မာလကာသီးရဲ့ အံ့မခန်းအစွမ်းများ

မာလကာသီးစားခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးတွေများစွာရှိတဲ့အပြင် ဗီတာမင် စီ၊ ဗီတာမင် အေ၊ သံဓာတ်၊ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ကယ်လ်ဆီယမ် ဓာတ်တို့လည်း ပါဝင်ပါတယ်။ မာလကာသီးက လေပွခြင်းကိုသက်သာစေပြီး ၊အစာကြေလွယ်စေတဲ့အပြင်၊အရောင်ကျခြင်းနှင့် ပဋိဇီဝပိုးမွှားတွေကိုလည်း သေစေနိုင်ပါတယ်။


မာလကာသီးအစေ့ကနေ ရရှိမယ့် ဆေးဖက်ဝင်ပုံတွေကတော့
၁) သွေးတိုးကို ကျစေပါတယ်။
မာလကာသီးမှာပါဝင်တဲ့ ပိုတက်ဆီယမ်ဓာတ်က သွေးနှင့် သွေးဖိအားကို ထိန်းညှိရာမှာ အကျိုးပြုပေးပြီး မာလကာသီးအစေ့က ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေနှင့် Bio-active ဒြပ်ပေါင်းတွေကြွယ်ဝတာကြောင့် နှလုံးသွေးကြောကျဉ်းရောဂါကို ကာကွယ်နိုင်ပါတယ်။
၂) ဝမ်းချုပ်ခြင်းကို သက်သာစေပါတယ်။
အစေ့မှာပါဝင်တဲ့ အမျှင်ဓာတ်ကြောင့် အူတွင်းလှုပ်ရှားမှုကို ကောင်းစေပြီးအစာအိမ် အချဉ်ပေါက်ခြင်းကိုကာကွယ်ပေးသလို ဝမ်းချုပ်နေတဲ့ပြဿနာကို ကိုလဲ သက်သာစေပါတယ်။

၃ ) ဆီးကျိတ်ကင်ဆာကို ကာကွယ်ပေးပါတယ်။
မာလကာသီးက ကင်ဆာဆဲလ်တွေကို တားဆီးပေးပြီး ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို ဖြေရှင်းပေးပါတယ်။ များပြားတဲ့ lycopene ပါဝင်မှုကြောင့် ဆီးကျိတ်ကင်ဆာဝေဒနာသည်တွေအတွကက် အေးဆေးနေထိုင်သွားလို့ရသလို ရင်သားကင်ဆာကိုလည်းကာကွယ်ပေးပါတယ်။

၎)ကိုလက်စထရော ထိန်းချုပ်မှု
မာလကာစေ့က polyunsaturated fatty acids တွေကြောင့် သွေးတွင်းကိုလက်စထရောကို ထိန်းချုပ်မှုမှာ အထောက်အကူပြုပါတယ်။
မာလကာစေ့တွေက အမျှင်ဓာတ်ကြွယ်ဝတာကြောင့် အူတွင်းသည်းခြေရည်စုပ်ယူခြင်းမှ ကာကွယ်ပေးပြီး သွေးတွင်းကိုလက်စထရောကိုလည်း လျှော့ချပေးပါတယ်။ ဒါပေမယ့် မာလကာစေ့တွေက ကျောက်ကပ်မှာ သွားကပ်မနေဖို့တော့ သတိထားသင့်ပါတယ်။ ဒါကြောင့် မလိုလားအပ်တဲ့ အရာတွေမဖြစ်အောင် အတိုင်းအတာတစ်ခုအထိပဲ စားတာကောင်းပါတယ်။


Ref;HEALTHGROUP

579 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.