၅ ဂဏန္းသမားမ်ားအေၾကာင္း

မည္သည့္လတြင္မဆို ၅၊ ၁၄၊ ၂၃ ရက္ေန႔တြင္ ေမြးသူမ်ားသည္ ၅ ဂဏန္းသမားမ်ား ျဖစ္ၾကသည္။
ငါးဂဏန္းသမားေတြဟာ ေလာကဓံတရားကို ခံႏိုင္ရည္ရွိတယ္။ ေရရွည္ဇြဲသတၱိနည္းတယ္။ လူမႈဆက္ဆံေရး အလြန္ေကာင္းတတ္တယ္။ ကိုယ္မႏွစ္သက္ရင္ေတာင္ အလြန္အတိုက္အခံျပဳခဲတယ္။ ရန္ကို ေရွာင္ရွားတတ္တယ္။ ႏႈတ္သြက္တယ္။ စကားေျပာေကာင္းတယ္။ အာဝဇၨန္း ေကာင္းတယ္။ ျဖတ္ထိုးဉာဏ္ေကာင္းတယ္။ သူတစ္ပါးအေပၚ လႊမ္းမိုးလိုစိတ္နည္းတယ္။ အမိန႔္ၾသဇာေပးလိုမႈ နည္းတယ္။ လူ႔အခြင့္အေရးကို ေလးစားတယ္။ ဒါေၾကာင့္ (5)ဂဏန္းသမား အာဏာရွင္ျဖစ္တာ မရွိသေလာက္ ရွားပါတယ္။ (5)ဂဏန္း သမားေတြထဲမွာ ဘုရင္ေတြ၊ ဘုရင္မေတြ ရွိေပမယ့္ သူတို႔ဟာ မ်ိဳး႐ိုးအစဥ္အဆက္အရျဖစ္ၾကသူေတြျဖစ္ၿပီး သူတို႔လက္ထက္မွာ လည္း ဖိႏွိပ္မႈေတြ သိပ္နည္းပါတယ္။

ေနာက္ၿပီး သူတို႔ဟာ အသုံးအစြဲႀကီးၿပီး လက္ဖြာသူမ်ားျဖစ္တယ္။ သူမ်ားကိုလည္း အလြယ္တကူ စြန႔္ႀကဲေပးကမ္း တတ္ၾကတယ္။ အေကာင္းစား ဇိမ္ခံပစၥည္းေတြကို ခုံမင္ႏွစ္သက္တတ္ တယ္။ သူတို႔ဟာ မရွိလည္းေပ်ာ္ေပ်ာ္၊ ရွိလည္း ေပ်ာ္ေပ်ာ္ ေနတတ္သူေတြျဖစ္တယ္။ စည္းကမ္းေသဝတ္မႈ နည္းတယ္။ တစ္ခ်ိဳ႕ဆိုရင္ ဗရမ္းဗတာ ေနတတ္ထိုင္တတ္တာမ်ိဳး ေတြလည္း ေတြ႕ရတယ္။ ဉာဏ္ေကာင္း၊ ျဖတ္ထိုးဉာဏ္ ေကာင္းေပမယ့္ စီမံခန႔္ခြဲမႈမွာေတာ့ အားနည္းညံ့ဖ်င္း တတ္သူေတြ ျဖစ္တယ္။

(5)ဂဏန္းသမားေတြဟာ လူမႈဆက္ဆံေရးလည္းေကာင္း၊ အေပါင္းအသင္းလည္းမ်ား၊ စကားေျပာလည္း ေကာင္းတတ္ သူေတြျဖစ္လို႔ အခ်စ္ေရး၊ အိမ္ေထာင္ေရးမွာ ဆန႔္က်င္ဘက္လိင္ ေတြရဲ႕ သေဘာက်မႈကို ခံရတတ္သူေတြျဖစ္တယ္။ ဒါေၾကာင့္ အခ်စ္ေရး၊ အိမ္ေထာင္ေရး ကိစၥေတြ ရႈတ္ေထြး တတ္ၾကတယ္။ အိမ္ေထာင္မက်ခင္မွာ အခ်စ္ေရးရႈတ္ေထြးၿပီး ရည္းစားမ်ား တတ္ၾကသူေတြျဖစ္တယ္။

