အလတ္ျဖစ္ရျခင္းရဲ႕ အားသာခ်က္မ်ား

အလတ္ေတြဟာ မိသားစု တစ္ခုမွာ ၾကားညပ္ေနတတ္ၾကၿပီး ေတာ္႐ုံတန္႐ုံ သိပ္ၿပီး သတိထား
မခံရပါဘူး။ အႀကီးဆုံးကို ဦးစားေပးရသလို အငယ္ကိုလည္း အလိုလိုက္ ရတာေၾကာင့္
အလတ္ေတြဟာ သည္းခံတတ္ၾကပါတယ္။ ကိုယ့္အာ႐ုံနဲ႔ကိုယ္ ဘာသိဘာသာလည္း ေနတတ္ၾကပါတယ္။ ဒါေပမဲ့ အလတ္ျဖစ္ရျခင္းရဲ႕ အားသာခ်က္ေတြကလည္း ရွိေနပါေသးတယ္။ ဆန္းစစ္ၾကည့္လိုက္ပါဦး။

၁။ ေပါင္းသင္း ဆက္ဆံတတ္
အေနေအးတယ္ ဆိုေပမယ့္ ေပါင္းသင္း ဆက္ဆံေရးမွာေတာ့ အလတ္ေတြက အေတာ္ကို
ကြၽမ္းက်င္ၾကပါတယ္။ အႀကီးလို ၾသဇာျပလို႔ မရသလို အငယ္လို ခြၽဲလို႔လည္း
မရတာေၾကာင့္ သူတို႔ လိုခ်င္တာ ရဖို႔ ေစ့စပ္ ညႇိႏႈိင္းျခင္း၊ ေဆြးေႏြး
တိုင္ပင္ျခင္း၊ မဟာမိတ္ဖြဲ႕ျခင္း စတဲ့ နည္းဗ်ဴဟာေတြ သုံးတတ္ၾကပါတယ္။ မိသားစု
ရန္ပြဲေတြမွာလည္း သူတို႔က ဖ်န္ေျဖေရး သမားေတြပါ။ ေနာက္ၿပီး မိသားစုဝင္ေတြရဲ႕
ခံစားခ်က္ကို ရင္ဖြင့္ရာ ဟစ္တိုင္ႀကီးလည္း ျဖစ္ေနတတ္ပါတယ္။ အလတ္ ျဖစ္တဲ့အေလ်ာက္
အလယ္အလတ္ လမ္းစဥ္ကိုသာ လိုက္ကာ အစြန္း မေရာက္တတ္ၾကပါဘူး။ အရာရာကို ခ်င့္ခ်ိန္ တတ္ၾကပါတယ္။

၂။ မိတ္ေဆြ အေပါင္းအသင္း
သူငယ္ခ်င္း အေပါင္းအသင္းေတြကေတာ့ အလတ္ေတြ အတြက္ အရမ္းကို အေရးပါ ပါတယ္။
မိသားစုနဲ႔ ေမာင္ႏွမေတြဆီက မရတဲ့ အာ႐ုံစိုက္ခံရမႈနဲ႔ အသိအမွတ္ျပဳ ခံရမႈ တို႔ကို
ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြ ဆီကေန ရတတ္တာေၾကာင့္ပါ။ ခ်စ္သူနဲ႔ သူငယ္ခ်င္းေတြ အေပၚ
အရမ္းလည္း သစၥာ ရွိၾကပါတယ္။ အေပါင္းအသင္းကလည္းမင္ ဆက္ဆံေရးကလည္း ေကာင္းဆိုေတာ့ လူခ်စ္လူခင္ မ်ားတတ္ ပါတယ္။

၃။ ႏိုင္ငံေရးသမား
စကားေျပာ အတတ္ပညာနဲ႔ ေစ့စပ္ ညႇိႏႈိင္းေရး ပညာတို႔ကို ကြၽမ္းက်င္တာေၾကာင့္
ႏိုင္ငံေရး လုပ္ရင္ေတာ့ ေအာင္ျမင္မယ့္သူပါ။ စိတ္ပညာရွင္ေတြရဲ႕ ေလ့လာခ်က္ အရ
အလတ္ေတြဟာ ဝန္ႀကီးခ်ဳပ္ ျဖစ္ႏိုင္ေျခ အမ်ားဆုံး ရွိသူေတြလို႔ ေတြ႕ရပါတယ္။

