႐ူး႐ူးမူးမူးခ်စ္ျခင္းဟာ ေရာဂါတခုျဖစ္…

ပုံမွန္အားျဖင့္ ခ်စ္စခင္စ ၾကင္နာစ မွာ ပိုခ်စ္ ပိုဂ႐ုစိုက္တာ တစ္ခ်ိန္လုံး ေတြ႕ခ်င္ျမင္ခ်င္ေနတတ္တာဟာ သဘာဝပါ။ သူ႔အသံေလးပဲ ၾကားခ်င္တယ္။ သူ႔ကိုပဲ ျမင္ခ်င္ေနတယ္ဆိုတာမ်ိဳး ခ်စ္သူရည္းစားျဖစ္ခါစမွ ျဖစ္ေနတယ္ဆိုရင္ ဒါဟာ ပုံမွန္ပါပဲေနာ္။
အဲဒီလိုမဟုတ္ဘဲ ကိုယ့္ရဲ႕ခ်စ္တဲ့စိတ္ဟာ အခ်ိန္ၾကာလာတာနဲ႔အမွ် ပူေလာင္လာမယ္။ စိုးရိမ္ပူပန္စိတ္ေတြ သဝန္တိုစိတ္ေတြ သူ႔အေပၚမွာ တအားမ်ားလာမယ္ ဆိုရင္ေတာ့ ဒါကို သဘာဝထက္ လြန္ကဲတယ္လို႔ သတ္မွတ္ပါတယ္။
( ဥပမာ – သူ႔သူငယ္ခ်င္း၊ သူ႔လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အရင္လိုေျပာဆိုဆက္ဆံတာမ်ိဳးကအစ ကိုယ္က သံသယရွိလာတာမ်ိဳးေပါ့ )
ေနာက္တျဖည္းျဖည္း သူ႔ကို ကိုယ္ထိလက္ေရာက္ ထိခိုက္ေအာင္ ကိုယ့္ကိုယ္ကိုယ္ မထိန္းႏိုင္ဘဲ လုပ္မိတာမ်ိဳးေတြပါ ရွိလာမယ္ဆိုရင္ ဒါကိုေတာ့ မူမမွန္ အခ်စ္စိတ္ေရာဂါစျဖစ္ေနၿပီလို႔ သတ္မွတ္ရပါလိမ့္မယ္။
ဒီလိုျဖစ္ေနမွန္းသိသာႏိုင္တဲ့လကၡဏာေတြကေတာ့…

၁။ သူ႔ကို တစ္ခ်ိန္လုံးသတိရေနတာမ်ိဳး
၂။ သူ႔ကို မယုံလို႔ လိုက္ၾကည့္ခ်င္ေနတာမ်ိဳး
၃။ သူ႔ကို ကာကြယ္ေပးလိုစိတ္ေတြ အလြန္အမင္းျဖစ္ေနတာမ်ိဳး ( ဥပမာ..ကိုယ္မပါဘဲ ဘယ္မွမသြားခိုင္းတာ ၊ အလြန္စိတ္ပူေနတတ္တာ)
၄။ ကိုယ့္ကိုယ္ကိုယ္ သိမ္ငယ္စိတ္ေတြဝင္တာမ်ိဳး( သူကိုယ့္ကိုမခ်စ္ပါဘူး ၊ ကိုယ္က႐ုပ္မလွပါဘူးဆိုတာမ်ိဳး)
၅။ တစ္ခ်ိန္လုံး ဖုန္းဆက္ခ်င္၊ စာပို႔ခ်င္ေနတာမ်ိဳး
၆။ သူ႔ဆီက ဂ႐ုစိုက္မႈကို ပဲ တစ္ခ်ိန္လုံးလိုခ်င္ေနတာမ်ိဳး
၇။ သူ႔ဆီက ဂ႐ုစိုက္မႈရခ်င္လို႔ ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေအာင္လုပ္တာမ်ိဳး( မိမိအသားနာေအာင္လုပ္ၿပီး စိတ္ဆိုးျပတာ)
၈။ မိသားစု၊ အေပါင္းအသင္းေတြနဲ႔ ေဝးကြာလာၿပီး သူမွသူ ျဖစ္ေနတာမ်ိဳး
၉။ သူ႔အေၾကာင္းပဲ တစ္ခ်ိန္လုံးေျပာခ်င္ေနတာမ်ိဳး
၁၀။ အလုပ္ကိုေတာင္ စိတ္မဝင္စားႏိုင္၊ အာ႐ုံမစိုက္ႏိုင္ဘဲ ေတြးေတာေနမိတာမ်ိဳး

