွေရှိပါတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်အနေနဲ့ ကိုယ့်နောက်လိုက်တွေရဲက အားသာချက်တွေကို သိအောင် လေ့လာစူးစမ်းမှုတွေ ပြုလုပ်ရမှာပါ။

သူတို့ရဲ့ အားသာချက်တွေကို ကောင်းမွန်စွာ အသုံးချနိုင်တဲ့ အခွင့်အလမ်းတွေ ဖန်တီးပေးပါ။ သူတို့ရဲ့ အားနည်းချက်တွေကိုလည်း သိမြင်လာအောင် အပြုသဘောဆောင်တဲ့ လမ်းညွှန်မှုတွေ ပြုလုပ်ပေးပြီး အားနည်းချက်တွေကနေ အားသာချက်တွေ ဖြစ်လာအောင် ပြောင်းလဲနိုင်တဲ့ အခြေအနေ၊ အခွင့်အလမ်းတွေ ဖန်တီးပေးဖို့ လိုအပ်ပါတယ်။

ဖန်တီးပေးထားတဲ့ အခြေအနေ၊ အခွင့်အလမ်းတွေကို နောက်လိုက်များ ကိုယ်တိုင် အောင်မြင်စွာ လုပ်ဆောင်နိုင်သည်ဟူသော ယုံကြည်ချက်တစ်ခု ခေါင်းဆောင် တစ်ယောက်အနေနဲ့ ရှိနေသင့်သလို ထိုကဲ့သို့ ယုံကြည်ကြောင်းကိုလည်း နောက်လိုက်များ သိမြင်စေရန် ဖော်ထုတ်ပြသဖို့ လိုအပ်ပါတယ်။

ထိုကဲ့သို့ ပြုလုပ်ပေးခြင်းအားဖြင့် ကိုယ့်နောက်လိုက်တွေရဲ့ အရည်အချင်းတွေကလည်း တိုးတတ်လာမှာ ဖြစ်သလို နောက်လိုက်ကောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုအနေနဲ့လည်း အောင်မြင်မှု ရရှိမှာ သေချာပါတယ်။

124 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.