[ Unicode ]

အလတ်တွေဟာ မိသားစု တစ်ခုမှာ ကြားညပ်နေတတ်ကြပြီး တော်ရုံတန်ရုံ သိပ်ပြီး သတိထား
မခံရပါဘူး။ အကြီးဆုံးကို ဦးစားပေးရသလို အငယ်ကိုလည်း အလိုလိုက် ရတာကြောင့်
အလတ်တွေဟာ သည်းခံတတ်ကြပါတယ်။ ကိုယ့်အာရုံနဲ့ကိုယ် ဘာသိဘာသာလည်း နေတတ်ကြပါတယ်။ ဒါပေမဲ့ အလတ်ဖြစ်ရခြင်းရဲ့ အားသာချက်တွေကလည်း ရှိနေပါသေးတယ်။ ဆန်းစစ်ကြည့်လိုက်ပါဦး။

၁။ ပေါင်းသင်း ဆက်ဆံတတ်
အနေအေးတယ် ဆိုပေမယ့် ပေါင်းသင်း ဆက်ဆံရေးမှာတော့ အလတ်တွေက အတော်ကို
ကျွမ်းကျင်ကြပါတယ်။ အကြီးလို သြဇာပြလို့ မရသလို အငယ်လို ချွဲလို့လည်း
မရတာကြောင့် သူတို့ လိုချင်တာ ရဖို့ စေ့စပ် ညှိနှိုင်းခြင်း၊ ဆွေးနွေး
တိုင်ပင်ခြင်း၊ မဟာမိတ်ဖွဲ့ခြင်း စတဲ့ နည်းဗျူဟာတွေ သုံးတတ်ကြပါတယ်။ မိသားစု
ရန်ပွဲတွေမှာလည်း သူတို့က ဖျန်ဖြေရေး သမားတွေပါ။ နောက်ပြီး မိသားစုဝင်တွေရဲ့
ခံစားချက်ကို ရင်ဖွင့်ရာ ဟစ်တိုင်ကြီးလည်း ဖြစ်နေတတ်ပါတယ်။ အလတ် ဖြစ်တဲ့အလျောက်
အလယ်အလတ် လမ်းစဉ်ကိုသာ လိုက်ကာ အစွန်း မရောက်တတ်ကြပါဘူး။ အရာရာကို ချင့်ချိန် တတ်ကြပါတယ်။

၂။ မိတ်ဆွေ အပေါင်းအသင်း
သူငယ်ချင်း အပေါင်းအသင်းတွေကတော့ အလတ်တွေ အတွက် အရမ်းကို အရေးပါ ပါတယ်။
မိသားစုနဲ့ မောင်နှမတွေဆီက မရတဲ့ အာရုံစိုက်ခံရမှုနဲ့ အသိအမှတ်ပြု ခံရမှု တို့ကို
ချစ်သူနဲ့ သူငယ်ချင်းတွေ ဆီကနေ ရတတ်တာကြောင့်ပါ။ ချစ်သူနဲ့ သူငယ်ချင်းတွေ အပေါ်
အရမ်းလည်း သစ္စာ ရှိကြပါတယ်။ အပေါင်းအသင်းကလည်းမင် ဆက်ဆံရေးကလည်း ကောင်းဆိုတော့ လူချစ်လူခင် များတတ် ပါတယ်။

၃။ နိုင်ငံရေးသမား
စကားပြော အတတ်ပညာနဲ့ စေ့စပ် ညှိနှိုင်းရေး ပညာတို့ကို ကျွမ်းကျင်တာကြောင့်
နိုင်ငံရေး လုပ်ရင်တော့ အောင်မြင်မယ့်သူပါ။ စိတ်ပညာရှင်တွေရဲ့ လေ့လာချက် အရ
အလတ်တွေဟာ ဝန်ကြီးချုပ် ဖြစ်နိုင်ခြေ အများဆုံး ရှိသူတွေလို့ တွေ့ရပါတယ်။

Ref; mid_child

 

1K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.