လက်ရေး နှင့် စာလုံးပေါင်းသတ်ပုံများမှားယွင်းနေလျှင် တုန်ခါမှုနဲ့  အသိပေးနိုင်တဲ့ ဘောလ်ပင်မျိုးကို Kickstarter မှ ပရောဂျက် အသစ်တစ်ခုအနေ တီထွင်ထုတ်လုပ်ပေးတော့မှာဖြစ်ပါတယ်။
Lernstift လို့ အမည်ရတဲ့ (ဂျာမန် ဘာသာအရ သင်ယူလေ့လာနိုင်သည့် ဘောလ်ပင် {learning pen}) လက်ရေးသော့ရေးနိုင်တဲ့ ဒီဂျစ်တယ် ဘောလ်ပင်က အသုံးပြုသူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ မရှိမဖြစ်လိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်ပါတယ်။ ဒီဘောလ်ပင်ရဲ့  လုပ်ဆောင်နိုင်စွမ်းတွေကတော့ အံ့မခန်းပါပဲ။ စာရေးသားနေချိန်မှာ စာလုံးပေါင်းသတ်ပုံမှားခဲ့ရင် တုန်ခါမှုဖြင့် အသုံးပြုသူကို အသိပေးနိုင်ပါတယ်။
ဘောလ်ပင်ရဲ့  တည်ဆောက်ပုံ သာမန်ဘောလ်ပင်တွေအတိုင်းပဲ အတွင်းပိုင်းမှာ မှင်တံပါရှိပြီး ထူးခြားချက်ကတော့ Linux system, motion sensor (လှုပ်ရှားမှု အာရုံခံကိရိယာ, processor, မန်မိုရီ, vibration module (တုန်ခါမှု), Wi-Fi module တို့ ဖြင့်ဖွဲ့ စည်းတည်ဆောက်ထားတဲ့ မီနီ ကွန်ပျူတာ စနစ်ပါဝင်ပြီး ထို ဆားကစ် အလုပ်လုပ်နိုင်ရန် အတွက် AAA ဆိုဒ် ဘတ်ထရီထည့်ရန် နေရာတို့ ပါဝင်နေပါတယ်။ ကလေးငယ်တွေ အတွက် ခဲတံ အဖြစ်သို့ လဲ ပြောင်းလဲအသုံးပြုလို့ ရပြီး၊ ဖောင်တိန်ပင် နှင့် ဘောလ်ပင် အနေနဲ့ ပြောင်းလဲ အသုံးပြုလို့ ရနိုင်ပါတယ်။
အစပိုင်းမှာတော့ Lernstift မှာ စာလုံးပေါင်းသတ်ပုံတွေကိုပဲ စစ်ဆေးမှုပြုလုပ်နိုင်မှာဖြစ်ပြီး အနာဂတ်တွင် ဆော့ဖ်ဝဲလ် အက်ပ်ဒိတ် လုပ်ပြီးနောက်ပိုင်းမှာ စာကြောင်းတစ်ကြောင်းလုံးရဲ့  သဒ္ဒါပိုင်းတွေကိုပါ စစ်ဆေးမှုပြုလုပ်သွားနိုင်ရန် စီစဉ်ထားခြင်းရှိပါတယ်။ ဘာသာကတော့ အင်္ဂလိပ် နဲ့  ဂျာမန် ဘာသာနှစ်မျိုး အတွက်သာ ထုတ်လုပ်ထားပြီး ဈေးကွက် ထဲရောက်ရှိပြီးနောက်ပိုင်းမှာတော့ အခြားဘာသာတွေ အတွက်ပါ ထုတ်လုပ်သွားဖို့ ရှိပါတယ်။ Built-in Wifi စနစ်ပါရှိတဲ့ အတွက် Lernstift ကို အခြား အင်တာနက်နဲ့  ဆက်စပ်အသုံးပြုလို့ ရတဲ့ ကိရိယာတွေနဲ့  တွဲသုံးလို့ ရပါတယ်။
ဈေးနှုန်းကတော့ ဒေါ်လာ ၁၉၀ ရှိပါတယ်။ http://www.lernstift.com/ မှာ ကြည့်ရှုလေ့လာနိုင်ပါတယ်။
အင်တာနက်သတင်းမှ ဘာသာပြန်တင်ဆက်ထားပါသည်။
Photo from Lernstift.com