*မင္းဟာ မင့္ပတ္ဝန္းက်င္မွာ ေက်ာ္ၾကားတဲ့သူတစ္ဦးပါ..*

*မင့္ရဲ႕ႏႈတ္ထြက္စကားေလးနဲ႔တင္..မင္းအလိုရွိရာကို ရႏိုင္ပါတယ္..မင္းဟာ
စီးပြားေရးအျမင္စူးရွသူတစ္ဦးလည္း ျဖစ္တယ္..*

*ဒါေပမယ့္.. မင္းဟာ စနစ္ရွိေတာ့မဟုတ္ပါဘူး..ေခါင္းထဲေပၚလာကို လုပ္တက္သူပါ.

*တကယ္လို႔ စီးပြားေရးလုပ္ငန္းတခုကို တည္ေထာင္မယ္ဆိုရင္လည္း..ေအာင္ျမင္မဲ့သူပါ..

*ၿပီးေတာ့ ဟာသဉာဏ္႐ႊင္တဲ့သူလည္းျဖစ္ေနျပန္ေရာ့..

*မိသားစုနဲ႔သူငယ္ခ်င္းေတြအတြက္ေတာ့.. မင္းဟာ တကယ့္ကယ္တင္ရွင္ႀကီးတစ္ဦးပါပဲ..*

*တကယ္လည္း.. မင္းဟာ လက္ေတြ႕က်က် ကူညီတက္သူတစ္ဦးပါ… မင္းဟာ နည္းနည္းေတာ့
ျမႇာေပြတက္ေပမယ့္..*
*ဘဝကို တည္ေဆာက္မယ္ဆိုတဲ့အခါမွာေတာ့.. ကိုယ္က်ိဳးတြက္ ၾကည့္ၿပီးမွ
ေ႐ြးခ်ယ္တက္သူပါ…*

*မင္းဟာ လက္ထပ္ၿပီးတာေတာင္မွ ေက်ာ္ၾကားေနဦးမယ္သူပါ..အဲဒီအတြက္..
သတိထားရမယ္အခ်က္ကေတာ့*

*မင့္ရဲ႕ ေျခရႈပ္ခ်င္တဲ့ စိတ္ထားေလးပါပဲ.. အသိတရားနဲ႔
ထိန္းခ်ဳပ္ရင္ေတာ့..အရာအားလုံး အဆင္ေျပေနပါလိမ့္မယ္…*

*မင္းဟာ လူတိုင္းနဲ႔ ပလဲနံသင့္ပါတယ္..ဘာေၾကာင့္လည္းဆိုေတာ့.. နံပါတ္ ၅ ဟာ
အလယ္ဂဏန္း ျဖစ္ေနလို႔ပဲ..

*ေျပာင္းလဲမႈနဲ႔လြတ္လပ္မႈကို ျမတ္ႏိုးသူ.. ဆြဲေဆာင္မႈအျပည့္ရွိတဲ့
မ်က္ႏွာပိုင္ရွင္ေပါ့…*

