ဝက္ေခါက္ပြေၾကာ္ ႂကြပ္ႂကြပ္ေမႊးေမႊး ျပဳလုပ္နည္း

တဂြၽတ္ဂြၽတ္နဲ႔ ဝါးလို႔ေကာင္းတဲ့ ဝက္ေခါက္ေၾကာ္ႂကြပ္ႂကြပ္ေလးကို အိမ္မွာအဝဆြဲဖို႔ ဝက္ေခါက္ပြေၾကာ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်လိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ဝက္ေခါက္ – 1 kg
၂။ ဆား – လက္ဖက္ရည္ဇြန္း တစ္ဇြန္း
၃။ အခ်ိဳမႈန႔္ – လက္ဖက္ရည္ဇြန္း တစ္ဇြန္း
၄။ သစ္ဂ်ပိုးေခါက္ – တစ္လက္မခန႔္
၅။ နာနတ္ပြင့္ – ၃ ပြင့္
၆။ ကရေဝး႐ြက္ – ၅႐ြက္
၇။ ဖာလာေစ့ – ၃ေစ့
၈။ ဆီ – ဝက္ေခါက္ျမဳပ္လုနီးပါးထည့္ရန္

ျပင္ဆင္ပုံ
— ေဇာက္နက္ေသာ အိုးတစ္လုံးထဲမွာ ဝက္ေခါက္ျမဳပ္ႏိုင္႐ုံ ေရတစ္ဝက္ သာသာထည့္ၿပီး ပြက္ပြက္ဆူေအာင္ တည္ေပးပါ။
– ေရပြက္ပြက္ ဆူတာနဲ႔ ဝက္ေခါက္ ကရေဝး႐ြက္ ဖာလာေစ့ ဆား နာနတ္ပြင့္ႏွင့္ သစ္ဂ်ပိုးေခါက္ကို ထည့္ေပးပါ။
– အိုးအဖုံးကို အျပည့္မအုပ္ဘဲ မိနစ္၃၀ခန႔္ ျပဳတ္ေပးပါ။
– ဝက္ေခါက္ျပဳတ္ထားစဥ္ ထြက္လာေသာ အျမဳွပ္မ်ားကို ခပ္ၿပီးသြန္ေပးပါ။
– အေခါက္ေပ်ာ့လာပါက ေရထဲမွဆယ္ၿပီး အေခါက္ကို ေနရာအႏွံ႔ ခက္ရင္းျဖင့္ လိုက္ထိုးေပးပါ။
– ဝက္ေခါက္မွ ထြက္လာေသာ အရည္မ်ားကို စစ္ေပးၿပီး ေျခာက္သြားေအာင္ ၃ နာရီခန႔္ ေလသလပ္ ခံေပးထားပါ။
– ေလသလပ္ ခံထားေသာ ဝက္ေခါက္မ်ား ေရစစ္သြားပါက မိမိႏွစ္သက္သလို အတုံးေလးေတြ လွီးေပးကာ အခ်ိဳမႈန႔္ ဆားတို႔ႏွင့္ သင့္ေတာ္သလို နယ္ေပးပါ။
