လည်ပင်းနာခြင်း၊အာသီးရောင်ခြင်းတို့အတွက် ဂျင်းပြုတ်ရည်တစ်ခွက်

အခုချိန်က ရာသီအကူးအပြောင်းနှင့် အပူရှိန်မြင့်တတ်မှုကြောင့် အအေးစာများစားသုံးခြင်း၊ ရေခဲရေအသောက်များခြင်းကြောင့် ဖြစ်တတ်တဲ့ လည်ပင်းနာခြင်း၊အာသီးရောင်ရမ်းခြင်းတွေဖြစ်လာတတ်ပါတယ်။

ဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်တော့ အိမ်မှာ အသုံးပြုတဲ့ ဂျင်းနဲ့ ကုသမယ်ဆို ပျောက်နိုင်ပါတယ်။
ဂျင်းကို
ပျားရည်၊ သံပုရာသီးနှင့်ရောပြီး သောက်မယ်ဆိုရင် ရောင်ရမ်းတာတွေ၊ဘက်တီးရီးယား ဝင်ရောက်တာတွေပါ သက်သာသွားစေမှာပါ။
ပြုလုပ်နည်း
ဂျင်း – ၂ လက်မ
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်
သံပုရာရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ရေ – ရေခွက်တစ်ခွက်ရဲ့ တစ်ဝက်စာ

ပထမဦးဆုံး ဂျင်းကို ပါးပါးလှီးပါ။ ရေကို အိုးထဲထည့်ပြီး အပူပေးပါ။
ထို့နောက် ဂျင်းကို အိုးထဲထည့်ပါ။

နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်ကိုထည့်ပြီး နှံ့အောင် မွှေပါ။
မီးအေးအေးဖြင့် တည်ပြီး မွှေပါ။

အိုးကို အဖုံးပိတ်ပြီး ၅ မိနစ်မှ ၈ မိနစ်လောက် ဆူအောင်ထားပါ။ ပြီးလျှင်
မီးပိတ်ပြီး အအေးခံပါ။

ထို့နောက်မှာတော့ ဂျင်း အရည်ကိုပဲ ခွက်တစ်ခုထဲသို့ စစ်ထည့်ပါ။
ပျားရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်းကို ထည့်ပါ။ ပြီးလျှင် သံပုရာသီးကို ထည့်မွှေပြီး သောက်ရင်ရပါပြီ။

တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်(သို့) နှစ်ကြိမ်ဖြင့် ၂ ရက်(သို့) ၃ ရက်ကြားလောက်သောက်ပေးရင် လည်ချောင်းနာတာ၊ အာသီးရောင်တာတွေကို သက်သာသွားစေမှာပါ။


Ref;HEALTHGROUP

962 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.