၁ ဂဏန်းသမားများအကြောင်း
ခေါ်သည်။
-မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဥာဏ်ရွှင်တယ်။
[ Unicode ]
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု
ခေါ်သည်။
၁ ဂဏန်းသမားများအတွက် အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန် ချစ်တတ်သလို အငြိုးအတေး ကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘဝအဖေါ်ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတို့ကို အဓိကထားသည်ဟု အများမှ အထင်လွဲခြင်းခံရ တတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ်ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။
အချစ်ဦးနှင့်ဆုံဆည်းကိန်းမရှိသော်လည်း အချစ်ဆုံးသူနှင့် လက်တွဲရမည်။
နေမင်းရဲ့တမန်တော်ဟာ လွတ်လပ်မှုကိုမြတ်နိုးတယ်၊ ဦးဆောင်နိုင်စွမ်းရှိတယ်။
တက်ကြွလှုပ်ရှားတယ်။ တီထွင်ဖန်တီဆန်းသစ်နိုင်တယ်။ သူတပါးကိုအင်မတန်ကူညီတတ်တယ်။ အုပ်ချုပ်မှုစွမ်းရည်လဲမြင့်မားကြတယ်။ သူတို့ဟာ၁.၁၀.၁၉ နဲ့ ၂၈ ရက်တွေမှာ ဖွားမြင်သူတွေပေါ့။ ခေါင်းဆောင်ကောင်းတွေ၊ထိပ်တန်းကလူတွေ၊ဖြစ်တတ်ကြပါတယ်။
ဥပမာပြောရရင် ဆိုက်ကားနင်းရင်တောင် ဂိတ်မှူးလောက်တော့ အသာလေးဖြစ်တတ်သူတွေပါပဲ။
တခါတရံ မာနကြီးတာ၊ခေါင်းမာတာကတော့ သူ့စရိုက်မို့လို့ခွင့်လွှတ်ပေးရမှာပါ။
-မင်းဟာ..ပါးနပ်တယ်..စကားကိုရှင်းရှင်းပြောတက်တယ်..ဟာသဉာဏ်ရွှင်တယ်။
– ခေါင်းမာတယ်. ရိုးသားတယ်.. တဖက်သားကို မနာလိုဝန်တိုတတ်တယ်..ကြင်နာတက်တယ်..ဒေါသလွယ်တယ်။
– ဖော်ရွေတယ်..တာဝန်ယူလိုစိတ်ရှိတယ်..အမြဲတမ်းကျော်ကြားသူတယောက်ဖြစ်ချင်တယ်။
-လူတွေအားလုံးရဲ့အထက်မှာပဲ နေချင်တယ်.. တခါတရံမှာ လွတ်လပ်မှုကို မြတ်နိုးတယ်..
သူတပါးရဲ့အုပ်ချုပ်မှုကို မခံချင်ဘူး။
-မိမိကိုယ်ကို ယုံကြည်တက်တဲ့ လူစားမျိုးဖြစ်တယ်။
-ငယ်ငယ်ရွှယ်ရွှယ်နဲ့ အချစ်ကို တွေ့တက်ကြတယ်..ဒါပေမယ့်..ရင့်ကျက်တဲ့အရွယ်ရောက်မှပဲ လက်ထက်ဖြစ်ကြတာများပါတယ်။
-အမြင်မတူတဲ့သူတွေနဲ့ ပြဿနာတက်ရတာကို နှစ်သက်တယ်။
-အငြိုးအတေးကြီးပြီး..လက်စားချေတက်ကြတယ်..အသုံးအဖြုန်းကြီးသူတယောက်ဖြစ်ပေမယ့်..မင်းမှာ အလုပ်အကိုင်ကောင်းတွေ ရတတ်ပါတယ်။
-မင်းသာ အမျိုးသားဆိုရင်..အရမ်းနာမည်ကျော်မယ်.. ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်ကို
ပိုင်ဆိုင်နေမှာဖြစ်ပြီ..လူတိုင်းက မင်းကို လေးစားနေပါလိမ့်မယ်..မင်းဟာ.နေရာစုံ
ဝင်ဆန့်နိုင်တဲ့သူတယောက်ဖြစ်တယ်.. ရပ်ကွက်ထဲမှသည်.. ဟိုအပေါ် ပါလီမန်တွေထိကို
-မင်းက နေရာစုံသွားနိုင်သူပါ..ဘာဖြစ်လို့လဲ ဆိုတော့..ကိစ္စတော်တော်များများကို
မင်းက တဖတ်ကန်ခတ်အောင် သိနေတတ်တယ်လေ။
-ဒါပေမယ့်..မင့်ရဲ့ဘဝမှာ..တချို့လူတွေကမင်းဘဝနှိမ့်ကျသွားအောင်..နာမည်ပျက်သွားအောင် လုပ်တာမျိုး..ကြုံရတတ်ပါတယ်။
-ဒါကလည်း မဆန်းပါဘူး…လူတွေရဲ့မနာလိုမှုကြောင့်ပါပဲ။
-မင့်ရဲ့မိသားစုဘဝက အေးချမ်းလွန်ပါတယ်.. မင်းဟာ အဖော်မွန်ကောင်းကို
ပိုင်ဆိုင်ပြီး ချစ်စဖွယ်သားသမီးတွေနဲ့နေထိုင်ရပါလိမ့်မယ်..မင်းဟာ..ရှေ့ဆောင်သူ..လွတ်လပ်မှုကို မြတ်နိုးသူ..ဘာသာတရားကို ကိုယ်ရှိုင်းသူတယောက်ပါပဲ။
-မင်းရဲ့အကောင်းဆုံးအဖော်မွန် နံပါတ်တွေကတော့.. 4, 6, 8
…သင့်တင်တဲ့သူတွေကတော့.. 3, 5, 7။
Ref; numerology
6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.