ဂျပန်နိုင်ငံရဲ့ နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Erila Sawjiri

Erika Sawjiri လို့လူသိများတဲ့ Sawajiri Erika ကို ၁၉၈၆ ခုနှစ် ဧပြီ ၈ ရက်နေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ Nerima မှာ မွေးဖွားခဲ့ပြီး အခုဆိုရင် အသက် ၃၄ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ Erika လို့လဲ ခေါ်ကြပြီး သရုပ်ဆောင်၊အဆိုတော်နှင့် မော်ဒယ်တစ်ယောက်လဲဖြစ်ပါတယ်။

၂၀၀၁ ခုနှစ်မှာ အနုပညာလောကကိုစတင်ဝင်ရောက်ခဲ့ပြီး ၂၀၀၇ ခုနှစ်ထိ အနုပညာအလုပ်ကို လုပ်ကိုင်ခဲ့ပါတယ်။၂၀၀၉ ခုနှစ်မှာတော့ သူမရဲ့ ခင်ပွန်း Tsuyoshi Takashiro မှာလက်ထပ်ခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ ၂၀၁၀ ခုနှစ်မှာ အနုပညာအလုပ်ကိုပြန်လည်လုပ်ကိုင်လာပြီး ၂၀၁၉ ခုနှစ်အကုန်ပိုင်းထိလုပ်ကိုင်ခဲ့ပါတယ်။

Stardust Promotion တွင် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်ထိလုပ်ကိုင်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ Avex Group ကို ရွေ့ပြောင်းခဲ့ပြီး အခုချိန်ထိပဲဖြစ်ပါတယ်။

သူမရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ဆက်နွယ်မှုများကြောင့် သူမရဲ့ ပုံရိပ်ကို ထိခိုက်စေပြီးနောက် ၂၀၀၇ ခုနှစ်မှာ သူမပြသနာမျိုးစုံ ကြုံတွေ့ခဲ့ရပြီးနောက် Helter Skelter တွင် သရုပ်ဆောင်ခဲ့ပြီး ၃၆ ကြိမ်မြောက် Japan Academy Flim Prize တွင် အကောင်းဆုံးခေါင်းဆောင်မင်းသမီးဆုကို ရရှိခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်နေ့တွင် မူးယစ်ဆေးဝါးလယ်ဝယ်ထားရှိမှုဖြင့် အဖမ်းခံခဲ့ရပြီး ၂၀၂၀ခုနှစ်၊ ဇန်နဝါရီလတွင် ရုံးတင်စစ်ဆေးခံခဲ့ရပြီး သူမရဲ့ အနုပညာအလုပ်ကို ဆက်လက်လုပ်ဆောင်ရန်အစီအစဉ်မရှိကြောင်း ပြောကြားခဲ့ပါတယ်။


Ref;WIKIPEDIA

196 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.