ငွက္ေပ်ာေက်ာက္ေက်ာေမႊးအိအိေလး ျပဳလုပ္နည္း

ဝါးလိုက္ရင္ တုံအိအိေလးနဲ႔ ငွက္ေပ်ာနံ႔ေလးေမႊးေနတဲ့ အရသာရွိရွိ ငွက္ေပ်ာေက်ာက္ေက်ာေမႊးအိအိေလး ျပဳလုပ္နည္းကို Trend ပရိသတ္ႀကီးအတြက္ တင္ဆက္ေပးလိုက္ပါတယ္။ လုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ပစၥည္းမ်ား
၁။ ေက်ာက္ေက်ာမႈန႔္အေသး ၁ ထုပ္ (ႏွစ္သက္ရာတံဆိပ္)
၂။ သၾကား ၂၅ က်ပ္သား ( ေလ်ာ့လည္း ရ )
၃။ ေရ ၂ လီတာ
၄။ ႏို႔စိမ္း ၁ ဘူး
၅။ ငွက္ေပ်ာသီး ၄ လုံး – ခပ္ပါးပါးလွီးထားပါ ( ဖီးၾကမ္းက လြဲရင္ ႏွစ္သက္ရာ )

ျပဳလုပ္နည္း
၁။ ေက်ာက္ေက်ာအထုပ္ေသး ၁ ထုပ္၊ သၾကား၂၅ က်ပ္သား ကို ေရ ၂ လီတာနီးပါး ထည့္က်ိဳပါ။
၂။ တခ်ိန္တည္းမွာ ငွက္ေပ်ာသီး လွီးထားတာကို ေက်ာက္ေက်ာျဖန႔္မဲ့ ဗန္းထဲအျပည့္ ျဖန႔္ထည့္ထားပါ။
၃။ က်ိဳေနတဲ့ ေက်ာက္ေက်ာကိုလည္း အဆက္မျပတ္ေမႊပါ။
၄။ ဆူရင္ ႏို႔စိမ္းတစ္ဘူးနီးပါးထည့္ၿပီး ဆက္က်ိဳပါ။ ဆူၿပီး ခဏမွာ ေမႊတဲ့ဇြန္းမွာ ကပ္ေနတဲ့ အေစ့ေလးေတြ ေပ်ာက္သြားတာနဲ႔ ဗန္းထဲေလာင္းထည့္ပါ။
၅။ ႏွံ႔ေအာင္ေမႊၿပီး အေအးခံပါ။
၆။ ခဲရင္ ေရခဲေသတၱာထဲထည့္၊ ေအးရင္ ႏွစ္သက္သလို လွီးပါ။

ခုဆိုရင္ေတာ့ ေမႊးအိေနတဲ့ ငွက္ေပ်ာသီးေက်ာက္ေက်ာေလးကို အရသာရွိရွိသုံးေဆာင္ၾကမယ္ေနာ္။

[ Unicode ]

ဝါးလိုက်ရင် တုံအိအိလေးနဲ့ ငှက်ပျောနံ့လေးမွှေးနေတဲ့ အရသာရှိရှိ ငှက်ပျောကျောက်ကျောမွှေးအိအိလေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ
၁။ ကျောက်ကျောမှုန့်အသေး ၁ ထုပ် (နှစ်သက်ရာတံဆိပ်)
၂။ သကြား ၂၅ ကျပ်သား ( လျော့လည်း ရ )
၃။ ရေ ၂ လီတာ
၄။ နို့စိမ်း ၁ ဘူး
၅။ ငှက်ပျောသီး ၄ လုံး – ခပ်ပါးပါးလှီးထားပါ ( ဖီးကြမ်းက လွဲရင် နှစ်သက်ရာ )

ပြုလုပ်နည်း
၁။ ကျောက်ကျောအထုပ်သေး ၁ ထုပ်၊ သကြား၂၅ ကျပ်သား ကို ရေ ၂ လီတာနီးပါး ထည့်ကျိုပါ။
၂။ တချိန်တည်းမှာ ငှက်ပျောသီး လှီးထားတာကို ကျောက်ကျောဖြန့်မဲ့ ဗန်းထဲအပြည့် ဖြန့်ထည့်ထားပါ။
၃။ ကျိုနေတဲ့ ကျောက်ကျောကိုလည်း အဆက်မပြတ်မွှေပါ။
၄။ ဆူရင် နို့စိမ်းတစ်ဘူးနီးပါးထည့်ပြီး ဆက်ကျိုပါ။ ဆူပြီး ခဏမှာ မွှေတဲ့ဇွန်းမှာ ကပ်နေတဲ့ အစေ့လေးတွေ ပျောက်သွားတာနဲ့ ဗန်းထဲလောင်းထည့်ပါ။
၅။ နှံ့အောင်မွှေပြီး အအေးခံပါ။
၆။ ခဲရင် ရေခဲသေတ္တာထဲထည့်၊ အေးရင် နှစ်သက်သလို လှီးပါ။
ခုဆိုရင်တော့ မွှေးအိနေတဲ့ ငှက်ပျောသီးကျောက်ကျောလေးကို အရသာရှိရှိသုံးဆောင်ကြမယ်နော်။

Ref; asianfood

 

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.