ဆြဲြ ေဆာင္မႈကို က်ဆင္းေစတဲ့အေၾကာင္းရင္းမ်ားမွာ…

မိန္းကေလးတစ္ေယာက္က ဘယ္ေလာက္ပဲလွေနပါေစ။ ကိုယ့္ရဲ႕အျပဳအမူေတြေၾကာင့္ တဖက္သား ေယာကၤ်ားေလးေတြကို ဆြဲေဆာင္မႈကို က်ဆင္းေစတတ္ပါတယ္။ ဒီအခ်က္ေတြကေတာ့ ဆြဲေဆာင္မႈကို က်ဆင္းေစတဲ့ အေၾကာင္းရင္းမ်ားေတြထဲမွာ ပါဝင္ေနတယ္လို႔ သိရပါတယ္။

၁။ သူတစ္ပါးကို ၾကင္နာမႈမရွိျခင္း
မိန္းကေလးတစ္ေယာက္ဟာ သူဘယ္ေလာက္လွေနပါေစ။ စိတ္ထားမေကာင္းရင္ သူမရဲ႕အလွ မေပၚလြင္ေတာ့ပါဘူး။ တစ္ျခားလူကို ကူညီလိုစိတ္ကင္းမဲ့ျခင္း၊ ေကာက္က်စ္စဥ္းလဲျခင္း စတဲ့အျပဳအမူေတြက သူ႔ဘ၀ကိုညစ္ႏြမ္းသြားေစတတ္ပါတယ္။

၂။ ပင္ပန္းႏြမ္းနယ္ျခင္း
မိန္းကေလးတစ္ေယာက္ဟာ အိပ္ေရးပ်က္တဲ့ရက္မ်ားလာရင္ မ်က္ကြင္းေတြညိဳၿပီး၊ အစားပိုစားလာမယ္၊ စိတ္မၾကည္ေတာ့တဲ့အတြက္ေၾကာင့္ အလွအပကို ေလ်ာ့နည္းေစႏိုင္ၿပီး လူကိုလည္း ပိုပင္ပန္းေစပါတယ္။ အိပ္ေရးသာ မပ်က္ဘူးဆိုရင္ေတာ့ တက္္ၾကြလန္းဆန္းလွပေနေစၿပီး ဆြဲေဆာင္မႈအျပည့္အ၀ ရွိေနေစမွာျဖစ္ ပါတယ္။

၃။ ေပ်ာ္ရႊင္မႈမရွိျခင္း
မိန္းကေလးတစ္ေယာက္ဟာ အၿမဲတမ္း မႈန္ကုပ္ကုပ္မေနဘဲ ရယ္ေမာေပ်ာ္ရႊင္ျခင္းျဖင့္ တစ္ဖက္သားကို ဆြဲေဆာင္မႈရွိေစမွာျဖစ္ပါတယ္။ တစ္ျခားတစ္ေယာက္က ရယ္စရာေျပာေနတာေတာင္မွ မရယ္ဘဲ မသိသလိုလိုေနျခင္းဟာ လူသားမဆန္ရာ က်ေစမွာျဖစ္တဲ့အတြက္ေၾကာင့္ အဲဒီပံုစံမ်ဳိးေတြကို ဘယ္ေယာက္်ားေလးကမွ စိတ္မ၀င္စားၾကပါဘူး။

၄။ စိတ္ဖိစီးမႈရွိျခင္း
မိန္းကေလးတစ္ေယာက္ဟာ စိတ္ဖိစီးမႈရွိေနမယ္ဆိုရင္ အမ်ဳိးသားေတြအေပၚ ဆြဲေဆာင္ႏိုင္စြမ္း နည္းပါးပါတယ္တဲ့။

၅။ လွည့္ျဖားေျပာဆုိျခင္း
မိန္းကေလးတစ္ေယာက္ဟာ မ႐ိုးမသားနဲ႔စကားကို ဟိုေျပာဒီေျပာ ေျပာေနမယ္ဆိုရင္ ဆြဲေဆာင္မႈကို က်ဆင္းေစပါတယ္။ ေယာက်္ားေလးမ်ားက ထက္ျမက္တဲ့မိန္းကေလးေတြထက္ ႐ိုးသားၿပီး အက်င့္စာရိတၱေကာင္းတဲ့ မိန္းကေလးေတြကို သေဘာက်ႏွစ္သက္ၾကပါတယ္။ ေယာက်္ားေလးေတြက ဘယ္ေလာက္ပဲထက္ျမက္ေနတဲ့မိန္းကေလးျဖစ္ျဖစ္ လိမ္ညာလွည့္ျဖားေျပာတဲ့သူ ဆိုရင္ေတာ့ သေဘာမက်ၾကမွာအမွန္ျဖစ္ပါတယ္။

