လက်သည်းပုံဖော်ခြင်းဆိုတာ အလွန်ကြည့်ကောင်းတဲ့ အလှအပတစ်ရပ်ပါပဲ။ ဒါပေမယ့်လည်း အရေးကြီးအင်တာဗျူးတစ်ခုသွားရမယ် (ဒါမှမဟုတ်) အရေးကြီးတဲ့ ဧည့်သည်တစ်ဦးနဲ့ စီးပွားရေးကိစ္စ စကားပြောမယ် စတာတွေအတွက်ဆိုရင်တော့ အရောင်ကြောင်ကြောင်ကျားကျား လက်သည်းနီတွေက အနှောင့်အယှက်တစ်ခုပါ။
ဒီလက်သည်းအရောင် လမ်းညွှန်တွေက သင့်ကို သဘာဝဆန်တဲ့ အကောင်းဆုံး လက်သည်းအရောင် ပေးစွမ်းနိုင်မှာပါ။
(၁) Fair
လှပပြီး ခပ်ဖျော့ဖျော့အသားရောင် ရှိသူများအနေနဲ့ အကြည်ရောင် ၊ ပန်းရောင်ဖျော့ဖျော့ လေးတွေနဲ့ မရမ်းစေ့ရောင် နည်းနည်းသန်းတာမျိုးက သင့်တော်ပါတယ်။ ဒီအရောင်မျိုးက သင့်ရဲ့ပါးနှစ်ဖက် ဆီကိုပါ နှင်းဆီသွေးရောင်လေးတွေ လာဟပ်စေနိုင်ပါတယ်။
(၂) Beige
သနပ်ခါးရောင် အသားအရေပိုင်ရှင်မျိုး ရှိသူအတွက်ကတော့ လိမ္မော်ရောင်သန်းတာမျိုး ၊ အ၀ါနုရောင် ၊ အသားရောင်လေးတွေနဲ့ သင့်တော်ပါတယ်။
(၃) Golden
ရွှေဝါရောင်သန်းတဲ့ အသားအရေမျိုးဆိုရင်တော့ လိမ္မော်ရောင်ဘက်သမ်းတာနဲ့ သင့်တော်ပါတယ်။ ဖရုံသီးရောင်လိုမျိုး အ၀ါနှစ်နှစ်ပါတဲ့အရောင်လေးတွေပေါ့။
(၄) Olive
သံလွင်ဆီလို အသားရောင်မျိုးရှိသူတွေကတော့ လှည်စားလို့ရပါတယ်။ ကြေးနီရောင်ဖျော့ဖျော့ လိုမျိုးနဲ့ အစိမ်းဘက်သန်းတဲ့ ရွှေရောင်ဖန့်ဖန့်လေးတွေက သူတို့နဲ့သဘာဝအတိုင်း လိုက်ဖက်ပါတယ်။
(၅) Bronze
အလယ်လတ် အဆင့်လောက် ညိုမှောင်တဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ကတော့ ကြေးနီရောင် ရင့်ရင့် ၊ အညိုရောင်တွေနဲ့ လိုက်ဖက်ပါတယ်။
(၆) Deep
နက်မှောင်တဲ့ အသားအရောင်ပိုင်ရှင်တွေအတွက်ရော သဘာဝကျတဲ့ လက်သည်းဆိုးဆေး မရှိဘူး မထင်လိုက်ပါနဲ့။ ချောကလက်ရောင် ၊ အညိုရောင်ပိတ်ပိတ်နဲ့ ခဲရောင်ရင့်ရင့်တွေကို ရွေးချယ်နိုင်ပါတယ်။ ဒါတွေက သင့်အသားအရေကို ပိုပြီးတောက်ပစေပါတယ်။
Ref:seventeen.com