*အေတြ႕အႀကဳံကေန မင္းဘဝကို တည္ေဆာက္ရတဲ့သူျဖစ္ၿပီ..အဲဒီအေတြ႕အႀကဳံေတြကပဲ..*

*မင္းရဲ႕အေကာင္းဆုံး ဆရာသမားေတြျဖစ္ေနေလရဲ႕…*

*မင္းရဲ႕အေကာင္းဆုံးအေဖာ္မြန္ကေတာ့…. 1, 2, 9. သင့္ေတာ္တဲ့သူကေတာ့. 6, 8။

ေနာက္ဆုံးအေနနဲ႔ ၅ ဂဏန္းသမားေတြဆိုတာ ေနရာတကာစပ္စပ္နဲ႔ပါေနတဲ့ ဂ်ိဳကာလိုပါပဲ။
ဗုဒၶဟူးၿဂိဳဟ္ စိုးမိုးေနပါတယ္။ အသိဉာဏ္ႂကြယ္ဝတာ၊ သြက္လက္ခ်က္ခ်ာတာ၊
ပရိယာယ္ႂကြယ္ဝတာ၊ ေပ်ာ္ေပ်ာ္ေနတာ၊ စကားမ်ားတာ၊
စာေရးသားေကာင္းတာ၊ေရာက္ရာမွာေတြ႕တဲ့သူနဲတည့္ေအာင္ေပါင္းတတ္တာ၊
ဖင္မၿငိမ္တာေတြနဲ႔ ေငြရွာေကာင္းတာေတြကေတာ့ ၅ သမားရဲ႕သေကၤတေတြပါပဲ၊
ITနည္းပညာရပ္ႀကီးကိုကိုယ္စားျပဳထားသလို ကုန္သည္ပြဲစား၊
သိပၸံပညာ၊ေဗဒင္ပညာ၊ေဆးပညာေတြနဲ႔လည္း ဆက္သြယ္ထားပါတယ္။
လက္သန္းေလးေတြေကာက္ေကြ႕မယ္။ လက္သန္းေအာက္က ဗုဒၶဟူးၿဂိဳဟ္ခုံလည္း
အားနည္းညံ့ဖ်င္းမယ္၊ ၿပီးေတာ့ ၅ ဂဏန္းသမားလည္းျဖစ္ရင္ေတာ့
သတိထားသာေပါင္းေပေတာ့။ စကားအင္မတန္လွေအာင္ေျပာတတ္သူ၊
ပုံေျပာေကာင္းသူႀကီးေတြ၊ လူလိမ္ေတြ၊ ကလိန္ကက်စ္က်သူေတြ၊
ဂ်င္ေပၚကထုံးေတြျဖစ္တတ္လို႔ပါပဲ။ အင္မတန္ေတာ္တဲ့ မ်က္လွည့္ပညာရွင္ေတြလည္း
ျဖစ္တတ္ပါတယ္။
ေတြေ၀ ဒြိဟျဖစ္တတ္ေသာ သေဘာ သဘာဝရွိေသာ္လည္း စိတ္ဓါတ္ အလြန္ခိုင္ၿမဲသည္။
အလြယ္တကူ ဆုံးျဖတ္ေ႐ြးခ်ယ္ေလ့မရွိ။ မိမိအေပၚ တေလးတစားႏွင့္ တန္ဖိုးထားသူ၊
တစ္စုံတစ္ရာ အေထာက္ အကူျပဳပံ့ပိုးႏိုင္သူကို ေ႐ြးခ်ယ္တတ္သည္။
အေ႐ြးရခက္ေအာင္ အခြင့္အေရး ႏွစ္မ်ိဳး ႀကဳံလာပါက ႏွလုံးသား၏
ေတာင္းဆိုမူအေပၚ ရဲဝံ့ျပတ္သားစြာ အေလးေပးမည့္ သူျဖစ္သည္။ မိမိႏွင့္ အသက္
အ႐ြယ္၊ ဝန္းက်င္ဇာတိ သဘာဝမတူ ကြာျခားသူမ်ားႏွင့္ ေမတၱာမွ်တတ္သည္။
ခ်စ္သူႏွင့္ ခြဲခြာရေလ သံေယာဇဥ္ ျပင္းထန္ေလျဖစ္သည္။ အလြန္စိတ္ကူးယဥ္
ဆန္ေသာ ႏွလုံးသားျဖစ္သည္။

[ Unicode ]

မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်နေ့တွင် မွေးသူများသည် ၅ ဂဏန်းသမားများ ဖြစ်ကြသည်။
ငါးဂဏန်းသမားတွေဟာ လောကဓံတရားကို ခံနိုင်ရည်ရှိတယ်။ ရေရှည်ဇွဲသတ္တိနည်းတယ်။ လူမှုဆက်ဆံရေး အလွန်ကောင်းတတ်တယ်။ ကိုယ်မနှစ်သက်ရင်တောင် အလွန်အတိုက်အခံပြုခဲတယ်။ ရန်ကို ရှောင်ရှားတတ်တယ်။ နှုတ်သွက်တယ်။ စကားပြောကောင်းတယ်။ အာဝဇ္ဇန်း ကောင်းတယ်။ ဖြတ်ထိုးဉာဏ်ကောင်းတယ်။ သူတစ်ပါးအပေါ် လွှမ်းမိုးလိုစိတ်နည်းတယ်။ အမိန့်သြဇာပေးလိုမှု နည်းတယ်။ လူ့အခွင့်အရေးကို လေးစားတယ်။ ဒါကြောင့် (5)ဂဏန်းသမား အာဏာရှင်ဖြစ်တာ မရှိသလောက် ရှားပါတယ်။ (5)ဂဏန်း သမားတွေထဲမှာ ဘုရင်တွေ၊ ဘုရင်မတွေ ရှိပေမယ့် သူတို့ဟာ မျိုးရိုးအစဉ်အဆက်အရဖြစ်ကြသူတွေဖြစ်ပြီး သူတို့လက်ထက်မှာ လည်း ဖိနှိပ်မှုတွေ သိပ်နည်းပါတယ်။

