ဆန္နဲ႔ လုပ္တဲ့ ဆန္ကိတ္ ျပဳလုပ္နည္း

ဂ်ံဳနဲ႔ မဟုတ္ဘဲ ေမႊးအိေနၿပီး တမ်ိဳးေလးဆန္းေနတဲ့ အရသာရွိရွိဆန္ကိတ္အိအိ ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ ေဝမၽွလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္း
၁။ ဆန္မႈန္႔ – ၂၀၀ဂ၇မ္
၂။ သၾကား – ၁၇၀ ဂ၇မ္
၃။ တေစး (Yeast) – လၻက္ဇြန္း တဇြန္း
၄။ မုန္႔ဖုတ္ေပါင္ဒါ (Baking Powder) – ဇြန္းတဝက္
၅။ ေရ (သို)႔ အုန္းႏို႔ – 400 ml

ျပင္ဆင္ျပဳလုပ္နည္း
(၁)ဦးစြာပန္းကန္တစ္ခုတြင္ yeast ကို ေရၾကက္သီးေႏြးစားပြဲ တင္၂ဇြန္းခန္႔ျဖင့္ေဖ်ာ္္ထားပါ။
(၂)ဇလံုတခုတြင္ ဆန္မႈန္႔ႏွင့္ baking powder ကို ဇကာ ခ်ထားပါ။
(၃)ၿပီးလ်ွင္ေရ သို႔ အုန္းႏို႔ ထည့္ပါ။ yeast ေဖ်ာ္ထားသည္ ကိုထည့္ၿပီးအားလံုးသမေအာင္ေရာေမြၿပီးအဖံုးကိုပလပ္စတစ္ျဖင့့္လံုေအာင္ပိတ္ၿပီးပူေႏြးေသာေနရာတြင္အပြခံထားပါ။ (၂နာ၇ီခန္႔)
(၄)မုန္႔ႏွစ္ရည္ ႏွစ္ဆခန္႔ပြလာပါကသၾကားထည့္ၿပီးေမႊပးပါ။
(၅)ေပါင္းအိုးကိုေရထည့္ၿပီးအဆင္သင့္တည္ထားပါ။ ေပါင္းမည့္ခြက္သို႔ပန္းကန္လံုးေလးမ်ားကိုဆီပါးပါးသုတ္ထားပါ။
(၆)အေရာင္ျဖင့္ျပဳလုပ္လိုပါကႏွစ္သက္ရာအေရာင္ထည့္ပါ။ မုန္႔ႏွစ္ကိုပန္းကန္ခြက္ေလးမ်ားတြင္သံုးပံုႏွစ္ပံုခန္႔ထိထည့္ၿပီးေပါင္းအိုးတြင္ မိနစ္၂၀ခန္႔ ေပါင္းေပးပါ။
(၇)မုန္႔ႏွစ္က်က္မက်က္သိေစရန္ အခြၽန္တခုျဖင့္ ထိုးၾကည့္ၿပီး မုန္႔သားမ်ားကပ္မပါလ်ွင္မုန္႔သားက်က္ၿပီမို႔ေပါင္းအိုးမွခ်ကာအေအးခံထားၿပီးရင္ ရပါၿပီ။
***မုန္႔သားမ်က္ႏွာျပင္ကြဲထြက္လာသည္ကိုလိုခ်င္ပါကေရအနည္းငယ္ေလ်ာ့ထည့္ေပးရပါမယ္။
ခုဆိုရင္ေတာ့ ပူေႏြးေနတဲ႔ ဆန္ကိတ္ေလးကို အရသာရွိရွိသံုးေဆာင္ရေအာင္ေနာ္။

[ Unicode ]

ဂျုံနဲ့ မဟုတ်ဘဲ မွှေးအိနေပြီး တမျိုးလေးဆန်းနေတဲ့ အရသာရှိရှိဆန်ကိတ်အိအိ ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်း
၁။ ဆန်မှုန့် – ၂၀၀ဂရမ်
၂။ သကြား – ၁၇၀ ဂရမ်
၃။ တစေး (Yeast) – လ္ဘက်ဇွန်း တဇွန်း
၄။ မုန့်ဖုတ်ပေါင်ဒါ (Baking Powder) – ဇွန်းတဝက်
၅။ ရေ (သို)့ အုန်းနို့ – 400 ml

ပြင်ဆင်ပြုလုပ်နည်း
(၁)ဦးစွာပန်းကန်တစ်ခုတွင် yeast ကို ရေကြက်သီးနွေးစားပွဲ တင်၂ဇွန်းခန့်ဖြင့်ဖျော်ထားပါ။
(၂)ဇလုံတခုတွင် ဆန်မှုန့်နှင့် baking powder ကို ဇကာ ချထားပါ။
(၃)ပြီးလျှင်ရေ သို့ အုန်းနို့ ထည့်ပါ။ yeast ဖျော်ထားသည် ကိုထည့်ပြီးအားလုံးသမအောင်ရောမွေပြီးအဖုံးကိုပလပ်စတစ်ဖြင့်လုံအောင်ပိတ်ပြီးပူနွေးသောနေရာတွင်အပွခံထားပါ။ (၂နာရီခန့်)
(၄)မုန့်နှစ်ရည် နှစ်ဆခန့်ပွလာပါကသကြားထည့်ပြီးမွှေပးပါ။
(၅)ပေါင်းအိုးကိုရေထည့်ပြီးအဆင်သင့်တည်ထားပါ။ ပေါင်းမည့်ခွက်သို့ပန်းကန်လုံးလေးများကိုဆီပါးပါးသုတ်ထားပါ။
(၆)အရောင်ဖြင့်ပြုလုပ်လိုပါကနှစ်သက်ရာအရောင်ထည့်ပါ။ မုန့်နှစ်ကိုပန်းကန်ခွက်လေးများတွင်သုံးပုံနှစ်ပုံခန့်ထိထည့်ပြီးပေါင်းအိုးတွင် မိနစ်၂၀ခန့် ပေါင်းပေးပါ။
(၇)မုန့်နှစ်ကျက်မကျက်သိစေရန် အချွန်တခုဖြင့် ထိုးကြည့်ပြီး မုန့်သားများကပ်မပါလျှင်မုန့်သားကျက်ပြီမို့ပေါင်းအိုးမှချကာအအေးခံထားပြီးရင် ရပါပြီ။
***မုန့်သားမျက်နှာပြင်ကွဲထွက်လာသည်ကိုလိုချင်ပါကရေအနည်းငယ်လျော့ထည့်ပေးရပါမယ်။
ခုဆိုရင်တော့ ပူနွေးနေတဲ့ ဆန်ကိတ်လေးကို အရသာရှိရှိသုံးဆောင်ရအောင်နော်။

Ref; asianfood

 

340 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.