အသားအရေအလိုက် မျက်နှာပေါင်းတင်နည်းများ

ဖြူစင်ဝင်းပတဲ့အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ဒီလိုမျိုး သဘာဝပေါင်းတင်နည်းလမ်းတွေကို အသုံးပြုကြရအောင်။

၁) သာမန်အသားအရေ
ထောပတ်သီး၊စတော်ဘယ်ရီ
စတော်ဘယ်ရီသီး ၁ လုံးကို ထောပတ်သီးစားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောပြီး ကြိတ်ပါ။ မျက်နှာပေါ်မှာ လိမ်းပြီး မိနစ် ၂၀ လောက်ထားပါ။ အချိန်ပြည့်ရင် ရေနွေးနွေးနဲ့ ဆေးချလိုက်ပြီးရင် ကြည်လင်ဝင်းပတဲ့မျက်နှာလေးကို ရရှိလာမှာပါ။

၂) အဆီပြန်တဲ့ အသားအရေ
သံပုရာသီး၊ ကြက်ဥအကာ
သံပုရာသီးတစ်ခြမ်းကို အရည်ညှစ်ပြီး အမြှုပ်ထွက်အောင် ခေါက်ထားတဲ့ ကြက်ဥအကာနဲ့ ရောမွှေပါ။ မျက်နှာအနှံ့ လိမ်းပေးပြီး ၁၅ မိနစ်ကြာတဲ့အခါ ရေနွေးနွေးလေးနဲ့ မျက်နှာသစ်ပေးပါ။ ပုံမှန်လုပ်ပေးခြင်းအားဖြင့် အဆီပြန်တာတွေ လျော့နည်းသွားပါလိမ့်မယ်။

၃) ခြောက်သွေ့တဲ့အသားအရေ
ကြက်ဥအနှစ်၊ ငှက်ပျောသီး၊ သံလွင်ဆီ
ငှက်ပျောသီးတစ်ဝက်ကို အခွံနွှာပြီး ကြိတ်ချေထားပါ။
ကြက်ဥအကာများကို ဖယ်ထုတ်ပြီး အနှစ်သက်သက်ပန်းကန်တစ်ခုထဲထည့်ထားပေးပါ။ ကြိတ်ထားတဲ့ ငှက်ပျောသီးထဲကို ကြက်ဥအနှစ်ရောပါ။ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်းထည့်ပါ။ ၁၅ မိနစ်ခန့်ထားပြီး ရေအေးအေးနဲ့ ဆေးချလိုက်ပါ။ ပျက်စီးခြင်းနေတဲ့အသားအရေကို ကောင်းမွန်လာစေပါတယ်။

၎) ပေါင်းစပ်အသားအရေ
သခွားသီး၊ဒိန်ချဉ်
အဆီပြန်တဲ့အပြင် တစ်ခါတစ်ရံခြောက်သွေ့တတ်တဲ့အသားအရေပိုင်ရှင်တွေက ပေါင်းစပ်အသားအရေပါ။ သခွားသီးတစ်ခြမ်းကို ကြိတ်စက်နဲ့ ကြိတ်ပြီး ဒိန်ချဉ်စားပွဲတင်ဇွန်း ၁ ဇွန်းနဲ့ ရောမွှေပေးပါ။ မျက်နှာအနှံ့လိမ်းပြီး မိနစ် ၃၀ ကြာတဲ့အခါ ရေအေးဖြင့် မျက်နှာသစ်ပေးပါ။

၅) ချွေးပေါက်ကျယ် အသားအရေ
ငှက်ပျောသီး
ငှက်ပျောသီးတစ်လုံးကို ကြိတ်ချေပြီး ရလာတဲ့ အနှစ်ကို မျက်နှာအနှံ့လိမ်းရပါမယ်။ မိနစ် ၂၀ လောက်ထားပြီးတဲ့နောက်မှာ ရေအေးအေးဖြင့် ဆေးချလိုက်ပါ။အခုလိုလုပ်ပေးခြင်းအားဖြင့် ချွေးပေါက်တွေကျဉ်းသွားစေပါတယ်။

၆) ဝက်ခြံထွက်တဲ့ အသားအရေ
သံပုရာသီး၊ ပန်းသီး၊ပျားရည်
သံပုရာသီးကို အရည်ညှစ်ပြီး ကျန်တဲ့ သံပုရာအဖတ်တွေကို မျက်နှာပေါ်ပွတ်ပေးပါ။ ၅မိနစ်လောက်ကြာရင် ရေဆေးချပါ။ ပန်းသီးတစ်လုံးကို ကြိတ်စက်ဖြင့် ထည့်ကြိတ်ပါ။ရလာတဲ့ အနှစ်ကို ပျားရည် စားပွဲတင်ဇွန်း ၅ ဇွန်းနှင့် ရောမွှေပေးပါ။ မျက်နှာပေါ်တွင် လိမ်းကျံပြီး ၁၀ မိနစ်ကြာတဲ့အခါ ရေအေးနှင့် မျက်နှာသစ်လိုက်ပါ။ အပတ်စဉ်လုပ်ပေးခြင်းဖြင့် ဝက်ခြံပျောက်ကင်းလာစေမှာပါ။
Ref;HEALTHGROUP

212 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.