အရသာထူးခြားတဲ့ ဝက်သားကောက်ညှင်းချက်နည်း

ဝက်သားကို ချက်နေကြအတိုင်းပဲ ချက်စားနေရလို့ စိတ်ညစ်နေတဲ့ သူများအတွက် အသစ်အဆန်းလေးချက်စားလို့ရအောင် ဝက်သားကောက်ညှင်းချက်လေးကို ပြောပြပေးလိုက်ပါတယ်။

ကောက်ညှင်းဆန် – ၂ ဗူး
ဝက်သား (သုံးထပ်သား) – ၅၀ သား
ဝက်အူချောင်း – ၁၀ သား
ပုစွန်အချိုခြောက် – ၂ ဇွန်း
ဆား၊သကြား – အနည်းငယ်
နာနတ်ပွင့် – ၂ ပွင့်
ဂျင်းတက်အသေး – ၁ တက်
ကြက်သွန်ဖြူ – ၃ မွှာ
ကြက်သွန်နီ – ၂ လုံး
ကြာညို့(အနောက်) – အနည်းငယ်
ပဲငံပြာရည်(အကြည်) – အနည်းငယ် တို့ လိုအပ်ပါတယ်။

အရင်ဆုံး ကောက်ညှင်းဆန်ကို မချက်မီအနည်းဆုံး (၃)နာရီကြာကြိုတင်ရေစိမ်ထားပါ။
ဝက်သားကို အနေတော်တုံးပြီး ဆား၊သကြား၊ သကြား၊ ပဲငံပြာရည်အကြည်၊အနောက်အနည်းငယ်တို့ဖြင့် နှံ့အောင်နယ်ပြီး နာရီဝက်ခန့် နှပ်ထားပေးပါ။
ဂျင်း(၁)တက်နှင့် လှော်ထားတဲ့ နာနတ်ပွင့်ကို ဓားပြားရိုက်ထည့်ပြီး သုံးပုံတစ်ပုံခန့်ကျက်အောင်ပြုတ်ပါ။
မွှေးနေအောင်လှော်ထားတဲ့ သစ်ကြမ်းပိုးခေါက်နှင့် နာနတ်ပွင့်ကို ဆီအနည်းငယ်ဖြင့် အမွှေးနံ့ထွက်လာသည်အထိ ဆီသတ်ပါ။
အနံ့မွှေးလာလျှင် ကြက်သွန်နီနှင့် ကြက်သွန်ဖြူတို့ကို ရောပြီး ဆီထပ်သတ်ပါ။
အနည်းငယ်မွှေးလာလျှင် ရေစစ်ထားတဲ့ ကောက်ညှင်းဆန်ကို ထည့်ပြီး သစ်သားယောင်းမဖြင့် ခပ်ဖွဖွမွှေပေးပါ။

ကာညို့(အနောက်) အနည်းငယ်ဖြင့် အရောင်တင်ပေးပါ။
ထို့နောက် ထမင်းပေါင်းအိုးထဲကို ပြောင်းထည့်ပြီး ပြုတ်ထားတဲ့ ဝက်သား၊ ပါးပါးလှီးထားတဲ့ ဝက်အူချောင်းနှင့် ပုဇွန်ခြောက်တို့ကို ထည့်ပေးပါ။
ဝက်သားကို ရေကျန်အောင် ပြုတ်ထားရင် ထိုဝက်ပြုတ်ရည်ကို ပုံမှန် ထမင်းချက်လျှင် ထည့်တဲ့ ပမာဏအတိုင်းပဲ ထည့်ပေးရပါမယ်။ ရေခမ်နေအောင်ပြုတ်ထားလျှင် ရေကို အစားထိုးထည့်ပေးလို့ရပါတယ်။
ဆား၊သကြားအနည်းငယ်ဖြင့် အရသာသွင်းပါ။
မီးခလုတ်နှိပ်ထားပါ။ ဆူပွက်လာလျှင် သစ်သားယောင်းမဖြင့် တစ်ကြိမ်ခန့်သာ ညင်သာစွာမွှေပေးပါ။
ထမင်းကျက်သွားလို့ မီးခလုတ်တတ်သွားပြီဆိုရင် ဖြေညှင်းစွာမွှေပေးပြီး ပြုတ်ထားတဲ့ ဆားဘဲဥပြုတ်လေးနှင့် တွဲဖက်စားသုံးနိုင်ပါပြီ။

Ref;sidechef

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.