တရုတ်နိုင်ငံရဲ့ နာမည်ကျော် အက်ရှင်မင်းသားကြီး Donnie yen

သူ့ကို ၁၉၆၃ ခုနှစ် ဇူလိုင် ၂၇ တွင် တရုတ်နိုင်ငံ Guangdong ပြည်နယ် Guangzhou မြို့မှာမွေးဖွားခဲ့ပါတယ်။
မိဘတွေကတော့ ဖခင်Klyster Yen နှင့် မိခင် Bow-sim Mark တို့ဖြစ်ပြီး သူ့မှာ Chris Yen လို့ခေါ်တဲ့ အစ်မတစ်ယောက်လဲ ရှိပါသေးတယ်။

အရပ် ၅ ပေ ၈လက်မရှိပြီး ကိုယ်အလေးချိန်က ၇၅ ကီလိုဂရမ် ပါ။ ၁၉၈၃ ခုနှစ်မှာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး ယခုလက်ရှိထိလဲ အောင်မြင်နေဆဲ ဖြစ်ပါတယ်။
သူဟာ ၁၉၉၃ ခုနှစ်မှာ သူ့အမျိုးသမီး Leung Zing-ci နှင့်လက်ထပ်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ကွာရှင်းခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာ Cissy Wang နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင် ကလေးသုံးယောက်ရရှိနေပါပြီ။

ဟောင်ကောင်ရဲ့ ထိပ်တန်းအနုပညာရှင်ကြယ်ပွင့်တွေထဲကမှ တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။
သူဟာ အနုပညာလောကမှာ ကျွမ်းကျင်ရုံမက ကိုယ်ခံပညာတစ်ခုချင်းစီမှာလဲ ကျွမ်းကျင်တတ်မြောက်ပါတယ်။
Jeet Kune Do၊ လက်ဝှေ့၊ Kicknoxing၊ မွေ့ထိုင်း(Muay Thai)၊ တိုက်ကွမ်ဒို၊ Hapkido ၊ ကရာတေး၊ဂျူဒို၊ ဘရာဇီး ဂျူ-ဂျစ်ဆု၊ Wing Chun ၊ဝူရှုး၊ နပန်း စတဲ့ကိုယ်ခံပညာရပ်တွေကိုလဲ တတ်မြောက်ထားပါသေးတယ်။သူဟာ အဆင့် ၆ တိုက်ကွမ်ဒို ခါးပတ်နက်၊ ဂျူဒိုခါးပတ်နက်၊ ဘရာဇီး ဂျူ-ဂျစ်ဆု ခရမ်းရောင်ခါးပတ်၊ ဝူရှုး ပြိုင်ပွဲတွေမှာလဲ ရွှေတံဆိပ်ဆုများစွာ ရရှိခဲ့ပါတယ်။

၂၀၀၀ ပြည့်နှစ်အစောပိုင်းများတွင် အာရှရှိ လူကြိုက်အများဆုံး ရုပ်ရှင်သရုပ်ဆောင်များစွာထဲမှ တစ်ယောက်အပါအဝင်ဖြစ်တဲ့ Yen က အာရှမှာ အနုပညာကြေးအမြင့်ဆုံး သရုပ်ဆောင်တစ်ဦးလဲဖြစ်ပါတယ်။
သူပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်းတွေကဆိုရင် ဘယ်အချိန်ကြည့်ကြည့် မရိုးနိုင်တဲ့ ဇာတ်ကားကောင်းတွေပါ။


Ref;WIKIPEDIA

653 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.