[ Unicode ]

မိန်းကလေးတစ်ယောက်က ဘယ်လောက်ပဲလှနေပါစေ။ ကိုယ့်ရဲ့အပြုအမူတွေကြောင့် တဖက်သား ယောင်္ကျားလေးတွေကို ဆွဲဆောင်မှုကို ကျဆင်းစေတတ်ပါတယ်။ ဒီအချက်တွေကတော့ ဆွဲဆောင်မှုကို ကျဆင်းစေတဲ့ အကြောင်းရင်းများတွေထဲမှာ ပါဝင်နေတယ်လို့ သိရပါတယ်။

၁။ သူတစ်ပါးကို ကြင်နာမှုမရှိခြင်း
မိန်းကလေးတစ်ယောက်ဟာ သူဘယ်လောက်လှနေပါစေ။ စိတ်ထားမကောင်းရင် သူမရဲ့အလှ မပေါ်လွင်တော့ပါဘူး။ တစ်ခြားလူကို ကူညီလိုစိတ်ကင်းမဲ့ခြင်း၊ ကောက်ကျစ်စဉ်းလဲခြင်း စတဲ့အပြုအမူတွေက သူ့ဘဝကိုညစ်နွမ်းသွားစေတတ်ပါတယ်။

၂။ ပင်ပန်းနွမ်းနယ်ခြင်း
မိန်းကလေးတစ်ယောက်ဟာ အိပ်ရေးပျက်တဲ့ရက်များလာရင် မျက်ကွင်းတွေညိုပြီး၊ အစားပိုစားလာမယ်၊ စိတ်မကြည်တော့တဲ့အတွက်ကြောင့် အလှအပကို လျော့နည်းစေနိုင်ပြီး လူကိုလည်း ပိုပင်ပန်းစေပါတယ်။ အိပ်ရေးသာ မပျက်ဘူးဆိုရင်တော့ တက်ကြွလန်းဆန်းလှပနေစေပြီး ဆွဲဆောင်မှုအပြည့်အ၀ ရှိနေစေမှာဖြစ် ပါတယ်။

၃။ ပျော်ရွှင်မှုမရှိခြင်း
မိန်းကလေးတစ်ယောက်ဟာ အမြဲတမ်း မှုန်ကုပ်ကုပ်မနေဘဲ ရယ်မောပျော်ရွှင်ခြင်းဖြင့် တစ်ဖက်သားကို ဆွဲဆောင်မှုရှိစေမှာဖြစ်ပါတယ်။ တစ်ခြားတစ်ယောက်က ရယ်စရာပြောနေတာတောင်မှ မရယ်ဘဲ မသိသလိုလိုနေခြင်းဟာ လူသားမဆန်ရာ ကျစေမှာဖြစ်တဲ့အတွက်ကြောင့် အဲဒီပုံစံမျိုးတွေကို ဘယ်ယောက်ျားလေးကမှ စိတ်မဝင်စားကြပါဘူး။

၄။ စိတ်ဖိစီးမှုရှိခြင်း
မိန်းကလေးတစ်ယောက်ဟာ စိတ်ဖိစီးမှုရှိနေမယ်ဆိုရင် အမျိုးသားတွေအပေါ် ဆွဲဆောင်နိုင်စွမ်း နည်းပါးပါတယ်တဲ့။

၅။ လှည့်ဖြားပြောဆိုခြင်း
မိန်းကလေးတစ်ယောက်ဟာ မရိုးမသားနဲ့စကားကို ဟိုပြောဒီပြော ပြောနေမယ်ဆိုရင် ဆွဲဆောင်မှုကို ကျဆင်းစေပါတယ်။ ယောကျ်ားလေးများက ထက်မြက်တဲ့မိန်းကလေးတွေထက် ရိုးသားပြီး အကျင့်စာရိတ္တကောင်းတဲ့ မိန်းကလေးတွေကို သဘောကျနှစ်သက်ကြပါတယ်။ ယောကျ်ားလေးတွေက ဘယ်လောက်ပဲထက်မြက်နေတဲ့မိန်းကလေးဖြစ်ဖြစ် လိမ်ညာလှည့်ဖြားပြောတဲ့သူ ဆိုရင်တော့ သဘောမကျကြမှာအမှန်ဖြစ်ပါတယ်။

Ref; rsgoals

 

827 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.