ပင်လယ်စာအစပ်ထောင်းပြုလုပ်နည်း

မကြာခင်မှာ မိုးရာသီရောက်တော့မှာဆိုတော့ မိုးရာသီနဲ့လိုက်မယ့်ဟင်းပွဲလေးဖြစ်တဲ့ ပင်လယ်စာအစပ်လေး ထောင်းစားလို့ရအောင် ပြောပြပေးလိုက်ပါတယ်။

၁) ပုဇွန် – ၁၀ ကျပ်သား
၂) ပြည်ကြီးငါး – ၁၀ ကျပ်သား
၃) ဂဏန်း – ၃ ကောင်
၎) ခရမ်းချဉ်သီး – ၂ လုံး
၅) ပဲသီး – ၁ တောင့်
၆) သံပုရာသီး – ၁ လုံး
၇) ငရုတ်သီးစိမ်း – ၄ တောင့်
၈) ပျားရည် ထမင်းစားဇွန်း – ၁ ဇွန်း
၉) ငံပြာရည် ထမင်းစားဇွန်း – ၁ ဇွန်း
၁၀) ထန်းလျက်ခဲ – ၂ ခဲ
၁၁) ကြက်သွန်ဖြူ -၄မွှာ

ပင်လယ်စာတွေကို သန့်စင်ပြီး ဆားအနည်းငယ်ထည့်ကာ (၁၀) မိနစ်ခန့်ပြုတ်ပေးပါ။

ပြည်ကြီးငါးနှင့်ပဲသီးကို အနေတော်အရွယ်လှီး၊ခရမ်းချဉ်သီးတွေကို (၈) စိတ်စိပ်၊ သံပုရာသီးကို (၄)စိတ်စိပ်၊ ငရုတ်သီးစိမ်းတွေကို ခပ်ပါးပါးလှီးထားပါ။

ငရုတ်ဆုံထဲသို့ ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်းနှင့် ထန်းလျက်ခဲတွေကို မညက်တညက်ဖြစ်တဲ့အထိ ထည့်ထောင်းပေးပါ။

ခရမ်းချဉ်သီးနှင့် ပဲသီးတွေကိုပါ ခပ်ဖွဖွ ထည့်ထောင်းပြီး သံပုရာသီးညှစ်ထည့်၊ ငံပြာရည်ထည့်၊ ပျားရည်ထည့်ပြီး ငရုတ်ကျည်ပွေ့ဖြင့် မွှေပေးပါ။

နှံ့အောင်မွှေပြီးချိန်မှာတော့ ပင်လယ်စာတွေကိုရောထည့်ပြီး မွှေရင်းနဲ့ ခပ်ဖွဖွလေး အရသာဝင်ရုံ ထောင်းပေးပါ။

ချိုချဉ်ငံစပ် အရသာမြည့်ကြည့်ပြီးရင်တော့ ပင်လယ်စာထောင်းကို အရသာရှိစွာ သုံးဆောင်လို့ရပါပြီ။

137 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.