The World of the Married ဇာတ်ကားရဲ့ သရုပ်ဆောင်မင်းသား Jung Joon-won သည် အသက်မပြည့်ပဲ အရက်သေစာသောက်စားခြင်း၊ဆေးလိပ်သောက်ခြင်းတို့ကို ပြုမူခဲ့ခြင်းကြောင့် စွပ်စွဲခံေaနရပါတယ်။

Lee Gyu-lee ရဲ့ပြောကြားချက်အရ JTBC ၏ရုပ်သံတွင်ပြသခဲ့သည့် The World of the Married ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် မင်းသား Jung Joon-won သည် အသက်မပြည့်ပဲ အရက်သောက်သေစာသောက်စားခြင်း၊ဆေးလိပ်သောက်ခြင်းတို့ကို မီဒီယာမှ ဖော်ထုတ်ခဲ့ပါတယ်။

အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jung Joon-won ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ သူ့ရဲ့ လူမှုမီဒီယာ တင်ဆက်မှုတွေကို စွဲချက်တင်ခံခဲ့ရတာဖြစ်ပါတယ်။ ပို့စ်တစ်တွင် သူငယ်ချင်းများနှင့်အတူ စားသောက်ဆိုင်တစ်ခုမှာ အရက်ပုလင်းတွေရှေ့မှာ ထိုင်နေသည်ဟု မီဒီယာရဲ့ ဖော်ပြခြင်းကို ခံခဲ့ရပါတယ်။

ကိုရီးယားနိုင်ငံတွင် အသက် ၁၉ နှစ်မှ တရားဝင်အရက်သောက်ခြင်း၊ဆေးလိပ်သောက်ခြင်းများကို ခွင့်ပြုထားခြင်းဖြစ်ပါတယ်။

အွန်လိုင်းပေါ်တွင် ဓာတ်ပုံများ ထွက်ပေါ်လာပြီး သိပ်မကြာခင်မှာ Jung ၏အေဂျင်စီဖြစ်တဲ့ DAIN Entertainment က JTBC ဒရမ်မာ ထုတ်လုပ်ရေးအဖွဲ့အား တရားဝင်တောင်းပန်စာ ရေးခဲ့ပါတယ်။
ထိုစာထဲတွင် ဒီလိုမျိုးအဖြစ်အပျက်ကို နောင်တဖန်မဖြစ်ရအောင် ကာကွယ်တားဆီးဖို့ ငါတို့ သရုပ်ဆောင်စီမံခန့်ခွဲရာတွင် အကောင်းဆုံးကြိုးစားအားထုတ်ရမည်ဟု ရေးသားခဲ့ပါတယ်။
Jung အသက် ရှစ်နှစ်အရွယ်တွင် Pacemaker (2012 )ပြဇာတ်နှင့် ပွဲဦးထွက်ခဲ့တာပါ။ သူဟာ KBS ဒရမ်မာတွေဖြစ်တဲ့ ၂၀၁၇ မှာ ထွက်ရှိခဲ့တဲ့ Father is Strage နှင့် My Little Brother (2016) တို့မှာလည်း ပါဝင်သရုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။


Ref;THEKOREATIMES

153 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.