Katy Perry ဟာဒီနှစ်ရဲ့ grammy ဆုပေးပွဲကို ဂီတသင်္ကေတတွေနဲ့လွှမ်းခြုံထားတဲ့ Valentino ဂါဝန်ကိုဝတ်ဆင်ပြီးတက်ရောက်ခဲ့ပါတယ်။
London က Mail Online ရဲ့အဆိုအရဒီဝတ်ဆုံကိုပြီးခဲ့တဲ့အပတ် Paris မြို့က Valention’s Spring 2014 runaway show မှာစတင်မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒီအခမ်းအနားအတွင်းမှာ သူမရဲ့နာမည်ကြီးသူချင်း “Dark Horse” နဲ့ဖျော်ဖြေခဲ့တဲ့ ၂၉ နှစ်အရွယ် အဆုတော်ဟာ သူမရဲ့ချစ်သူ John Mayer ကိုအိမ်မှာထားခဲ့ပြီး အဲဒီ့နေ့ညရဲ့ date အဖြစ် မောင်ဖြစ်သူ David Hudson ကိုခေါ်ဆောင်လာတာဖြစ်ပါတယ်။
သူမရဲ့ဖျော်ဖြေတင်ဆက်မှုဟာ Stevie Nicks ကြောင့်စိတ်ကူးရပြီးဖြစ်လာတာပါလို့ E! Online ရဲ့အစီအစဉ်တင်ဆက်သူ Ryan Seacrest ကိုပြောပြပါတယ်။
ကျွန်မ Stevie Nicks နဲ့လျှောက်သွားဖြစ်တယ်။ ဒါကြောင့်ကျွန်မနောက်ကျနေတာ. တကယ်တော့ ကျွန်မရဲ့တင်ဆက်မှုက သူမကြောင့်စိတ်ကူးဖြစ်လာတာလို့ပြောရမယ်။ အကြိုက်ဆုံးစာသားတွေထဲကတစ်ခုကိုဆိုပါရစေ “which witch is which?” အဲဒါအရမ်းကိုကြောက်စရာကောင်းပြီး မှောင်မိုက်လွန်းပါတယ်” လို့ Katy ကပြောသွားပါတယ်။
Ref:starpulse.com