– အရည္မ်ား ထပ္မံထြက္လာႏိုင္ေသးတဲ့အတြက္ အရည္စစ္ႏိူင္မည့္ ဇကာေပၚမွာ တင္ေပးထားပါ။
– အားလုံး အဆင္သင့္ ျဖစ္ပါက ေဇာက္နက္ၿပီး အိုးအသားထူေသာ အိုးတစ္လုံးကို အပူေပးပါ
ထိုအိုးထဲကို ဆီထည့္ၿပီး အပူေပးပါ။
– ဆီပူလာတာနဲ႔ မီးကိုအေနေတာ္ ေလွ်ာ့ေပးၿပီးမွ လွီးထားေသာ ဝက္ေခါက္ကို နည္းနည္းျခင္း ထည့္ေၾကာ္ေပးပါ။
– ဆီထဲထည့္ေပးၿပီးပါက ဝက္ေခါက္မွ ဝက္ဆီမ်ား ေပါက္ထြက္တတ္တဲ့အတြက္ အိုးအဖုံးကို ခပ္ဟဟေလး အုပ္ေပးၿပီးမွ ေၾကာ္ေပးပါ။
– ေနာက္တစ္ဖက္ လွန္ေတာ့မယ္ဆိုရင္ မီးကိုပိတ္ေပးၿပီးမွ အိုးအဖုံးကို ဖြင့္ေပးကာ ေနာက္တစ္ဖက္ကို လွန္ေပးပါ။
– တစ္ဖက္ကို လွန္ေပးၿပီးမွ မီးကိုျပန္ဖြင့္ေပးၿပီး ဆက္ေၾကာ္ေပးပါ။
– ဆီေပါက္ၿပီး လူကိုစင္ေစႏိူင္တဲ့အတြက္ သတိထားၿပီး ေၾကာ္ေပးပါ။
– မိမိလွီးထားေသာ ဝက္ေခါက္အထူ အပါးအေပၚ မူတည္ၿပီး ေၾကာ္ခ်ိန္ကို ခ်င့္ခ်ိန္ၿပီး ေၾကာ္ေပးပါ။
– တစ္ခါတရံ မိမိသုံးေသာ မီးဖို အပူခ်ိန္ ကြာဟမႈ ရွိႏိူင္ေသာေၾကာင့္ ေၾကာ္ခ်ိန္ကိုလဲ လိုတိုးပိုေလွ်ာ့ လုပ္ေပးပါ။
– ဝက္ေခါက္မ်ား မြၿပီးႂကြတ္လာကာ အညိဳေရာင္ဘက္ သန္းလာပါက ဆီစစ္ဇကာထဲသို႔ ဆယ္ၿပီးဆီစစ္ေပးပါ။
– ဆီစစ္ၿပီး ေအးသြားပါက ဝက္ေခါက္ေၾကာ္ ႂကြပ္ႂကြပ္ေမႊးေမႊးေလးကို မိမိႏွစ္သက္သလို ရွမ္းေခါက္ဆြဲ မုန႔္တီႏွင့္ အခ်ဥ္ႏွင့္ တို႔ၿပီးစားႏိုင္ပါၿပီ။

