အငယ္ဆုံးတို႔ရဲ႕ တမူထူးတဲ့ ကိုယ္ရည္ကိုယ္ေသြးမ်ား

အငယ္ဆုံး ကေလးေတြဟာ တစ္မိသားစုလုံးရဲ႕ အခ်စ္ဆုံးေလးေတြ ျဖစ္ၾကသလို အသြက္ဆုံး၊
အထက္ဆုံး၊ အရဲဆုံးေလးေတြလည္း ျဖစ္ၾကပါတယ္။ ကိုယ္ထင္ရာ ကိုယ္လုပ္တတ္ၾကကာ မိသားစု
အစဥ္အလာ ကေန ထိုးေဖာက္ခြဲထြက္ဖို႔ ဝန္မေလးၾကသူေတြလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႔က…

၁။ ရဲရင့္စြန႔္စား
အရဲစြန႔္ရတဲ့ အလုပ္ေတြကို ႏွစ္သက္ၾကပါတယ္။ ဒါေၾကာင့္လည္း အားကစားမွာ ဆိုရင္ စြန႔္စားရတဲ့
အားကစားေတြ ျဖစ္တဲ့ ေလထီးခုန္ျခင္း၊ ေရလႊာေလွ်ာစီးျခင္း တို႔ကိုစမ္းလုပ္ခ်င္ၾကတာပါ။ ဆန႔္က်င္ဘက္ ျဖစ္တဲ့ ေရွး႐ိုးစြဲ အႀကီးဆုံး ေတြကေတာ့ ေဂါက္႐ိုက္ျခင္း၊ ေရကူးျခင္းလို အားကစားေတြကိုသာ လုပ္ၾကပါတယ္။ စြန႔္စားရဲသူေတြ ျဖစ္တာေၾကာင့္လည္း စြန႔္ဦး တီထြင္သူေတြ၊ ရွာေဖြ ေတြ႕ရွိသူေတြ အမ်ားစုက အငယ္ဆုံး ေမြးခ်င္းေတြ ျဖစ္ေနတာပဲ ျဖစ္ပါတယ္။

၂။ ေပါ့ေပါ့ပါးပါး
အငယ္ဆုံးေလးေတြဟာ ကိစၥရပ္ အမ်ားစုမွာ အသက္အ႐ြယ္၊ အင္အား၊ ကိုယ္လုံးကိုယ္ထည္
ကြာဟမႈ တို႔ေၾကာင့္ အႀကီးေတြနဲ႔ မယွဥ္ႏိုင္ကာ အႏိုင္ မရႏိုင္ေၾကာင္းသိထားၾကၿပီးသား ျဖစ္ပါတယ္။ ဒါေၾကာင့္လည္း ထိပ္ဆုံးမွာ မေရာက္တဲ့ အတြက္ ဘာမွမခံစားရသလို ဖိအားလည္း မမ်ားပါဘူး။ စိတ္သက္သက္သာသာနဲ႔ ေပါ့ေပါ့ပါးပါးပဲ သေဘာထားတတ္ၾကပါတယ္။ ၿပိဳင္ဆိုင္လိုစိတ္၊ အႏိုင္ရလိုစိတ္ သိပ္မမ်ားၾကပါဘူး။

၃။ ၾကင္နာတတ္
အငယ္ဆုံးေတြဟာ အိမ္မွာ သူတို႔ထက္ ငယ္တဲ့သူေတြ မရွိတာေၾကာင့္ သူတို႔သနားရမယ့္သူ၊ က႐ုဏာ ထားရမယ့္သူ မိသားစုမွာ ရွိမေနပါဘူး။ ဒါေၾကာင့္လည္း အငယ္ဆုံးကေလးေတြဟာ သူတို႔ ၾကင္နာလို႔ရတဲ့ အ႐ုပ္ေလးေတြ၊ အိမ္ေမြး တိရစာၦန္ေလးေတြကို အရမ္း ခ်စ္တတ္ၾကတာပါ။ အငယ္ဆုံးေတြဟာ စိတ္ထား ႏူးညံ့ၿပီး ေစတနာေကာင္းကာ က႐ုဏာထားတတ္ၾကသူမ်ား ျဖစ္ပါတယ္။ ဘာသာေရး ကိုင္းရႈိင္းၿပီး အလႉအတန္းလည္းရက္ေရာၾကပါတယ္။

၄။ သ႐ုပ္ေဆာင္ပိုင္ႏိုင္
သြက္လက္ ရဲတင္းသလို စိတ္ခံစားမႈ ျပင္းထန္ကာ စိတ္ကူးယဥ္တတ္တာေၾကာင့္လား မသိ။
အငယ္ဆုံးေတြဟာ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ေလာကမွာ ေနရာ ရေနၾကတာ ေတြ႕ရပါတယ္။
ဒါေၾကာင့္ ႐ုပ္ရွင္ေလာကမွာ အငယ္ဆုံးေတာ္ေတာ္မ်ားမ်ားကို ေတြ႕ရတတ္သလို ဂ်ဴလီယာေရာဘတ္နဲ႔ ရိစ္ဝီသာစပြန္း တို႔လို ေအာ္စကာ သ႐ုပ္ေဆာင္ မင္းသမီးေတြကလည္း အငယ္ဆုံးေတြပါပဲ။

