ဂျပန်လူမျိုးတွေရဲ့ ဝိဥာဉ်တိုင်းပြည်လို့ခေါ်တဲ့ နေရာက ဘယ်လိုတွေထူးခြားနေတာလဲ။

ဂျပန်မှာက ဗုဒ္ဓဘာသာနဲ့ ကွဲပြားတဲ့ ဘာသာရေးတွေလဲ ရှိကြပါတယ်။ ‘ ရှင်းတိုး’ (နတ်ကိုးကွယ်မှု) လို့ ခေါ်တဲ့ ဘာသာကတော့ ဂျပန်နိုင်ငံမှာပဲ ရှိတဲ့ ဘာသာဖြစ်ပါတယ်။

ဂျပန်မှာပဲရှိတယ်ဆိုပေမယ့် တရုတ်ရိုးရာယဉ်ကျေးမှုတွေ အများကြီး လွှမ်းမိုးနေတဲ့ ဘာသာတစ်ခုပါ။
နတ်ကွန်းဆိုတာက နတ်ဘုရားရှိတဲ့နေရာဖြစ်ပြီးတော့၊ ဘုရားကျောင်းကတော့ မြတ်စွာဘုရားသီတင်းသုံးတဲ့ နေရာဖြစ်ပါတယ်။
ဂျပန်မှာတော့ ဗုဒ္ဓဘာသာနှင့် နတ်ကိုးကွယ်မှုက တစ်ပေါင်းတစ်စည်းတည်း ဖြစ်နေတဲ့အတွက်၊ မြန်မာ့ ဗုဒ္ဓဘာသာနှင့်တော့ အယူအဆ ကွဲလွဲပါတယ်။

အဲ့ဒီထဲကတစ်ခုကတော့ သေပြီးတဲ့နောက် ဖြစ်ပေါ်လာတဲ့ ဝိဥာဉ်ကမ္ဘာ။

ရှင်းတိုးဘာသာမှာတော့ သေသွားတဲ့ လူတွေရဲ့ ဝိဥာဉ်တွေက ဝိဥာဉ်တိုင်းပြည်လို့ခေါ်တဲ့ နေရာကို ရောက်ရှိသွားတယ်လို့ ယုံကြည်ကြပါတယ်။

ထိုအရာကတော့ မြေအောက်မှာရှိတဲ့ တိုင်းပြည်တစ်ခုပါ။

ဒီအယူအဆက တရုတ်နိုင်ငံရဲ့ ရှေးဟောင်းယဉ်ကျေးမှုမှာလည်း ရှိသလို၊ ခရစ်ယာန်ဘာသာရဲ့ သမ္မာကျမ်းစာမှာလည်း ရှိပါတယ်။

ဂျပန်ရဲ့ ရှေးဟောင်းပုံပြင်တွေထဲမှာ ဝိဥာဉ်တိုင်းပြည်ကို အဝင်အထွက်လုပ်တဲ့ အပေါက်ရှိတယ်လို့ ပြောကြပါတယ်။
အဲ့ဒီနေရာကတော့ ‘ ရော့မိုဆုဟိရစက’ လို့ခေါ်တဲ့ နေရာဖြစ်ပါတယ်။
ပုံပြင်တွေထဲမှာတော့ ဇနီးသည်က ကြောက်စရာကောင်းတဲ့ အသွင်ပြောင်းလဲနေပြီး၊ သူ့ရဲ့ ပုံစံကို အမြင်ခံလိုက်ရတဲ့ ဇနီးသည်က ဒေါသထွက်ပြီး နောက်ကနေလိုက်လာတဲ့အတွက်၊ အလျင်အမြန် ကြီးမားတဲ့ ကျောက်တုံးကြီးနဲ့ ဝင်ပေါက်ကို ပိတ်ဆို့ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ အခုပြောခဲ့တဲ့ ‘ရော့မိုဆုဟိရစက’ ဆိုတဲ့နေရာက တကယ်တည်ရှိနေတဲ့ ဒေသတစ်ခုပါ။

ဟိဂရှိအိဇုမိုမြို့


လေးနက်မှုတွေရှိနေတာကို အများကြီးခံစားရပါတယ်။

အမှတ်အသားပြုခဲ့တဲ့ ကျောက်တုံးတွေအလား။

ဒီနေရာလေးမှာ ဓာတ်ပုံရိုက်ကူးရင် ထူးဆန်းတဲ့အရာတွေ မကြာခဏပေါ်တတ်တယ်လို့ ပြောကြပါတယ်။

Ref;ZEKKEI JAPAN

134 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.