မင်းသမီး Kim go-eun ရဲ့ အောင်မြင်နေမှုများ

Golbin ဇာတ်လမ်းတွဲဖြင့် လူသိများခဲ့တဲ့ မင်းသမီး Kim Go-eun ကိုတော့ ၁၉၉၁ ခုနှစ် ဇူလိုင် ၂ ရက်နေ့မှာ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ မွေးဖွားခဲ့ပါတယ်။ဘီသွေးအမျိုးအစားဖြစ်ပြီး အရပ်ကတော့ ၁၇၀ စင်တီမီတာဖြစ်ပါတယ်။ ခရစ်ယာန် ဘာသာကို ကိုးကွယ်ယုံကြည်သူတစ်ဦးဖြစ်ပြီး ကရကဋ် ရာသီဖွားတစ်ဦးလဲဖြစ်ပါတယ်။


ကိုရီးယားအနုပညာတက္ကသိုလ်မှ ပြဇာတ်အထူးပြုမေဂျာဖြင့် ဘွဲ့ရရှိခဲ့ပြီး ၂၀၁၂ ခုနှစ်မှာအနုပညာလောကကို စတင်ဝင်ရောက်ခဲ့ပြီး အခုလက်ရှိအောင်မြင်နေဆဲ မင်းသမီးတစ်ဦးဖြစ်ပါတယ်။ အနုပညာလောကသို့ စတင်ဝင်ရောက်ပြီးချိန်မှာတော့ သူမရဲ့ အေဂျင့်ဖြစ်တဲ့ Jangin Entertainment တွင်လုပ်ကိုင်ခဲ့ပါတယ်။ ၂၀၁၆ ခုနှစ်မှာတော့ Hodu&U Entertainment ကို ပြောင်းရွေ့ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ BH Entertainment သို့ ထပ်မံပြောင်းရွေ့ခဲ့ပါတယ်။

Trap and Guardian: The Lonely and Great God ဆိုတဲ့ ဇာတ်လမ်းတွဲမှာ လူသိများခဲ့ပြီး အကောင်းဆုံးအကောင်းဆုံး သရုပ်ဆောင်ဆုကိုလဲ ရရှိခဲ့ပါသေးတယ်။ သူမ သုံးနှစ်သမီးအရွယ်မှာ သူမမိသားစုဟာ တရုတ်နိုင်ငံ၊ပေကျင်းမြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ၁၀ နှစ်အကြာနေထိုင်ခဲ့ပါတယ်။
ထို့နောက် သူမဆယ်ကျော်သက်အရွယ်မှာ ကိုရီးယားသို့ပြန်လည်ပြောင်းရွှေ့အခြေချခဲ့ပါတယ်။
ယခုလက်ရှိမှာလည်း အနုပညာကို ဆက်လက်လုပ်ဆောင်နေပြီး ယခုပြသနေတဲ့ မင်းသား Lee Min-ho နှင့်တွဲဖက်သရုပ်ဆောင်ထားတဲ့ The King: The Eternal Monarch ဇာတ်လမ်းတွဲကလည်း လတ်တလောအောင်မြင်နေတဲ့ ဇာတ်လမ်းတွဲတစ်ခုပဲဖြစ်ပါတယ်။

Ref;KProfiles

4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.