မုန႔္ဆပ္သဖူး ျပဳလုပ္နည္း

အုန္းႏို႔နံ႔ေလး ေမႊးႏွစ္ေနတဲ့ မုန႔္ဆပ္သဖူးပူပူေႏြးေႏြးေလးကို အိမ္မွာအဝဆြဲဖို႔ မုန႔္ဆပ္သဖူး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

( အုန္းယိုထိုးထားရန္ အတြက္ )
1. ထန္းလ်က္ – 100 g
2. အုန္းႏိူ႔ – 1/4 cup (60 ml)
3. ဆား – 1/8 tsp
4. ျခစ္ထားေသာ အုန္းသီးဖတ္ – 1 cup (250 ml)
– ထန္းလ်က္ ႏွင့္ အုန္းႏိူ႔ကို ေရာကာ အပူခ်ိန္အသင့္အတင့္ျဖင့္ ထန္းလ်က္ မ်ားေပ်ာ္သြားေအာင္ ေမႊက်ိဳေပးပါ။
– ထန္းလ်က္ မ်ားေပ်ာ္ကာ ဆူလာလွ်င္ အုန္းသီးဖတ္မ်ားထည့္ၿပီး မီးျပင္းျပင္းျဖင့္ အရည္အေတာ္ေလး ခမ္းသြားေအာင္ မၾကာခဏေမႊက်ိဳေပးပါ။ (အရည္ခမ္းခါနီးလွ်င္ မီးအပူခ်ိန္ေလွ်ာ့ခ်ေပးပါ။)
– အရည္ေစးေစးပစ္ပစ္ေလး အနည္းငယ္က်န္လွ်င္ အသုံးျပဳရန္အတြက္ အုန္းယို အသင့္ျဖစ္ၿပီမို႔ မီးဖိုမွ ဖယ္ကာ အေအးခံထားပါ။ (အုန္းယို ပိုၿပီးစားေကာင္းေစရန္ အရမ္းေျခာက္ကပ္သြားေအာင္ မက်ိဳရပါ)
အုန္းယိုအမ်ားႀကီး မလိုအပ္ေပမယ့္ မုန႔္အမ်ိဳးမ်ိဳးလုပ္ရာတြင္ အသုံးျပဳႏိူင္သည့္အတြက္ ပိုၿပီးထိုးထားျခင္းျဖစ္ပါတယ္။
ပိုသည့္အုန္းယိုမ်ားကို ဗူးသန႔္သန႔္ထဲထည့္ကာ ေရခဲေသတၱာထဲမွာ အနည္းဆုံး တစ္လခန႔္သိမ္းထားႏိူင္ပါတယ္။ သိမ္းထားေသာ အုန္းယိုကို ျပန္မသုံးခင္ ၁၅ မိနစ္ခန႔္ ေရခဲေသတၱာထဲမွ ႀကိဳထုတ္ၿပီးမွ သုံးပါ။

မုန႔္ဆပ္သဖူးအတြက္ လိုအပ္ေသာပစၥည္းမ်ား
1. ေကာက္ညႇင္းအစိမ္းမႈန႔္ – ထမင္းစားဇြန္း ၁၀ ဇြန္း
2. ဆား – အနည္းငယ္
3. ေရ – ထမင္းစားဇြန္း ၃ ဇြန္း + လက္ဖက္ရည္ဇြန္း ၂ ဇြန္း
4. အုန္းယို – လက္ဖက္ရည္ဇြန္း ၅ ဇြန္း

