ခ်စ္သူခ်င္း စိတ္ေကာက္ၾကၿပီဆိုရင္…

စိတ္ဆိုး စိတ္ေကာက္တယ္ဆိုတာ ခ်စ္သူတိုင္းရဲ႕ ဉာဏ္စမ္းပုစာၦေတြပါပဲ။ သင့္ခ်စ္သူနဲ႔ အခု စိတ္ေကာက္ေနတာလား။ ဖုန္းမဆက္၊ စကားမေျပာဘဲ စိတ္ေကာက္ေနတာ ဘယ္ေလာက္ၾကာၿပီလဲ။ ဒီမွာ ခ်စ္သူခ်င္း စိတ္ေကာက္ၾကၿပီဆိုရင္ ထည့္စဥ္းစားသင့္တဲ့ အခ်က္ေလးေတြကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ ဆန္းစစ္ၾကည့္လိုက္ပါဦး။

( ၁ ) အ႐ြဲ႕မတိုက္ပါနဲ႔
ဒါဟာ ျပႆနာေျဖရွင္းဖို႔ အေကာင္းဆုံးနည္းလမ္းမဟုတ္ပါဘူး။
မီးေလာင္ရာ ဓာတ္ဆီ္နဲ႔ ေရ မွားေလာင္းမိသလိုပဲ။

( ၂ ) ျပႆနာအစကို ျပန္စဥ္းစားပါ
ဘယ္သူ႔ေၾကာင့္ ဘာေၾကာင့္လဲ ေသခ်ာျပန္ေတြးပါ။
လူအမွားကိုေဖ်ာက္ၿပီး ဘယ္စကားက မွားသြားခဲ့သလဲေတြးပါ။
အေကာင္းဆုံး နည္းလမ္းကိုေသခ်ာစဥ္စားပါ

( ၃ ) ကိုယ္က သူ႔ကိုဘယ္ေလာက္ခ်စ္သလဲျပန္ေတြးပါ
ကိုယ္ျမတ္ႏိူးလို႔ ေ႐ြးခ်ယ္ထားရတဲ့ခ်စ္သူပါ။ ဘာမွဟုတ္တဲ့ ကိစၥနဲ႔ စြန႔္လႊတ္ဖို႔မ ေတြးပါနဲ႔။
သူဘာျဖစ္ျဖစ္ခ်စ္ေနမွ အခ်စ္ပါ။

( ၄ ) သူခ်စ္ခဲ့တာေတြ ျပန္ေတြးပါ
အျပစ္ေတြကို အခ်စ္ေတြနဲ႔ေျဖရတယ္တဲ့။ ခ်စ္လြန္းလို႔ ျပႆနာျဖစ္တာပါ။
စိတ္ဆိုးစိတ္ေကာက္ ရစ္တာ အျပစ္မဟုတ္ပါဘူး။

( ၅ ) မာနကို စြန႔္ပါ
ကိုယ့္ပုံစံခြက္ထဲေနရမယ္ဆိုတဲ့ မာနကိုစြန႔္ပါ။ ခ်စ္သူဆိုတာ ဖေယာင္းတုံးမွမဟုတ္တာ
လိုသလို ပုံသြင္းဖို႔ မျဖစ္ႏိုင္ပါဘူး။

( ၆ ) လိုက္ဖက္ေအာင္ေနပါ
ခ်စ္သူက စကက္ဝတ္မယ္ဆို ကိုယ္က ေဘာင္းဘီဝတ္တာေပါ့။
ခ်စ္သူက ထဘီဝတ္မယ္ဆို ကိုယ္က ပုဆိုးေလးဝတ္မွာေပါ့။
ဒါက အဆင္ေျပဆုံးနည္းလမ္းပါပဲ။

( ၇ ) မစမ္းသပ္ပါနဲ႔
ခ်စ္လြန္းခဲ့ရင္ ကိုယ့္ကို သူဘယ္ေလာက္ခ်စ္သလဲသိခ်င္လာတာ ခ်စ္သူတိုင္းရဲ႕ ျဖစ္တက္တဲ့ သဘာဝပါပဲ။ ဒီေတာ့ အခ်စ္စမ္းၾကပါတယ္။ ဒါဟာ မၾကာခဏလုပ္သင့္တဲ့ ကိစၥေတာ့မဟုတ္ပါဘူး။

အခ်စ္ဟာ သစ္ပင္ေလးတစ္ပင္ ဆိုပါစို႔…
သူဘယ္ေလာက္ခ်စ္သလဲ သိခ်င္ရင္ သူ႔ထံကအခ်စ္ အဖူးအပြင့္ကိုၾကည့္ပါ။
အျမစ္ကို တူးၾကည့္ၿပီးမွ ယုံမယ္ဆိုရင္ေတာ့ သစ္ပင္ေလးပါ ေသသြားႏိုင္ပါတယ္။