[ Unicode ]

အငယ်ဆုံး ကလေးတွေဟာ တစ်မိသားစုလုံးရဲ့ အချစ်ဆုံးလေးတွေ ဖြစ်ကြသလို အသွက်ဆုံး၊
အထက်ဆုံး၊ အရဲဆုံးလေးတွေလည်း ဖြစ်ကြပါတယ်။ ကိုယ်ထင်ရာ ကိုယ်လုပ်တတ်ကြကာ မိသားစု
အစဉ်အလာ ကနေ ထိုးဖောက်ခွဲထွက်ဖို့ ဝန်မလေးကြသူတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် သူတို့က…

၁။ ရဲရင့်စွန့်စား
အရဲစွန့်ရတဲ့ အလုပ်တွေကို နှစ်သက်ကြပါတယ်။ ဒါကြောင့်လည်း အားကစားမှာ ဆိုရင် စွန့်စားရတဲ့
အားကစားတွေ ဖြစ်တဲ့ လေထီးခုန်ခြင်း၊ ရေလွှာလျှောစီးခြင်း တို့ကိုစမ်းလုပ်ချင်ကြတာပါ။ ဆန့်ကျင်ဘက် ဖြစ်တဲ့ ရှေးရိုးစွဲ အကြီးဆုံး တွေကတော့ ဂေါက်ရိုက်ခြင်း၊ ရေကူးခြင်းလို အားကစားတွေကိုသာ လုပ်ကြပါတယ်။ စွန့်စားရဲသူတွေ ဖြစ်တာကြောင့်လည်း စွန့်ဦး တီထွင်သူတွေ၊ ရှာဖွေ တွေ့ရှိသူတွေ အများစုက အငယ်ဆုံး မွေးချင်းတွေ ဖြစ်နေတာပဲ ဖြစ်ပါတယ်။

၂။ ပေါ့ပေါ့ပါးပါး
အငယ်ဆုံးလေးတွေဟာ ကိစ္စရပ် အများစုမှာ အသက်အရွယ်၊ အင်အား၊ ကိုယ်လုံးကိုယ်ထည်
ကွာဟမှု တို့ကြောင့် အကြီးတွေနဲ့ မယှဉ်နိုင်ကာ အနိုင် မရနိုင်ကြောင်းသိထားကြပြီးသား ဖြစ်ပါတယ်။ ဒါကြောင့်လည်း ထိပ်ဆုံးမှာ မရောက်တဲ့ အတွက် ဘာမှမခံစားရသလို ဖိအားလည်း မများပါဘူး။ စိတ်သက်သက်သာသာနဲ့ ပေါ့ပေါ့ပါးပါးပဲ သဘောထားတတ်ကြပါတယ်။ ပြိုင်ဆိုင်လိုစိတ်၊ အနိုင်ရလိုစိတ် သိပ်မများကြပါဘူး။

၃။ ကြင်နာတတ်
အငယ်ဆုံးတွေဟာ အိမ်မှာ သူတို့ထက် ငယ်တဲ့သူတွေ မရှိတာကြောင့် သူတို့သနားရမယ့်သူ၊ ကရုဏာ ထားရမယ့်သူ မိသားစုမှာ ရှိမနေပါဘူး။ ဒါကြောင့်လည်း အငယ်ဆုံးကလေးတွေဟာ သူတို့ ကြင်နာလို့ရတဲ့ အရုပ်လေးတွေ၊ အိမ်မွေး တိရစ္ဆာန်လေးတွေကို အရမ်း ချစ်တတ်ကြတာပါ။ အငယ်ဆုံးတွေဟာ စိတ်ထား နူးညံ့ပြီး စေတနာကောင်းကာ ကရုဏာထားတတ်ကြသူများ ဖြစ်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းပြီး အလှူအတန်းလည်းရက်ရောကြပါတယ်။

၄။ သရုပ်ဆောင်ပိုင်နိုင်
သွက်လက် ရဲတင်းသလို စိတ်ခံစားမှု ပြင်းထန်ကာ စိတ်ကူးယဉ်တတ်တာကြောင့်လား မသိ။
အငယ်ဆုံးတွေဟာ ရုပ်ရှင် သရုပ်ဆောင် လောကမှာ နေရာ ရနေကြတာ တွေ့ရပါတယ်။
ဒါကြောင့် ရုပ်ရှင်လောကမှာ အငယ်ဆုံးတော်တော်များများကို တွေ့ရတတ်သလို ဂျူလီယာရောဘတ်နဲ့ ရိစ်ဝီသာစပွန်း တို့လို အော်စကာ သရုပ်ဆောင် မင်းသမီးတွေကလည်း အငယ်ဆုံးတွေပါပဲ။

Ref; birth_order

 

270 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.