ျပဳလုပ္နည္း
– ေကာက္ညႇင္းမႈန႔္ ႏွင့္ ဆား အေရာအေႏွာထဲ ေရ (ထမင္းစားဇြန္း ၃ ဇြန္း) ကို ျဖန႔္ၿပီးထည့္ကာ လက္ေခ်ာင္းထိပ္မ်ားျဖင့္ ဖိေခ်နယ္ေပးပါ။ (၂ မိနစ္ခန႔္)
– အေတာ္ေလးႏွံ႔ေအာင္ နယ္ၿပီးလွ်င္ က်န္သည့္ေရ လက္ဖက္ရည္ဇြန္း ၂ ဇြန္းကို ျဖန႔္ထည့္ကာ စလုံးစခုျဖစ္ေနသည္မ်ား တတ္ႏိူင္သမွ်ေၾကသြားေအာင္ လက္ေခ်ာင္းထိပ္မ်ားျဖင့္ ထပ္ၿပီးဖိေခ်ေပးပါ။ (၈ မိနစ္ခန႔္)
– အေရာင္နဲ႔ ရခ်င္ရင္ေတာ့ ဒီေနရာမွာ ႏွစ္သက္ရာ အေရာင္ကို ထည့္သြင္းႏိုင္ပါတယ္။
– မုန႔္သားမွာစလုံးစခု အမ်ားႀကီးက်န္ပါက ဇကာခ်လိုက္ေသာ္လည္း ခပ္ပြပြ ေကာက္ညႇင္းမႈန႔္မ်ားမျဖစ္ပဲ ေရျဖင့္လုံးေနသည့္ အလုံးေသးေသးေလးမ်ားျဖစ္သြား၍ မုန႔္လုပ္ေသာအခါ ေပ်ာ့ၿပီးစိုေနေသာ မုန႔္သား ျဖစ္သြားတတ္ပါတယ္။
– စလုံးစခု တတ္ႏိူင္သမွ် မက်န္ေအာင္ေခ်ၿပီးလွ်င္ လက္ျဖင့္ ပြတ္တိုက္ကာ ဇကာခ်ေပးပါ။
– ဇကာခ်ၿပီးပါက ေအာက္ပုံပါအတိုင္း အနည္းငယ္စိုထိုင္းေနေသာ ခပ္ပြပြအမႈန႔္မ်ားရပါမယ္။
– အပူခ်ိန္အသင့္အတင့္ ျဖင့္ အပူေပးထားေသာ ဒယ္ျပားထဲ လက္ကိုေရအနည္းငယ္စြတ္ကာ ျဖန္းထည့္ၾကည့္ပါ။
– ဖ်စ္ဖ်စ္ျမည္ၿပီး ေရစက္ေလးမ်ား ခ်က္ခ်င္း ေပ်ာက္သြားပါက ဒယ္ျပားအပူရွိန္ မွန္ၿပီျဖစ္ေသာေၾကာင့္ ေကာက္ညႇင္းမႈန႔္ ၅ ပုံ ၁ ပုံခန႔္ကို လက္ျဖင့္ ခပ္ဖြဖြကိုင္ၿပီး အိုးအလယ္ထဲ ထည့္ပါ။
– လက္ေခ်ာင္းမ်ားျဖင့္ ခပ္ဖြဖြ ျဖန႔္ၿပီး ဖိျပားေပးပါ။
– အက်က္ျမန္ၿပီး၊ က်က္သည္ႏွင့္ ျဖန႔္၍ မရေတာ့ေသာေၾကာင့္ ျမန္ျမန္ျပားေပးရပါမယ္။
– ျဖန႔္ၿပီး ဖိျပားရာ၌ မျပတ္ထြက္ေအာင္ သတိထားရပါမယ္။
– ျဖန႔္ၿပီးသည္ႏွင့္ အုန္းယို (လက္ဖက္ရည္ဇြန္း ၁ ဇြန္းခန႔္) ကို ခပ္ရွည္ရွည္ အေခ်ာင္းေလးလုပ္ၿပီး မုန႔္အလယ္တြင္ ထည့္ေပးပါ။
– ထည့္ၿပီးသည္ႏွင့္ ဇြန္းထိပ္ေလးျဖင့္ မ ကာ၊ လက္ျဖင့္ ကိုင္ၿပီး ခပ္သာသာေခါက္ေပးသြားပါ။
– ေခါက္ၿပီးသြားေသာ မုန႔္ကို ပန္းကန္ထဲေျပာင္းထည့္ၿပီး၊ ဒယ္အိုးတြင္ က်န္ေနေသာ အမႈန႔္မ်ားအား ေရအနည္းငယ္စိုေနေသာ အဝတ္စျဖင့္ သုတ္ဖယ္ေပးပါ။
– အိုးျပန္ပူလွ်င္ ေနာက္ထပ္မုန႔္တစ္ခု ဆက္လုပ္ေပးပါ။

