Kim Kardashian နဲ့ သူမနဲ့စေ့စပ်ထားတဲ့ Kanye West တို့ဟာ ဒီနွေရာသီ Paris မြို့မှာလက်ထပ်မယ်လို့ Kim ကထုတ်ဖေါ်ပြောကြားခဲ့ပါတယ်။
ဒီအပတ်ရဲ့အစောပိုင်းမှာသူတို့စုံတွဲနှစ်ဦးဟာ လက်ထက်ပွဲကျင်းပမယ့်နေရာကို ရှာဖွေနေတယ်လို့ကောလဟာလတွေ ပြန့်နှံ့ခဲ့ပါတယ်။ အဲဒီ့ကောလဟာလတွေထဲ့မှာ သူတို့နှစ်ဦးလည်ပါတ်ခဲ့တဲ့ နာမည်ဆိုးနဲ့ကျော်ကြားတဲ့နန်းတော်တစ်ခုလဲပါဝင်ပါတယ်။ သူတို့နှစ်ဦးနဲ့ နန်းတော်တာဝန်ရှိသူတွေက ဒီသတင်းကိုငြင်းဆန်ခဲ့ပါတယ်။
“ကျွန်မတို့ဒီနွေရာသီ Paris မှာလက်ထပ်ဖြစ်မယ်လို့မျှော်လင့်ရပါတယ်။ ကျွန်မတို့အဲဒီ့မှာလုပ်ချင်ပါတယ်။ ဒါကျွန်မတို့ရဲ့ဒုတိယအိမ်ပါ။ ကျွန်မတို့အဲဒီ့မှာအချိန်တွေအများကြီးကုန်ခဲ့ပါတယ်။ ကျွန်မတို့အဲဒီ့မှာ တိုက်ခန်းတစ်ခန်းရှိပါတယ်။ ကျွန်မတို့တကယ်ပဲနှစ်သက်ပါတယ်။ နေရာနဲ့နေ့ရက်ကိုတော့ကျွန်မမပြောပါဘူး။ ဒါပေမယ့် Paris မှာလုပ်မယ်ဆိုတာ သိသာထင်ရှားပါတယ်လို့ကျွန်မထင်ပါတယ်” လို့ Jimmy kimmel နဲ့ အင်တာဗျူးမှာပြောပါတယ်။
“Kane ကတကယ်ကို ဂရုစိုက်ပြီး ဒီကိစ္စနဲ့ပါတ်သတ်ပြီး စိတ်အားထက်သန်နေပါတယ်။ ဒါကကျွန်မရဲ့အလုပ်ကို အရမ်းပဲလွယ်ကူအဆင်ပြေစေပါတယ်။ သူဘာလိုချင်တာလဲသူသိပြီး အဲဒါကြောင့်ကျွန်မသူ့ကိုချစ်နေရတာပါ။ ကျွန်မတို့ဟာ မတူညီတဲ့ ကဏ္ဍတွေကိုတာဝန်ယူနေတာပါပဲ။ သူကဂီတပိုင်းကိုအာရုံစိုက်အလုပ်လုပ်ပြီး ကျွန်မကနေရာထိုင်ခင်းစာရင်းတွေလုပ်ရပါတယ်။ ဒီတော့ ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် လွယ်ကူအဆင်ပြေအောင်ကူညီနေတာပါပဲ” လို့ပြောပါတယ်။
ဒီတစ်ခါကတော့ Kim Kardashian ရဲ့တတိယမြောက်အိမ်ထောင်ဖြစ်ပြီး သူမနဲ့ West တို့မှာ North လို့အမည်ရတဲ့ ၇နှစ်အရွယ်သမီးလေး တစ်ယောက်ရှိပါတယ်။
Ref:starpulse.com