[ Unicode ]

တဂျွတ်ဂျွတ်နဲ့ ဝါးလို့ကောင်းတဲ့ ဝက်ခေါက်ကြော်ကြွပ်ကြွပ်လေးကို အိမ်မှာအဝဆွဲဖို့ ဝက်ခေါက်ပွကြော် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ဝက်ခေါက် – 1 kg
၂။ ဆား – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၃။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဇွန်း
၄။ သစ်ဂျပိုးခေါက် – တစ်လက်မခန့်
၅။ နာနတ်ပွင့် – ၃ ပွင့်
၆။ ကရဝေးရွက် – ၅ရွက်
၇။ ဖာလာစေ့ – ၃စေ့
၈။ ဆီ – ဝက်ခေါက်မြုပ်လုနီးပါးထည့်ရန်

ပြင်ဆင်ပုံ
— ဇောက်နက်သော အိုးတစ်လုံးထဲမှာ ဝက်ခေါက်မြုပ်နိုင်ရုံ ရေတစ်ဝက် သာသာထည့်ပြီး ပွက်ပွက်ဆူအောင် တည်ပေးပါ။
– ရေပွက်ပွက် ဆူတာနဲ့ ဝက်ခေါက် ကရဝေးရွက် ဖာလာစေ့ ဆား နာနတ်ပွင့်နှင့် သစ်ဂျပိုးခေါက်ကို ထည့်ပေးပါ။
– အိုးအဖုံးကို အပြည့်မအုပ်ဘဲ မိနစ်၃၀ခန့် ပြုတ်ပေးပါ။
– ဝက်ခေါက်ပြုတ်ထားစဉ် ထွက်လာသော အမြုှပ်များကို ခပ်ပြီးသွန်ပေးပါ။
– အခေါက်ပျော့လာပါက ရေထဲမှဆယ်ပြီး အခေါက်ကို နေရာအနှံ့ ခက်ရင်းဖြင့် လိုက်ထိုးပေးပါ။
– ဝက်ခေါက်မှ ထွက်လာသော အရည်များကို စစ်ပေးပြီး ခြောက်သွားအောင် ၃ နာရီခန့် လေသလပ် ခံပေးထားပါ။
– လေသလပ် ခံထားသော ဝက်ခေါက်များ ရေစစ်သွားပါက မိမိနှစ်သက်သလို အတုံးလေးတွေ လှီးပေးကာ အချိုမှုန့် ဆားတို့နှင့် သင့်တော်သလို နယ်ပေးပါ။
– အရည်များ ထပ်မံထွက်လာနိုင်သေးတဲ့အတွက် အရည်စစ်နိူင်မည့် ဇကာပေါ်မှာ တင်ပေးထားပါ။
– အားလုံး အဆင်သင့် ဖြစ်ပါက ဇောက်နက်ပြီး အိုးအသားထူသော အိုးတစ်လုံးကို အပူပေးပါ
ထိုအိုးထဲကို ဆီထည့်ပြီး အပူပေးပါ။
– ဆီပူလာတာနဲ့ မီးကိုအနေတော် လျှော့ပေးပြီးမှ လှီးထားသော ဝက်ခေါက်ကို နည်းနည်းခြင်း ထည့်ကြော်ပေးပါ။
– ဆီထဲထည့်ပေးပြီးပါက ဝက်ခေါက်မှ ဝက်ဆီများ ပေါက်ထွက်တတ်တဲ့အတွက် အိုးအဖုံးကို ခပ်ဟဟလေး အုပ်ပေးပြီးမှ ကြော်ပေးပါ။
– နောက်တစ်ဖက် လှန်တော့မယ်ဆိုရင် မီးကိုပိတ်ပေးပြီးမှ အိုးအဖုံးကို ဖွင့်ပေးကာ နောက်တစ်ဖက်ကို လှန်ပေးပါ။
– တစ်ဖက်ကို လှန်ပေးပြီးမှ မီးကိုပြန်ဖွင့်ပေးပြီး ဆက်ကြော်ပေးပါ။
– ဆီပေါက်ပြီး လူကိုစင်စေနိူင်တဲ့အတွက် သတိထားပြီး ကြော်ပေးပါ။
– မိမိလှီးထားသော ဝက်ခေါက်အထူ အပါးအပေါ် မူတည်ပြီး ကြော်ချိန်ကို ချင့်ချိန်ပြီး ကြော်ပေးပါ။
– တစ်ခါတရံ မိမိသုံးသော မီးဖို အပူချိန် ကွာဟမှု ရှိနိူင်သောကြောင့် ကြော်ချိန်ကိုလဲ လိုတိုးပိုလျှော့ လုပ်ပေးပါ။
– ဝက်ခေါက်များ မွပြီးကြွတ်လာကာ အညိုရောင်ဘက် သန်းလာပါက ဆီစစ်ဇကာထဲသို့ ဆယ်ပြီးဆီစစ်ပေးပါ။
– ဆီစစ်ပြီး အေးသွားပါက ဝက်ခေါက်ကြော် ကြွပ်ကြွပ်မွှေးမွှေးလေးကို မိမိနှစ်သက်သလို ရှမ်းခေါက်ဆွဲ မုန့်တီနှင့် အချဉ်နှင့် တို့ပြီးစားနိုင်ပါပြီ။

Ref; asianfood

 

718 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.