မွန်လူမျိုးတို့ရဲ့ ရိုးရာဟင်းတစ်မျိုးဖြစ်တဲ့ ကြာရိုးနဲ့ငါးဟင်း

ဆီနဲနဲနှင့် မွန်လူမျိုးတို့ရဲ့ ရိုးရာဟင်းတစ်မျိုးဖြစ်တဲ့ ကြာရိုးနဲ့ငါး ချက်နည်းလေးကို ပြောပြပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
၁) ကြာရိုး
၂) ငါး – ၁၅ ကျပ်သား
၃) ငရုပ်သီးတောင့် -၁၀တောင့်
၎) ဆား အနည်းငယ်
၅) နနွင်းမှုန့် -အနည်းငယ်
၆) အရသာမှုန့် – စားပွဲတင်ဇွန်း -၃ ဇွန်း
၇) ရေ -၂ လီတာ
၈) ရှမ်းနံနံပင် – ၂ပင်ခန့်

ပထမဦးစွာ ငါးကို အနေတော်တုံးပြီး ဆား၊နနွင်းမှုန့်၊အရသာမှုန့်တို့ ၁ဇွန်းတို့ဖြင့် နယ်ထားပါ။

ကြက်သွန်နီ၊ငရုပ်သီး၊ မရမ်းသီးတို့ကို ညက်အောင်ထောင်းထားပါ။ ချက်မည့် အိုးထဲကို ငါး၊ကြက်သွန်ထောင်းပြီးသားများ၊ကြာရိုးများ၊ဆား၊ အရသာမှုန့်၊ ငါးပိတို့ကို ထည့်ပြီး နှံ့အောင်ရောမွှေပေးပါ။ ဆီကိုတော့ အနည်းငယ်ပဲထည့်ပါ။


ထို့နောက် ရေ ၁ လီတာခန့်ထည့်ပြီး မီးဖိုပေါ်မှာဆူအောင်တည်ပေးပါ။ ဟင်းပွတ်ပွတ်ဆူလာပါက ရေကိုထည့်ဖြည့်ပြီး ကြာရိုးနှင့် ငါးများနူးလာသည်အထိ တည်ပါ။
နောက်ဆုံးမှာတော့ အရသာချဉ်၊ငံ မြည်းပြီး ရှမ်းနံနံကိုအုပ်ကာ အသင့် စားသုံးနိုင်ပါပြီ။

120 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.