ဒါဆိုရင္ေတာ့ အုန္းႏို႔နံ႔ေလးေမႊးေနတဲ့ မုန႔္ဆပ္သဖူးေလးကို အဝသုံးေဆာင္ႏိုင္ပါၿပီေနာ္။

[ Unicode ]

အုန်းနို့နံ့လေး မွှေးနှစ်နေတဲ့ မုန့်ဆပ်သဖူးပူပူနွေးနွေးလေးကို အိမ်မှာအဝဆွဲဖို့ မုန့်ဆပ်သဖူး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

( အုန်းယိုထိုးထားရန် အတွက် )
1. ထန်းလျက် – 100 g
2. အုန်းနိူ့ – 1/4 cup (60 ml)
3. ဆား – 1/8 tsp
4. ခြစ်ထားသော အုန်းသီးဖတ် – 1 cup (250 ml)
– ထန်းလျက် နှင့် အုန်းနိူ့ကို ရောကာ အပူချိန်အသင့်အတင့်ဖြင့် ထန်းလျက် များပျော်သွားအောင် မွှေကျိုပေးပါ။
– ထန်းလျက် များပျော်ကာ ဆူလာလျှင် အုန်းသီးဖတ်များထည့်ပြီး မီးပြင်းပြင်းဖြင့် အရည်အတော်လေး ခမ်းသွားအောင် မကြာခဏမွှေကျိုပေးပါ။ (အရည်ခမ်းခါနီးလျှင် မီးအပူချိန်လျှော့ချပေးပါ။)
– အရည်စေးစေးပစ်ပစ်လေး အနည်းငယ်ကျန်လျှင် အသုံးပြုရန်အတွက် အုန်းယို အသင့်ဖြစ်ပြီမို့ မီးဖိုမှ ဖယ်ကာ အအေးခံထားပါ။ (အုန်းယို ပိုပြီးစားကောင်းစေရန် အရမ်းခြောက်ကပ်သွားအောင် မကျိုရပါ)
အုန်းယိုအများကြီး မလိုအပ်ပေမယ့် မုန့်အမျိုးမျိုးလုပ်ရာတွင် အသုံးပြုနိူင်သည့်အတွက် ပိုပြီးထိုးထားခြင်းဖြစ်ပါတယ်။
ပိုသည့်အုန်းယိုများကို ဗူးသန့်သန့်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အနည်းဆုံး တစ်လခန့်သိမ်းထားနိူင်ပါတယ်။ သိမ်းထားသော အုန်းယိုကို ပြန်မသုံးခင် ၁၅ မိနစ်ခန့် ရေခဲသေတ္တာထဲမှ ကြိုထုတ်ပြီးမှ သုံးပါ။

မုန့်ဆပ်သဖူးအတွက် လိုအပ်သောပစ္စည်းများ
1. ကောက်ညှင်းအစိမ်းမှုန့် – ထမင်းစားဇွန်း ၁၀ ဇွန်း
2. ဆား – အနည်းငယ်
3. ရေ – ထမင်းစားဇွန်း ၃ ဇွန်း + လက်ဖက်ရည်ဇွန်း ၂ ဇွန်း
4. အုန်းယို – လက်ဖက်ရည်ဇွန်း ၅ ဇွန်း