[ Unicode ]

စိတ်ဆိုး စိတ်ကောက်တယ်ဆိုတာ ချစ်သူတိုင်းရဲ့ ဉာဏ်စမ်းပုစ္ဆာတွေပါပဲ။ သင့်ချစ်သူနဲ့ အခု စိတ်ကောက်နေတာလား။ ဖုန်းမဆက်၊ စကားမပြောဘဲ စိတ်ကောက်နေတာ ဘယ်လောက်ကြာပြီလဲ။ ဒီမှာ ချစ်သူချင်း စိတ်ကောက်ကြပြီဆိုရင် ထည့်စဉ်းစားသင့်တဲ့ အချက်လေးတွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။

( ၁ ) အရွဲ့မတိုက်ပါနဲ့
ဒါဟာ ပြဿနာဖြေရှင်းဖို့ အကောင်းဆုံးနည်းလမ်းမဟုတ်ပါဘူး။
မီးလောင်ရာ ဓာတ်ဆီ်နဲ့ ရေ မှားလောင်းမိသလိုပဲ။

( ၂ ) ပြဿနာအစကို ပြန်စဉ်းစားပါ
ဘယ်သူ့ကြောင့် ဘာကြောင့်လဲ သေချာပြန်တွေးပါ။
လူအမှားကိုဖျောက်ပြီး ဘယ်စကားက မှားသွားခဲ့သလဲတွေးပါ။
အကောင်းဆုံး နည်းလမ်းကိုသေချာစဉ်စားပါ

( ၃ ) ကိုယ်က သူ့ကိုဘယ်လောက်ချစ်သလဲပြန်တွေးပါ
ကိုယ်မြတ်နိူးလို့ ရွေးချယ်ထားရတဲ့ချစ်သူပါ။ ဘာမှဟုတ်တဲ့ ကိစ္စနဲ့ စွန့်လွှတ်ဖို့မ တွေးပါနဲ့။
သူဘာဖြစ်ဖြစ်ချစ်နေမှ အချစ်ပါ။

( ၄ ) သူချစ်ခဲ့တာတွေ ပြန်တွေးပါ
အပြစ်တွေကို အချစ်တွေနဲ့ဖြေရတယ်တဲ့။ ချစ်လွန်းလို့ ပြဿနာဖြစ်တာပါ။
စိတ်ဆိုးစိတ်ကောက် ရစ်တာ အပြစ်မဟုတ်ပါဘူး။

( ၅ ) မာနကို စွန့်ပါ
ကိုယ့်ပုံစံခွက်ထဲနေရမယ်ဆိုတဲ့ မာနကိုစွန့်ပါ။ ချစ်သူဆိုတာ ဖယောင်းတုံးမှမဟုတ်တာ
လိုသလို ပုံသွင်းဖို့ မဖြစ်နိုင်ပါဘူး။

( ၆ ) လိုက်ဖက်အောင်နေပါ
ချစ်သူက စကက်ဝတ်မယ်ဆို ကိုယ်က ဘောင်းဘီဝတ်တာပေါ့။
ချစ်သူက ထဘီဝတ်မယ်ဆို ကိုယ်က ပုဆိုးလေးဝတ်မှာပေါ့။
ဒါက အဆင်ပြေဆုံးနည်းလမ်းပါပဲ။

( ၇ ) မစမ်းသပ်ပါနဲ့
ချစ်လွန်းခဲ့ရင် ကိုယ့်ကို သူဘယ်လောက်ချစ်သလဲသိချင်လာတာ ချစ်သူတိုင်းရဲ့ ဖြစ်တက်တဲ့ သဘာဝပါပဲ။ ဒီတော့ အချစ်စမ်းကြပါတယ်။ ဒါဟာ မကြာခဏလုပ်သင့်တဲ့ ကိစ္စတော့မဟုတ်ပါဘူး။

အချစ်ဟာ သစ်ပင်လေးတစ်ပင် ဆိုပါစို့…
သူဘယ်လောက်ချစ်သလဲ သိချင်ရင် သူ့ထံကအချစ် အဖူးအပွင့်ကိုကြည့်ပါ။
အမြစ်ကို တူးကြည့်ပြီးမှ ယုံမယ်ဆိုရင်တော့ သစ်ပင်လေးပါ သေသွားနိုင်ပါတယ်။

Ref; rsgoals

 

7K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.