စိုးရိမ်စိတ်လွန်ကဲပြီး အလွန်အကျွံဝိတ်ချမိတဲ့အခါ ကြုံတွေ့ရမယ့် ဆိုးကျိုးများ

‘ ဝ ‘မှာကြောက်လို့ စိုးရိမ်စိတ်လွန်ကဲပြီး ဝိတ်လျော့ခြင်းက ကျန်းမာရေးနှင့် မညီညွှတ်တဲ့အထိ ဖြစ်လာခဲ့လျှင် စိတ်ရောဂါတစ်ခုအဖြစ်တောင် သတ်မှတ်နိုင်ပါတယ်။
ကိုယ်အလေးချိန် လျော့ချမှုမျိုးက ငယ်ရွယ်တဲ့ အမျိုးသမီးငယ်တွေ့မှာ ပိုပြီးအတွေ့များရတတ်ပါတယ်။
ဒီအမျိုးသမီးငယ်တွေက ယခင်က ကိုယ်အလေးချိန်များခဲ့ရာမှ လျော့လာခဲ့သူတွေဖြစ်နိုင်သလို နဂိုကတည်းက ပိန်ပါလျက် မိမိကိုယ်ကို ဝတယ်လို့ ယူဆနေသူတွေလည်းပါနိုင်ပါတယ်။
– ကိုယ်အလေးချိန်အရမ်းကျသွားတဲ့အခါမှာ ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ် မမှန်ကန်တဲ့ ပြဿနာတွေဖြစ်လာနိုင်ပါတယ်။

– ခန္ဓာကိုယ် ကြီးထွားနေဆဲ အရွယ်ဖြစ်ခဲ့လျှင် အရည်မရှည်တာ၊ကိုယ်ခန္ဓာကြီးထွားမှု ရပ်ဆိုင်းသွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

-ဆီးဆေး ၊ဝမ်းနှုတ်ဆေးတွေကို အလွန်အကျွံ သောက်တဲ့အတွက်ကြောင့်လည်း Sodium Potassium အစရှိတဲ့ ဓာတ်တွေမမှန်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ နှလုံးခုန်မမှန်တာ၊ အခန့်မသင့်ရင် အသက်သေဆုံးသည်အထိ ဖြစ်နိုင်ပါတယ်။
– အစားမစားတာကြောင့် ခန္ဓာကိုယ်ထဲမှာ လိုအပ်တဲ့ အာဟာရဓာတ်၊ ဗီတာမင်နှင့် သတ္တုဓာတ်တွေမရတဲ့အခါ ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်လာနိုင်ပါတယ်။

– သွေးအားနည်းတဲ့အတွက်ကြောင့်လည်း မကြာခဏ အားနည်းခြင်း၊ မူးလဲခြင်း၊စတာတွေဖြစ်ပေါ်နိုင်ပါတယ်။

အလွန်အကျွံဝိတ်ချခြင်းဟာလည်း ဒီလိုမျိုး ပြင်းထန်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်နိုင်တာကြောင့် ငယ်ရွယ်တဲ့အမျိုးသမီးတွေအတွက် နည်းလမ်းမမှန်မကန်နဲ့ ဝိတ်ချမိလျှင် ဆိုးကျိုးတွေဖြစ်ပေါ်နိုင်တာကြောင့် သတိပြုရှောင်ရှားနိုင်မယ်လို့ မျှော်လင့်မိပါတယ်။


Ref;HEALTHGROUP

209 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.