ကောလိပ်မှ ဘွဲ့ရရှိခဲ့တဲ့ ကိုရီးယားအနုပညာရှင်များ

ကိုရီးယားအနုပညာရှင်များစွာထဲကမှ တချို့ကတော့ ကောလိပ်ကနေ ဘွဲ့ရရှိခဲ့ကြပါတယ်။ကိုရီးယားနာမည်ကြီးအနုပညာရှင်တော်တော်များက အထက်တန်းကျောင်းနှင့် လူငယ်ဘဝမှာပဲ ပွဲဦးထွက်ခဲ့ကြပါတယ်။ ကောလိပ်ဒီဂရီကိုအောင်မြင်စွာ တတ်ရောက်ခဲ့ကြတဲ့ အနုပညာများစွာကို ဖော်ပြပေးလိုက်ပါတယ်။

၁) Lee Jong Suk
နာမည်ကြီးမင်းသား Lee Jong Suk ကတော့ Konkuk တက္ကသိုလ်မှ ရုပ်ရှင်လေ့လာရေးဘွဲ့ ရရှိခဲ့ပါတယ်။


၂) Song Hye Kyo
သူမကတော့ Sejong တက္ကသိုလ်မှ ရုပ်ရှင်အနုပညာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၃)Park Shin Hye
နာမည်ကြီးမင်းသမီးတစ်ဦးဖြစ်တဲ့ Park Shin-hye ကတော့ Chung-Ang တက္ကသိုလ်ကနေ ပြဇာတ်အထူးပြုဘွဲ့ရရှိခဲ့ပါတယ်။


၎)Gong Yoo
Golbin ဇာတ်လမ်းတွဲဖြင့် လူသိပိုများခဲ့တဲ့ မင်းသားချော Goong Yoo ကတော့ Kyung Hee တက္ကသိုလ်မှ ပြဇာတ်အထူးပြုမေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၅) Kim Go Eun
Golbin ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းသမီး Kim Go Eun ကတော့ ကိုရီးယားအနုပညာတက္ကသိုလ်မှ ပြဇာတ်အထူးပြုမေဂျာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၆) Song Joong Ki
The Descendants of the sun ဇာတ်ကားဖြင့် ပရိသတ်ရဲ့ အားပေးမှုကို ရရှိခဲ့တဲ့ မင်းသားချော Song Joong-ki ကတော့ Sungkyunkwan တက္ကသိုလ်မှ စီးပွားရေးစီမံခန့်ခွဲမှု ဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၇) Kim Tae Hee
ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ မင်းသမီး Kim Tae-hee ကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ဖက်ရှင်ဒီဇိုင်းဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၈) Lee Dong Wook
မင်းသား Lee Dong-wook ကတော့ Joongbu တက္ကသိုလ်မှ အသံလွှင့်ခြင်းနှင့် မီဒီယာဝိဇ္ဇာဘွဲ့ ရရှိခဲ့ပါတယ်။


၉) Lee Min Ho
လတ်တလောမှာတော့ The King ဇာတ်လမ်းတွဲရဲ့ အဓိကသရုပ်ဆောင် ပရိသတ်အချစ်တော် Lee Min-ho ကတော့ Konkuk တက္ကသိုလ်မှ ရုပ်ရှင်၊အနုပညာဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၁၀)Lee Sang Yoon
မင်းသား Lee Sang-yoon ကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၁၁) Honey Lee
သူမကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ကိုရီးယား ရိုးရာ ဂီတဘွဲ့ အထူးပြုဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၁၂) Kam Woo-Sung
မင်းသားကြီး Kam Woo-sung ကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ Oriental ပန်းချီပညာဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


၁၃) Jung Jin-Young
မင်းသားကြီး Jung Jin-young ကတော့ ဆိုးလ်အမျိုးသားတက္ကသိုလ်မှ ကိုရီးယားဘာသာအထူးပြု၊ရသစာပေဖြင့် ဘွဲ့ရရှိခဲ့ပါတယ်။


Ref;KOREABOO

26K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.