အစားအလွန်အကျွံစားသုံးခြင်း၏ ဆိုးကျိုးများ

အစားအသောက်အလွန်အကျွံစားခြင်းက ကျန်းမာရေးထိခိုက်ခြင်းနှင့် အိမ်ထောင်ရေး၊လူမှုရေးနှင့် မိမိရဲ့ ယုံကြည်မှုတွေကိုပါလျော့ကျနိုင်ပါတယ်။

၁) အစာအိမ်ကို ထိခိုက်စေတယ်။
အစာအိမ်ရဲ့ အရွယ်အစားက လက်သီးဆုပ်တစ်ခုစာလောက်ပဲရှိတာပါ။ လက်သီးဆုပ်လောက်ပဲရှိတဲ့ အစာအိမ်ကို အစာတွေ မဆန့်မပြဲ ထည့်လိုက်ရင် သူရဲ့ လုပ်ဆောင်ချက်ကို ကျော်လွန်ပြီး အစာအိမ်နာကျင်ခြင်း၊ ဝေဒနာကို ခံရနိုင်ပါတယ်။ ထိုမှတဆင့် ဗိုက်နာခြင်း၊ အစာအိမ်အချဉ်ပေါက်ခြင်း၊ နှလုံးအောင့်ခြင်း၊ မူးဝေခြင်း၊ မကြာခဏလေလည်ခြင်းတို့ပါ ဖြစ်လာစေမှာပါ။

၂) အဝလွန်ခြင်းကို အားပေးပါတယ်။
အစားအသောက်အလွန်အကျွံစားသုံးခြင်းက မလိုလားအပ်တဲ့ ကိုယ်အလေးချိန်တိုးလာခြင်းကို ဦးတည်နေပါတယ်။ အချိန်ကြာလာတာနှင့်အမျှ အဝလွန်ရောဂါဖြစ်လာနိုင်ပါတယ်။ ထို့နောက် စိတ်ပိုင်းဆိုင်ရာကြောင့် အစားလွန်ခြင်းနှင့်လည်း ဆက်စပ်နေပါတယ်။ တချို့ကတော့ ပျော်ရင်လဲစားသလို၊စိတ်ညစ်ရင်လဲ စားတတ်ကြပါတယ်။ မိမိတို့ရဲ့စိတ်ခံစားချက်ကို အစားစားခြင်းနှင့် ဖြေဖျောက်တတ်တဲ့သူတွေကတော့ အဝလွန်ရောဂါဖြစ်နိုင်ခြေများပါတယ်။

၃) နှလုံးနှင့် ဆိုင်သော ရောဂါများ
အစားလွန်ခြင်းက နှလုံးရောဂါနှင့်ဆိုင်တဲ့ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ခန္ဓာကိုယ်ထဲမှာ များပြားစွာ စုပုံလာတဲ့ အဆီပိုတွေက သွေးကြောအဝတွေမှာ ပိတ်ဆို့စေမှာပါ။ အဲ့ဒီလို အဆီတွေနှင့် ပိတ်နေတဲ့ သွေးကြောတွေက သွေးလှည့်ပတ်မှုနှုန်းကို အဆင်မပြေဖြစ်စေပါတယ်။ ထိုမှတဆင့် နှလုံးသွေးကြောကျဉ်းရောဂါမျိုး နှလုံးနှင့်ဆိုင်တဲ့ ရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်။

၎) ဆီးချိုသွေးချိုရောဂါ ရနိုင်ပါတယ်။
အစားအစာအများကြီးစားတဲ့အခါမှာ ပါဝင်နေတဲ့ သကြားဓာတ်တွေကို စွမ်းအင်အဖြစ် ပြောင်းလဲနိုင်ခြေ လျော့နည်းလာပြီး အဲ့ဒီသကြားဓာတ်အပိုတွေက သွေးထဲမှာ အင်ဆူလင်ပမာဏကို ပိုမိုများပြားလာစေပါတယ်။ အဲ့ဒါက ဆီးချိုသွေးချိုရောဂါကို ဖိတ်ခေါ်နေသလို ဖြစ်နေပါတယ်။

၅) အရေပြားပြဿနာတွေ ကြုံတွေ့နိုင်ပါတယ်။
အစားအများကြီးစားပေမယ့် အရေပြားမှာ လိုအပ်တဲ့ အာဟာရဓာတ်တွေကို လုံလောက်စွာမရဘူးဆိုရင် အရေပြားကို မြန်မြန်အိုမင်းရင့်ရော်စေတဲ့ free radical တွေရဲ့ တိုက်ခိုက်မှုကို ခံရနိုင်ခြေရှိပါတယ်။

၆) သားသမီးမရနိုင်ခြေများပါတယ်။
အမျိုးသမီးတွေ အစားလွန်ခြင်းကြောင့် ဖြစ်တတ်တဲ့ ပြဿနာတွေထဲမှာ သားသမီးမရနိုင်ခြေလဲပိုများလာပါတယ်။ အစားလွန်ခြင်းကြောင့် ဓမ္မတာကို ထိခိုက်တဲ့အပြင် Poly Cystic Ovarian Syndrome လို့ခေါ်တဲ့ လိင်စိတ်ဟော်မုန်း၊မမျိုးဥ ကပြောင်းကပြန်ဖြစ်စေတဲ့အထိပါ ဖြစ်လာနိုင်ပါတယ်။ထို့ကြောင့် သားသမီးရရှိနိုင်ခြေ ပိုနည်းလာနိုင်ပါတယ်။

၇) ဆံပင်ပိုကျွတ်လာတယ်။
အစားလွန်ခြင်းက ခန္ဓာကိုယ်ထဲက အာဟာရဓာတ်တွေကို အလဟဿဖြစ်စေပါတယ်။ ဗီတာမင်မလုံလောက်ခြင်းက ဆံပင်နှင့် ဦးရေပြားကို ပျက်ဆီးစေပါတယ်။ ထိုမှတဆင့် ဆံပင်ကျွတ်ခြင်း၊ ဦးရေပြား ယားယံခြင်းနှင့် ဗောက်ထခြင်းတွေဖြစ်လာနိုင်ပါတယ်။

၈) ကိုယ်တွင်းအင်္ဂါ မတည်ငြိမ်ဖြစ်ခြင်း
အစားလွန်ခြင်းက ကိုယ်တွင်းအင်္ဂါလုပ်ဆောင်မှုတွေကို မတည်မငြိမ်ဖြစ်စေပါတယ်။ အစာအိမ်၊အသည်း၊ကျောက်ကပ်တွေလိုမျိုး အစာခြေစနစ်မှာ ပါဝင်တဲ့ ကိုယ်တွင်းအင်္ဂါတွေက အစားလွန်တဲ့အချိန်မှာ အလုပ်လုပ်ရတာပိုများပြီး ထိခိုက်ဒဏ်ရာ ရစေနိုင်ပါတယ်။ ထိုမှတဆင့် ကိုယ်တွင်းအင်္ဂါပျက်ဆီးမှုကို ဦးတည်နေပါတယ်။
Ref;STYLECRAZE

202 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.