သရက္သီးကူဖီးလ္ ျပဳလုပ္နည္း

ခ်ိဳအီဆိမ့္ေမႊးတဲ့ သရက္သီးကူဖီးလ္ေလးကို အိမ္မွာအဝစားဖို႔ သရက္သီးကူဖီးလ္ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား
၁။ ႏြားႏို႔ (Full cream milk) – 3 ခြက္ (750 ml)
၂။ ႏို႔မႈန႔္ – 1 ခြက္ (250 ml) ႏွင့္ ႏို႔ဆီ – ၁ ဗူး (395 g)
၃။ ေကာ္မႈန႔္ corn starch/flour – ထမင္းစားဇြန္း ၂ ဇြန္း
၄။ အရမ္းေၾကညက္ေအာင္ႀကိတ္ထားေသာ သရက္သီး း – 1 ခြက္ (250 ml)
၅။ အစားအစာသုံးအေရာင္မႈန႔္ food colouring – အဝါေရာင္ အနည္းငယ္

ျပဳလုပ္နည္း
၁။ ေကာ္မႈန႔္ corn starch/flour ကို ေရ (ထမင္းစားဇြန္း ၄ ဇြန္း ) ျဖင့္ ေရာေဖ်ာ္ထားပါ။
၂။ မီးပုံမွန္အပူခ်ိန္ ျဖင့္တည္ထားေသာ ႏြားႏို႔ အနည္းငယ္ပူလာလွ်င္ ႏို႔မႈန႔္ထည့္ကာ အဖတ္မ်ားမက်န္ေအာင္ ေမႊၿပီး ႏြားႏို႔အနည္းငယ္ ဆူလာသည္အထိ တည္ထားပါ။ (ႏို႔မႈန႔္ဖတ္မ်ား ခဲမေနေစရန္ ႏို႔အနည္းငယ္ပူမွ ထည့္ျခင္းျဖစ္ပါတယ္။)
၃။ ႏို႔စၿပီး ဆူလာသည္ႏွင့္ ႏို႔ဆီထည့္ကာ ၅ မိနစ္ခန႔္ေမႊက်ိဳပါ။ (အိုးမကပ္ေအာင္ ေမႊေပးဖို႔လိုပါတယ္။ လိုအပ္လွ်င္ မီးအပူရွိန္ အနည္းငယ္ေလွ်ာ့ေပးပါ။)
၄။ ၿပီးလွ်င္ အနည္ထိုင္ေနေသာ ေဖ်ာ္ထားသည့္ ေကာ္မႈန႔္ corn starch အရည္ကို ျပန္ေမႊၿပီး ေလာင္းထည့္ကာ ခဲမသြားေအာင္ ၂ မိနစ္ခန႔္ ေမႊက်ိဳ၍ မီးဖိုမွ ဖယ္ကာ အေအးခံထားပါ။ (အရည္ကအေတာ္ေလးပ်စ္ေနရပါမယ္။)
၅။ အေအးခံသည့္အခ်ိန္ ၅ မိနစ္ခန႔္ၾကာၿပီးေနာက္ ခပ္ေႏြးေႏြးအေနအထားတြင္ ႀကိတ္ထားသည့္ သရက္သီးထည့္ေမႊပါ။
၆။ ၿပီးေနာက္ အဝါေရာင္မႈန႔္ food colouring ထည့္လိုပါက ထည့္သည္ဆို႐ုံေလးထည့္ၿပီး ေမႊေပးကာ ဆက္ၿပီးအေအးခံထားပါ။
၇။ ေအးသြားၿပီးေနာက္ အနည္ထိုင္ေနသည္မ်ားကို ျပန္ေမႊၿပီး မိမိအဆင္ေျပသည့္ခြက္ေလးမ်ားထဲထည့္ကာ အဖုံး ဖုံး၍ ခဲသြားေအာင္ ေရခဲေသတၱာ (freezer) ထဲ အနည္းဆုံး ၆ နာရီခန႔္ ထည့္ထားပါ။ ( ေရခဲေခ်ာင္းလုပ္တဲ့ မိုလ္ခြက္ထဲထည့္လို႔လည္း ရပါတယ္ )
၈။ စားမည့္အခ်ိန္တြင္ ခြက္ႀကီးႀကီးထဲထည့္ထားသည္မ်ားကို ထုတ္ယူရလြယ္ကူေစရန္ ေရေႏြးခြက္ထဲ ခဏစိမ္ၿပီးမွ ပန္းကန္ထဲ ေမွာက္ထည့္၍ ထုတ္ကာ ဓါးျဖင့္လွီးပါ။

