ခရမ်းချဉ်သီးနှင့် မျက်နှာအသားအရေထိန်းသိမ်းနည်း

မျက်နှာလေးဖြူစင်ဝင်းပနေဖို့က အမျိုးသမီးတွေရဲ့ အိမ်မက်တွေထဲက တစ်ခုအပါအဝင်ဖြစ်မှာပါ။ ဒါကြောင့် အိမ်မှာနေရင်း ပေါ့ပေါ့ပါးပါးနဲ့ အသားအရေထိန်းသိမ်းနိုင်အောင် ပြုလုပ်နိုင်တဲ့နည်းလေးတွေကို ပြောပြပေးလိုက်ပါတယ်။

၁) ဝက်ခြံထွက်ခြင်းမှ ကာကွယ်ပေးပါတယ်။
ခရမ်းချဉ်သီးအနှစ်ကို သံလွင်ဆီနှင့် ရောစပ်ပါ။
ရောစပ်ပြီးလျှင်တော့ မျက်နှာပေါ်မှာ အချိန် ၁၀-၁၅ မိနစ်လောက်လိမ်းထားပေးပါ။
အချိန်ပြည့်သွားရင်တော့ ရေနွေးနွေးလေးနှင့် အရင်ဆေးချပြီးမှ ရေအေးဖြင့် မျက်နှာပြန်သစ်လိုက်ပါ။တစ်ပတ်ကို ၂ ကြိမ်မှ ၃ ကြိမ်ထိ လုပ်ပေးခြင်းအားဖြင့် မျက်နှာအသားအရေလှပလာပြီး ဝက်ခြံထွက်ခြင်းကိုလဲ ကာကွယ်ရာရောက်ပါတယ်။

၂) မျက်နှာမှ အမည်းစက်တွေကို ပျောက်ကင်းစေပါတယ်။
ခရမ်းချဉ်သီးအနှစ်ကို ပျားရည်နှင့်ရောပြီး မျက်နှာမှာလိမ်းပေးပါ။
၁၅ မိနစ်လောက်ကြာအောင်လိမ်းထားပေးပါ (သို့) ခြောက်သွားတဲ့အထိ ထားပေးလျှင်လဲ ရပါတယ်။
ထို့နောက်မှာတော့ ရေနွေးနွေလေးနှင့် မျက်နှာသစ်လိုက်ရင်ရပါပြီ။
ဒီနည်းလေးကတော့ ၁ ပတ်ကို နှစ်ကြိမ်ပြုလုပ်ပေးရင် လုံလောက်ပါတယ်။

၃) ဆားဝက်ခြံတွေကို ကာကွယ်ပေးတယ်။
ခရမ်းချဉ်သီးအနှစ်ကို ဒိန်ချဉ်ရောမွှေပါ။မွှေပြီးတဲ့ နောက်မှာ ဂျူံစေ့လေးကို ဖြည်းဖြည်းချင်းရောထည့်ပေးပါ။
ထို့နောက်မှာတော့ မျက်နှာပေါ်မှာလိမ်းပေးပြီး ၁၅ မိနစ်လောက်ကြာအောင်ထားပေးပါ။
အချိန်ပြည့်သွားရင်တော့ မျက်နှာသစ်ချလိုက်ရင်ရပါပြီ။
တစ်ပတ်ကို ၂ ကြိမ်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

၎) အသားအရေပျက်ဆီးနေသူတွေအတွက်
ခရမ်းချဉ်သီအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ထောပတ်သီးအနှစ် စားပွဲတင်ဇွန်း ၁ ဇွန်းတို့လိုအပ်ပါတယ်။ထို့နောက်မှာတော့ ရောနှောပြီး မျက်နှာပေါ်မှာ ၁၀ မိနစ်လောက်ကြာအောင်လိမ်းထားပေးပါ။ ထို့နောက်မှာတော့ အဝတ်သန့် (soft towel) လေးဖြင့် သန့်ရှင်းပေးရင်ရပါပြီ။ တစ်ပတ်ကို နှစ်ကြိမ်လောက်ပြုလုပ်နိုင်ပါတယ်။

.

၅) မျက်လုံးနားတစ်ဝိုက်ညိုမည်းနေသူတွေအတွက်
ခရမ်းချဉ်သီး အနှစ် စားပွဲတင်ဇွန်း ၁ ဇွန်း၊ ရှားစောင်းအနှစ် အနည်းငယ်တို့ကို ရောပြီး မျက်လုံးရဲ့အောက်မည်းနေတဲ့နေရာတွေကို လိမ်းပေးပြီး ၁၀ မိနစ်လောက်ကြာအောင်ထားပါ။ တနေ့ကို တစ်ကြိမ်(သို့) နှစ်ကြိမ်လောက်ပြုလုပ်ပေးနိုင်ပါတယ်။

၆) မျက်နှာအသားအရေခြောက်သွေ့နေတာကို သက်သာစေပါတယ်။
ခရမ်းချဉ်သီးတစ်လုံး၊ သံလွင်ဆီစစ်စစ် လက်ဖက်ရည်ဇွန်း ၁ ဇွန်းလိုအပ်ပါတယ်။
ခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းပြီး ပန်းကန်လုံးထဲသို့ညှစ်ထည့်ပါ။ထို့နောက် သံလွင်ဆီကိုထည့်ပြီးမွှေပါ။ ထို့နောက်မှာတော့ မျက်နှာပေါ်မှာ လိမ်းပေးပြီး ၁၅-၂၀ မိနစ်လောက်ကြာပြီးတဲ့နောက်မှာ ရေနွေးနွေးနှင့် သစ်ချလိုက်လျှင်ရပါပြီ။တစ်ပတ်မှာနှစ်ကြိမ်လောက်ပြုလုပ်ပေးရင် အသားအရေပြန်လည်စိုပြေလာမှာပါ။

၇) မျက်နှာပေါ်မှ အစက်အပြောက်တွေကို ပျောက်စေပါတယ်။
ခရမ်းချဉ်သီး အနှစ် လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ သံပုရာရည် ၃-၄ စက်လောက်လိုအပ်ပါတယ်။ထို့နောက်မှာ မျက်နှာပေါ်မှာ ရှိနေတဲ့ အစက်အပြောက်ဖြစ်နေတဲ့နေရာတွေမှာ လိမ်းပြီး ၁၀-၁၅ မိနစ်လောက်ထားပြီးနောက်မှာတော့ မျက်နှာသစ်ချလိုက်ပြီး တနေ့ကို တစ်ကြိမ်(သို့) နှစ်ကြိမ်လောက်လုပ်ပေးလို့ရပါတယ်။


Ref;STYLECRAZE

219 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.