နေ့စဉ်သုံးစွဲနေတဲ့ ဖုန်းတွေကို သန့်ရှင်းရေးဘယ်လိုလုပ်ကြမလဲ။

ကျွန်ုပ်တို့နေ့စဉ် သုံးစွဲနေတဲ့ စမတ်ဖုန်းတွေမှာ ဘက်တီးယားများစွာ ကပ်နေနိုင်ပါတယ်။ ဖုန်းကို သန့်ရှင်းရေး လုပ်ရန်(သို့) မစင်ကြယ်တဲ့ အရာတစ်ခုခုနှင့် ထိတွေ့ပြီးတိုင်း ပြန်ပြီး သန့်ရှင်းရေးပြုလုပ်ပေးဖို့လိုအပ်ပါတယ်။

သန့်ရှင်းရေးပြုလုပ်ရန်အတွက်
ပထမဦးစွာ
ဖုန်းနှင့် ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးအားလုံးကို ဖြုတ်ရပါမယ်။
ထို့နောက် ဖုန်းကာဗာကို ဖြုတ်ပါ။
ဖုန်းကိုပိတ်ပါ။
ထို့နောက် အရက်ပြန်ပါဝင်မှု ၇၀ ရာခိုင်နှုန်းရှိတဲ့ ပိုးသတ်ဆေးဖြင့် သုတ်ပါ။
ဖုန်းရဲ့ အတွင်းအပြင်ဘက်ကို သန့်ရှင်းရေးလုပ်ပေးပါ။
ဖုန်း ကာဗာ ပြန်မတပ်ခင် ဖုန်းနှင့် ဖုန်းကာဗာကို ခြောက်သွေ့အောင် ထားပါ။

တကယ်လို့ ပိုးသတ်ဆေး မရှိပါက
ဖုန်းနှင့် ဆက်သွယ်ထားတဲ့ ကေဘယ်ကြိုးအားလုံးကို ဖြုတ်ပါ။
ထို့နောက် ကာဗာကို ဖြုတ်ပါ။
အဝတ်တစ်ခုကို ဆပ်ပြာ၊ ရေ တို့နှင့် ဆွတ်ပေးပါ။
ဖုန်းအပေါက်ရေမဝင်စေရန် အဝတ်ဖြင့် သေချာသုတ်ပါ။
အဝတ်ခြောက်ဖြင့် ဖုန်းထဲရေမဝင်စေရန် သေချာလုပ်ရပါမယ်။
ဖုန်း ကာဗာကို ဆပ်ပြာ၊ ရေတို့ဖြင့် ဆေးကြောပါ။
ဖုန်း ကာဗာကို ပြန်မတပ်ခင် ဖုန်းနှင့် ဖုန်းကာဗာကို ခြောက်သွေ့အောင်ထားပေးဖို့ လိုအပ်ပါတယ်။


Ref;RUSSIAN

409 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.