၎ ဂဏန်းသမားများဆိုသည်မှာ…
အထိပါပဲ။
ကူညီတတ်တာပါပဲ။
အမြဲတွေဝေ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။
[ Unicode ]
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂ ရက်တွင် မွေးဖွားသူများသည် ၄ ဂဏန်းသမားများ ဖြစ်ကြသည်။
အစဉ်အလာတွေကို ဂရုမစိုက်သူဖြစ်တယ်။ ခေါင်းကလည်းမာတယ်။ ထူးဆန်းတာတွေလည်း
ဖောက်ထွက်လုပ်ကိုင်နိုင်သူဖြစ်တယ်။ တော်လှန်ပုန်ကန်တတ်သူဖြစ်တယ်။
အပြောင်းအလဲကို ခုံမင်သူဖြစ်တယ်။ တခါတရံ ကြောင်တယ်လို့ အပြောခံရတဲ့
အထိပါပဲ။
– မင်းလည်းပဲ ခေါင်းအလွန်မာတဲ့သူ တဦးပါပဲ။
– အေးဆေးနေတက်တယ်..ကူညီတတ်သူဖြစ်ပေမဲ့..စကားပြောတာက ပွင့်လင်းလွန်းပါတယ်။
– အမျိုးသားဆိုရင်တော့ အဲဒီအတွက်နဲ့ပဲ.. တခြားလူတွေကိုစိတ်အနှောက်ယှက်ပိုဖြစ်စေပြီ.. မင်းကိုထားပြီး အဝေးကို ပြေးသွားတက်ကြပါတယ်။
– မင်းဟာ တခါတရံမှာတော့.. တခြားလူတွေနဲ့ သူတို့ရဲ့ ပြဿနာတွေကို ကောင်းကောင်းကြီး နားလည်နေပြန်ရော။
– အချိန်တိုင်းလိုလို မင်းဟာ အမျိုးသမီးမိတ်ဆွေတွေနဲ့ အချိန်ဖြုန်းနေတက်ပြီ..အမျိုးသမီငယ်တွေနဲ့ ပျော်ရွှင်ရတာကို နှစ်သက်သူ တစ်ဦးပါ။
မင်းရဲ့ စိတ်ထားကောင်းကတော့.. မိသားစုနဲ့သူငယ်ချင်းတွေကို
ကူညီတတ်တာပါပဲ။
-မင်းဟာ ငယ်ရွှယ်စဉ်မှာပဲ.. အချစ်ကို တွေ့ရှိတတ်ပါတယ်။
-မင်းဘဝမှာ တခါတရံ အဆင်မပြေမှုတွေနဲ့ ပြည့်နက်နေတက်တယ်.. ဥပမာ..
မင်းဟာ ဘွဲ့တခုခုရထားပေမယ့်..အလုပ်လက်မဲ့ဖြစ်နေတာမျိုးပေါ့.. ဒါမှမဟုတ်..
အောက်ခြေအလုပ်ကို လုပ်နေရတာမျိုးပေါ့။
-ဒါပေမယ့်..မင်းရဲ့မိသားစုကိုတော့..မင်းဟာ ကောင်းကောင်းစောင့်ရှောက်နိုင်ပါတယ်။
-အဓိက သတိထားရမယ်လူတွေကတော့.. မင်းရဲ့ကြင်နာတတ်တဲ့ စိတ်ထားကို
အခွင့်ကောင်းယူမယ့်သူတွေကိုပါပဲ။
-ဒါကြောင့်..မင့်နဲ့ပတ်ဝန်းကျင်ဆက်ဆံရေးကို အထူးသတိပြုပါ။
-အမျိုးသမီးဆိုရင်တော့.. မင်းဟာ ပညာရပ်ပိုင်းနဲ့ အနုပညာပိုင်းမှာထွန်းပေါက်နိုင်ပါတယ်..
-မင်းဟာ..စိတ်ရှည်တယ်.. ခေါင်းမာတယ်.. ရှေးရိုးနည်းနည်းဆန်ပြီး..အစီအစဉ်တကျလုပ်ကိုင်တက်သူတယောက်ဖြစ်တယ်…
-မင်းရဲ့အကောင်းဆုံးအဖော်မွန်တွေကတော့.. 1, 8…သင့်တော်တဲ့သူတွေကတော့…5, 6, 7။
နောက်ဆုံးအနေနဲ့ ၄ ဂဏန်းသမားတွေဟာ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်း ကျလွန်းခြင်းကြောင့်
နှလုံးသားရေးရာ စိတ်သောက ကြုံရတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက်
နိမ့်ကျသူကို ဦးစားပေး ရွေးချယ်၍ အလိုလိုက် အကြိုက်ဆောင်ကာ
ဘဝမြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။
စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော
နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား
အမြဲတွေေ၀ ဒွိဟဖြစ်ကာ မေတ္တာရေးရာ တွင်စိတ်ဓါတ် တက်လွယ်၊ ကျလွယ်သည်။
ဖြောင့်မှန်ရိုးသား၍ မိမိကြောင့် တစ်ပါးသူ စိတ်ချမ်းမြေ့အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာခံသူများ ဖြစ်ကြသည်။
Ref; numerology
3K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.