ပြုလုပ်နည်း
– ကောက်ညှင်းမှုန့် နှင့် ဆား အရောအနှောထဲ ရေ (ထမင်းစားဇွန်း ၃ ဇွန်း) ကို ဖြန့်ပြီးထည့်ကာ လက်ချောင်းထိပ်များဖြင့် ဖိချေနယ်ပေးပါ။ (၂ မိနစ်ခန့်)
– အတော်လေးနှံ့အောင် နယ်ပြီးလျှင် ကျန်သည့်ရေ လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဖြန့်ထည့်ကာ စလုံးစခုဖြစ်နေသည်များ တတ်နိူင်သမျှကြေသွားအောင် လက်ချောင်းထိပ်များဖြင့် ထပ်ပြီးဖိချေပေးပါ။ (၈ မိနစ်ခန့်)
– အရောင်နဲ့ ရချင်ရင်တော့ ဒီနေရာမှာ နှစ်သက်ရာ အရောင်ကို ထည့်သွင်းနိုင်ပါတယ်။
– မုန့်သားမှာစလုံးစခု အများကြီးကျန်ပါက ဇကာချလိုက်သော်လည်း ခပ်ပွပွ ကောက်ညှင်းမှုန့်များမဖြစ်ပဲ ရေဖြင့်လုံးနေသည့် အလုံးသေးသေးလေးများဖြစ်သွား၍ မုန့်လုပ်သောအခါ ပျော့ပြီးစိုနေသော မုန့်သား ဖြစ်သွားတတ်ပါတယ်။
– စလုံးစခု တတ်နိူင်သမျှ မကျန်အောင်ချေပြီးလျှင် လက်ဖြင့် ပွတ်တိုက်ကာ ဇကာချပေးပါ။
– ဇကာချပြီးပါက အောက်ပုံပါအတိုင်း အနည်းငယ်စိုထိုင်းနေသော ခပ်ပွပွအမှုန့်များရပါမယ်။
– အပူချိန်အသင့်အတင့် ဖြင့် အပူပေးထားသော ဒယ်ပြားထဲ လက်ကိုရေအနည်းငယ်စွတ်ကာ ဖြန်းထည့်ကြည့်ပါ။
– ဖျစ်ဖျစ်မြည်ပြီး ရေစက်လေးများ ချက်ချင်း ပျောက်သွားပါက ဒယ်ပြားအပူရှိန် မှန်ပြီဖြစ်သောကြောင့် ကောက်ညှင်းမှုန့် ၅ ပုံ ၁ ပုံခန့်ကို လက်ဖြင့် ခပ်ဖွဖွကိုင်ပြီး အိုးအလယ်ထဲ ထည့်ပါ။
– လက်ချောင်းများဖြင့် ခပ်ဖွဖွ ဖြန့်ပြီး ဖိပြားပေးပါ။
– အကျက်မြန်ပြီး၊ ကျက်သည်နှင့် ဖြန့်၍ မရတော့သောကြောင့် မြန်မြန်ပြားပေးရပါမယ်။
– ဖြန့်ပြီး ဖိပြားရာ၌ မပြတ်ထွက်အောင် သတိထားရပါမယ်။
– ဖြန့်ပြီးသည်နှင့် အုန်းယို (လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့်) ကို ခပ်ရှည်ရှည် အချောင်းလေးလုပ်ပြီး မုန့်အလယ်တွင် ထည့်ပေးပါ။
– ထည့်ပြီးသည်နှင့် ဇွန်းထိပ်လေးဖြင့် မ ကာ၊ လက်ဖြင့် ကိုင်ပြီး ခပ်သာသာခေါက်ပေးသွားပါ။
– ခေါက်ပြီးသွားသော မုန့်ကို ပန်းကန်ထဲပြောင်းထည့်ပြီး၊ ဒယ်အိုးတွင် ကျန်နေသော အမှုန့်များအား ရေအနည်းငယ်စိုနေသော အဝတ်စဖြင့် သုတ်ဖယ်ပေးပါ။
– အိုးပြန်ပူလျှင် နောက်ထပ်မုန့်တစ်ခု ဆက်လုပ်ပေးပါ။

ဒါဆိုရင်တော့ အုန်းနို့နံ့လေးမွှေးနေတဲ့ မုန့်ဆပ်သဖူးလေးကို အဝသုံးဆောင်နိုင်ပါပြီနော်။

Ref; asianfood

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.