ပင်လယ်စာတစ်မျိုးဖြစ်တဲ့ ပြည်ကြီးငါး ချဉ်စပ်ချက်နည်း

ဒီတစ်ခေါက်မှာတော့ ပင်လယ်စာ ဟင်းတစ်မျိုးဖြစ်တဲ့ ပြည်ကြီးငါး ချဉ်စပ် ချက်နည်းကို ပြောပြလိုက်ပါတယ်။

ပြည်ကြီးငါး
ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ကြက်သွန်မိတ်
ခရမ်းချဉ်သီးအနည်းငယ်
မန်ကျည်းသီးနှစ်အနည်းငယ်
ဆီ၊ဆား
ပဲပုပ်စေ့အစပ်
ဟင်းခတ်မှုန့်
နှစ်သက်ရာ အသီးအရွက်များ
ငရုတ်သီးစိမ်း၊အရောင်တင်မှုန့် စတာတွေ လိုအပ်ပါတယ်။
အရင်ဆုံး ပြည်ကြီးငါးကို ခေါင်းဖြတ်ပြီး အားလုံးသန့်စင်အောင်ဆေးပြီး ထက်ခြမ်း ခြမ်းထားပါ။
ပြီးလျှင် ကြက်သွန်နီ၊ကြက်သွန်ဖြူ ကို ပါးပါးလှီးထားပါ။
ကြက်သွန်မိတ်ကို ၁ လက်မအရှည်ခန့်လောက် လှီးဖြတ်ပါ။
ဒယ်အိုးကို မီးဖိုပေါ်တင်ပြီး ဆီထည့်၍ မီးပြင်းပြင်းဖြင့် အပူပေးပါ။
လှီးထားတဲ့ ကြက်သွန်တွေကို ထည့်ပြီး မိနစ်အနည်းငယ်လောက်ကြော်ပေးပါ။
ကြက်သွန်နွမ်းလာလျှင် ခရမ်းချဉ်သီးကိုထည့်ပြီး လိပ်သွားအောင်ကြော်ပေးပါ။
ထို့နောက် ပဲပုပ်စေ့ကို ထည့်ပြီး မွှေပေးပါ။
ပြီးနောက်မှာတော့ ပြည်ကြီးငါးကို ထည့်ပြီး မိနစ်အနည်းငယ်လောက်ကြော်ပေးပါ။
ကျိတ်ထားတဲ့ ငရုတ်သီးစိမ်းတွေကို ထည့်ပြီး အနံ့ မွှေးလာသည်အထိ ကြော်ချက်ပေးပါ။
အနံ့လေးမွှေးလာရင် မန်ကျည်းသီးနှစ်ကို လိုသလောက်ထည့်ပါ။
ပြီးနောက် ကိုယ်ထည့်ချင်တဲ့ အသီးအရွက်တွေကို ထည့်ပြီး မီးဖိုပေါ်မှ ချလိုက်ပါ။
အချိုအငံမြည်းပြီး ကြက်သွန်မိတ်၊ ဟင်းခတ်မှုန့်တွေကို ထည့်၍ရောမွှေပြီး အရသာ မြည်းကြည့်ကာ အရသာကောင်းမွန်တဲ့ ပြည်ကြီးငါးချဉ်စပ်ဟင်းကို သုံးဆောင်ပါတယ်။

94 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.