နောက်ပြီး သူတို့ဟာ အသုံးအစွဲကြီးပြီး လက်ဖွာသူများဖြစ်တယ်။ သူများကိုလည်း အလွယ်တကူ စွန့်ကြဲပေးကမ်း တတ်ကြတယ်။ အကောင်းစား ဇိမ်ခံပစ္စည်းတွေကို ခုံမင်နှစ်သက်တတ် တယ်။ သူတို့ဟာ မရှိလည်းပျော်ပျော်၊ ရှိလည်း ပျော်ပျော် နေတတ်သူတွေဖြစ်တယ်။ စည်းကမ်းသေဝတ်မှု နည်းတယ်။ တစ်ချို့ဆိုရင် ဗရမ်းဗတာ နေတတ်ထိုင်တတ်တာမျိုး တွေလည်း တွေ့ရတယ်။ ဉာဏ်ကောင်း၊ ဖြတ်ထိုးဉာဏ် ကောင်းပေမယ့် စီမံခန့်ခွဲမှုမှာတော့ အားနည်းညံ့ဖျင်း တတ်သူတွေ ဖြစ်တယ်။

(5)ဂဏန်းသမားတွေဟာ လူမှုဆက်ဆံရေးလည်းကောင်း၊ အပေါင်းအသင်းလည်းများ၊ စကားပြောလည်း ကောင်းတတ် သူတွေဖြစ်လို့ အချစ်ရေး၊ အိမ်ထောင်ရေးမှာ ဆန့်ကျင်ဘက်လိင် တွေရဲ့ သဘောကျမှုကို ခံရတတ်သူတွေဖြစ်တယ်။ ဒါကြောင့် အချစ်ရေး၊ အိမ်ထောင်ရေး ကိစ္စတွေ ရှုတ်ထွေး တတ်ကြတယ်။ အိမ်ထောင်မကျခင်မှာ အချစ်ရေးရှုတ်ထွေးပြီး ရည်းစားများ တတ်ကြသူတွေဖြစ်တယ်။

*မင်းဟာ မင့်ပတ်ဝန်းကျင်မှာ ကျော်ကြားတဲ့သူတစ်ဦးပါ..*

*မင့်ရဲ့နှုတ်ထွက်စကားလေးနဲ့တင်..မင်းအလိုရှိရာကို ရနိုင်ပါတယ်..မင်းဟာ
စီးပွားရေးအမြင်စူးရှသူတစ်ဦးလည်း ဖြစ်တယ်..*

*ဒါပေမယ့်.. မင်းဟာ စနစ်ရှိတော့မဟုတ်ပါဘူး..ခေါင်းထဲပေါ်လာကို လုပ်တက်သူပါ.

*တကယ်လို့ စီးပွားရေးလုပ်ငန်းတခုကို တည်ထောင်မယ်ဆိုရင်လည်း..အောင်မြင်မဲ့သူပါ..

*ပြီးတော့ ဟာသဉာဏ်ရွှင်တဲ့သူလည်းဖြစ်နေပြန်ရော့..

*မိသားစုနဲ့သူငယ်ချင်းတွေအတွက်တော့.. မင်းဟာ တကယ့်ကယ်တင်ရှင်ကြီးတစ်ဦးပါပဲ..*

*တကယ်လည်း.. မင်းဟာ လက်တွေ့ကျကျ ကူညီတက်သူတစ်ဦးပါ… မင်းဟာ နည်းနည်းတော့
မြှာပွေတက်ပေမယ့်..*
*ဘဝကို တည်ဆောက်မယ်ဆိုတဲ့အခါမှာတော့.. ကိုယ်ကျိုးတွက် ကြည့်ပြီးမှ
ရွေးချယ်တက်သူပါ…*

