“The Hollywood Reporter” မဂ္ဂဇင်းမှ G-Dragon အား “Global Pop Icon” အဖြစ် သတ်မှတ်

g-dragon_hollywood_reporter-jpg.jpg

အမေရိကန် entertainment မဂ္ဂဇင်းတစ်ခုဖြစ်တဲ့ “The Hollywood Reporter” ဟာ Big Bang ရဲ့ G-Dragon ကို “Global Pop Icons” ဆယ်ဦးထဲမှာ တစ်ဦးအပါအ၀င်ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။ ပေါ့ပ်လောကရဲ့ နာမည်အကျော်ကြားဆုံးသူတွေလို့ ပြောလို့ရတဲ့ Lorde , Ellie Goulding, Avril Lavigne, Phoenix တို့နဲ့အတူ G-Dragon ဟာ ဒီစာရင်းထဲမှာ မျှဝေဖော်ပြခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်တဲ့ ဆောင်းပါးထဲမှာဆိုရင် G-Dragon ကို Justin Timberlake နဲ့ ယှဉ်ရေးထားတာမျိုးတွေ့ရပြီး မကြာခင်မှာ boy band ရဲ့ အဖွဲ့ဝင်အနေနဲ့ သူတို့နှစ်ဦး ပူးပေါင်းလုပ်ဆောင်ဖို့ ရှိတယ်လို့သိရပါတယ်။ ဒါတင်မကသေးပဲ “The Hollywood Reporter” ရဲ့ စာရေးသူဟာ G-Dragon ကို “ယုံကြည်ထိုက်တဲ့ ဂီတမျိုးရိုးရှိသူတစ်ဦးဖြစ်ပြီး Kanye Westရဲ့ ဗီဇသစ်လို့တောင် ပြောရဲပါတယ်” လို့ အမွှန်းတင် ထားပါတယ်။

ဒီလိုမျိုး အမေရိကန်ဂီတအကျော်အမော်တွေဖြစ်တဲ့ Justin Timberlake နဲ့ Kanye West တို့ကို G-Dragon နဲ့ နှိုင်းယှဉ်ရေးသားတာဟာ ရှာမှရှားတဲ့ နှိုင်းယှဉ်မှုတစ်ခုဖြစ်တာကြောင့် G-Dargon ရဲ့အောင်မြင်မှုတွေဟာ အနောက်နိုင်ငံတွေရဲ့ ဖျော်ဖြေရေးတွေမှာတောင် လွှမ်းမိုးမှုရှိနေပြီလို့ ဆိုရမှာဖြစ်ပါတယ်။

Ref:kpopstarz

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.