ခုဆိုရင္ေတာ့ ခ်ီအီဆိမ့္ေမႊးေအးေနတဲ့ သရက္သီးကူဖီးလ္ကို အရသာရွိရွိ သုံးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

ချိုအီဆိမ့်မွှေးတဲ့ သရက်သီးကူဖီးလ်လေးကို အိမ်မှာအဝစားဖို့ သရက်သီးကူဖီးလ် ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ
၁။ နွားနို့ (Full cream milk) – 3 ခွက် (750 ml)
၂။ နို့မှုန့် – 1 ခွက် (250 ml) နှင့် နို့ဆီ – ၁ ဗူး (395 g)
၃။ ကော်မှုန့် corn starch/flour – ထမင်းစားဇွန်း ၂ ဇွန်း
၄။ အရမ်းကြေညက်အောင်ကြိတ်ထားသော သရက်သီး း – 1 ခွက် (250 ml)
၅။ အစားအစာသုံးအရောင်မှုန့် food colouring – အဝါရောင် အနည်းငယ်

ပြုလုပ်နည်း
၁။ ကော်မှုန့် corn starch/flour ကို ရေ (ထမင်းစားဇွန်း ၄ ဇွန်း ) ဖြင့် ရောဖျော်ထားပါ။
၂။ မီးပုံမှန်အပူချိန် ဖြင့်တည်ထားသော နွားနို့ အနည်းငယ်ပူလာလျှင် နို့မှုန့်ထည့်ကာ အဖတ်များမကျန်အောင် မွှေပြီး နွားနို့အနည်းငယ် ဆူလာသည်အထိ တည်ထားပါ။ (နို့မှုန့်ဖတ်များ ခဲမနေစေရန် နို့အနည်းငယ်ပူမှ ထည့်ခြင်းဖြစ်ပါတယ်။)
၃။ နို့စပြီး ဆူလာသည်နှင့် နို့ဆီထည့်ကာ ၅ မိနစ်ခန့်မွှေကျိုပါ။ (အိုးမကပ်အောင် မွှေပေးဖို့လိုပါတယ်။ လိုအပ်လျှင် မီးအပူရှိန် အနည်းငယ်လျှော့ပေးပါ။)
၄။ ပြီးလျှင် အနည်ထိုင်နေသော ဖျော်ထားသည့် ကော်မှုန့် corn starch အရည်ကို ပြန်မွှေပြီး လောင်းထည့်ကာ ခဲမသွားအောင် ၂ မိနစ်ခန့် မွှေကျို၍ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အရည်ကအတော်လေးပျစ်နေရပါမယ်။)
၅။ အအေးခံသည့်အချိန် ၅ မိနစ်ခန့်ကြာပြီးနောက် ခပ်နွေးနွေးအနေအထားတွင် ကြိတ်ထားသည့် သရက်သီးထည့်မွှေပါ။
၆။ ပြီးနောက် အဝါရောင်မှုန့် food colouring ထည့်လိုပါက ထည့်သည်ဆိုရုံလေးထည့်ပြီး မွှေပေးကာ ဆက်ပြီးအအေးခံထားပါ။
၇။ အေးသွားပြီးနောက် အနည်ထိုင်နေသည်များကို ပြန်မွှေပြီး မိမိအဆင်ပြေသည့်ခွက်လေးများထဲထည့်ကာ အဖုံး ဖုံး၍ ခဲသွားအောင် ရေခဲသေတ္တာ (freezer) ထဲ အနည်းဆုံး ၆ နာရီခန့် ထည့်ထားပါ။ ( ရေခဲချောင်းလုပ်တဲ့ မိုလ်ခွက်ထဲထည့်လို့လည်း ရပါတယ် )
၈။ စားမည့်အချိန်တွင် ခွက်ကြီးကြီးထဲထည့်ထားသည်များကို ထုတ်ယူရလွယ်ကူစေရန် ရေနွေးခွက်ထဲ ခဏစိမ်ပြီးမှ ပန်းကန်ထဲ မှောက်ထည့်၍ ထုတ်ကာ ဓါးဖြင့်လှီးပါ။

ခုဆိုရင်တော့ ချီအီဆိမ့်မွှေးအေးနေတဲ့ သရက်သီးကူဖီးလ်ကို အရသာရှိရှိ သုံးဆောင်ကြမယ်နော်။

Ref; asianfood

 

989 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.