*မင်းဟာ လက်ထပ်ပြီးတာတောင်မှ ကျော်ကြားနေဦးမယ်သူပါ..အဲဒီအတွက်..
သတိထားရမယ်အချက်ကတော့*

*မင့်ရဲ့ ခြေရှုပ်ချင်တဲ့ စိတ်ထားလေးပါပဲ.. အသိတရားနဲ့
ထိန်းချုပ်ရင်တော့..အရာအားလုံး အဆင်ပြေနေပါလိမ့်မယ်…*

*မင်းဟာ လူတိုင်းနဲ့ ပလဲနံသင့်ပါတယ်..ဘာကြောင့်လည်းဆိုတော့.. နံပါတ် ၅ ဟာ
အလယ်ဂဏန်း ဖြစ်နေလို့ပဲ..

*ပြောင်းလဲမှုနဲ့လွတ်လပ်မှုကို မြတ်နိုးသူ.. ဆွဲဆောင်မှုအပြည့်ရှိတဲ့
မျက်နှာပိုင်ရှင်ပေါ့…*

*အတွေ့အကြုံကနေ မင်းဘဝကို တည်ဆောက်ရတဲ့သူဖြစ်ပြီ..အဲဒီအတွေ့အကြုံတွေကပဲ..*

*မင်းရဲ့အကောင်းဆုံး ဆရာသမားတွေဖြစ်နေလေရဲ့…*

*မင်းရဲ့အကောင်းဆုံးအဖော်မွန်ကတော့…. 1, 2, 9. သင့်တော်တဲ့သူကတော့. 6, 8။

နောက်ဆုံးအနေနဲ့ ၅ ဂဏန်းသမားတွေဆိုတာ နေရာတကာစပ်စပ်နဲ့ပါနေတဲ့ ဂျိုကာလိုပါပဲ။
ဗုဒ္ဓဟူးဂြိုဟ် စိုးမိုးနေပါတယ်။ အသိဉာဏ်ကြွယ်ဝတာ၊ သွက်လက်ချက်ချာတာ၊
ပရိယာယ်ကြွယ်ဝတာ၊ ပျော်ပျော်နေတာ၊ စကားများတာ၊
စာရေးသားကောင်းတာ၊ရောက်ရာမှာတွေ့တဲ့သူနဲတည့်အောင်ပေါင်းတတ်တာ၊
ဖင်မငြိမ်တာတွေနဲ့ ငွေရှာကောင်းတာတွေကတော့ ၅ သမားရဲ့သင်္ကေတတွေပါပဲ၊
ITနည်းပညာရပ်ကြီးကိုကိုယ်စားပြုထားသလို ကုန်သည်ပွဲစား၊
သိပ္ပံပညာ၊ဗေဒင်ပညာ၊ဆေးပညာတွေနဲ့လည်း ဆက်သွယ်ထားပါတယ်။
လက်သန်းလေးတွေကောက်ကွေ့မယ်။ လက်သန်းအောက်က ဗုဒ္ဓဟူးဂြိုဟ်ခုံလည်း
အားနည်းညံ့ဖျင်းမယ်၊ ပြီးတော့ ၅ ဂဏန်းသမားလည်းဖြစ်ရင်တော့
သတိထားသာပေါင်းပေတော့။ စကားအင်မတန်လှအောင်ပြောတတ်သူ၊
ပုံပြောကောင်းသူကြီးတွေ၊ လူလိမ်တွေ၊ ကလိန်ကကျစ်ကျသူတွေ၊
ဂျင်ပေါ်ကထုံးတွေဖြစ်တတ်လို့ပါပဲ။ အင်မတန်တော်တဲ့ မျက်လှည့်ပညာရှင်တွေလည်း
ဖြစ်တတ်ပါတယ်။
တွေေ၀ ဒွိဟဖြစ်တတ်သော သဘော သဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။
အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊
တစ်စုံတစ်ရာ အထောက် အကူပြုပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။
အရွေးရခက်အောင် အခွင့်အရေး နှစ်မျိုး ကြုံလာပါက နှလုံးသား၏
တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့် သူဖြစ်သည်။ မိမိနှင့် အသက်
အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။
ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်
ဆန်သော နှလုံးသားဖြစ်သည်။

Ref; numerology

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.