ဒါေတြဟာ ဒီ စြဲလန္းအခ်စ္စိတ္ေရာဂါရဲ႕ လကၡဏာေတြပါတဲ့။ ဒါေၾကာင့္ နားလည္မႈေတြနဲ႔ ခ်စ္ခရီးလမ္းကို ေအးခ်မ္းစြာ ေလၽွာက္လွမ္းၾကပါလို႔ အႀကံျပဳလိုက္ရပါတယ္။

[ Unicode ]

ပုံမှန်အားဖြင့် ချစ်စခင်စ ကြင်နာစ မှာ ပိုချစ် ပိုဂရုစိုက်တာ တစ်ချိန်လုံး တွေ့ချင်မြင်ချင်နေတတ်တာဟာ သဘာဝပါ။ သူ့အသံလေးပဲ ကြားချင်တယ်။ သူ့ကိုပဲ မြင်ချင်နေတယ်ဆိုတာမျိုး ချစ်သူရည်းစားဖြစ်ခါစမှ ဖြစ်နေတယ်ဆိုရင် ဒါဟာ ပုံမှန်ပါပဲနော်။
အဲဒီလိုမဟုတ်ဘဲ ကိုယ့်ရဲ့ချစ်တဲ့စိတ်ဟာ အချိန်ကြာလာတာနဲ့အမျှ ပူလောင်လာမယ်။ စိုးရိမ်ပူပန်စိတ်တွေ သဝန်တိုစိတ်တွေ သူ့အပေါ်မှာ တအားများလာမယ် ဆိုရင်တော့ ဒါကို သဘာဝထက် လွန်ကဲတယ်လို့ သတ်မှတ်ပါတယ်။
ဥပမာ – သူ့သူငယ်ချင်း၊ သူ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ အရင်လိုပြောဆိုဆက်ဆံတာမျိုးကအစ ကိုယ်က သံသယရှိလာတာမျိုးပေါ့။
နောက်တဖြည်းဖြည်း သူ့ကို ကိုယ်ထိလက်ရောက် ထိခိုက်အောင် ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ဘဲ လုပ်မိတာမျိုးတွေပါ ရှိလာမယ်ဆိုရင် ဒါကိုတော့ မူမမှန် အချစ်စိတ်ရောဂါစဖြစ်နေပြီလို့ သတ်မှတ်ရပါလိမ့်မယ်။
ဒီလိုဖြစ်နေမှန်းသိသာနိုင်တဲ့လက္ခဏာတွေကတော့…

၁။ သူ့ကို တစ်ချိန်လုံးသတိရနေတာမျိုး
၂။ သူ့ကို မယုံလို့ လိုက်ကြည့်ချင်နေတာမျိုး
၃။ သူ့ကို ကာကွယ်ပေးလိုစိတ်တွေ အလွန်အမင်းဖြစ်နေတာမျိုး ( ဥပမာ..ကိုယ်မပါဘဲ ဘယ်မှမသွားခိုင်းတာ ၊ အလွန်စိတ်ပူနေတတ်တာ)
၄။ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်စိတ်တွေဝင်တာမျိုး( သူကိုယ့်ကိုမချစ်ပါဘူး ၊ ကိုယ်ကရုပ်မလှပါဘူးဆိုတာမျိုး)
၅။ တစ်ချိန်လုံး ဖုန်းဆက်ချင်၊ စာပို့ချင်နေတာမျိုး
၆။ သူ့ဆီက ဂရုစိုက်မှုကို ပဲ တစ်ချိန်လုံးလိုချင်နေတာမျိုး
၇။ သူ့ဆီက ဂရုစိုက်မှုရချင်လို့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင်လုပ်တာမျိုး( မိမိအသားနာအောင်လုပ်ပြီး စိတ်ဆိုးပြတာ)
၈။ မိသားစု၊ အပေါင်းအသင်းတွေနဲ့ ဝေးကွာလာပြီး သူမှသူ ဖြစ်နေတာမျိုး
၉။ သူ့အကြောင်းပဲ တစ်ချိန်လုံးပြောချင်နေတာမျိုး
၁၀။ အလုပ်ကိုတောင် စိတ်မဝင်စားနိုင်၊ အာရုံမစိုက်နိုင်ဘဲ တွေးတောနေမိတာမျိုး

ဒါတွေဟာ ဒီ စွဲလန်းအချစ်စိတ်ရောဂါရဲ့ လက္ခဏာတွေပါတဲ့။ ဒါကြောင့် နားလည်မှုတွေနဲ့ ချစ်ခရီးလမ်းကို အေးချမ်းစွာ လျှောက်လှမ်းကြပါလို့ အကြံပြုလိုက်ရပါတယ်။

Ref; psychology

 

4K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.