တစ်ချိန်က နာမည်ကြီးခဲ့ကြပြီးယခုချိန်မှာတော့ မိဘနေရာကို ရောက်သွားကြပြီဖြစ်တဲ့ K-pop idols (၉) ယောက်

သူတို့ထဲမှ အတော်များများက ဖျော်ဖြေရေးလောကကနေတောင်မှ အနားယူခဲ့ကြတာပါ။

၁) Ko Ji Yong (Former member of Sechs Kies)

Sechs Kies ရဲ့ အဖွဲ့ဝင်တစ်ယောက်အဖြစ် စတင်ခဲ့ပါတယ်။ အဖွဲ့ဟာ နှစ်နှစ်အကြာမှာ ပြိုကွဲခဲ့ပြီး ၂၀၀၀ ခုနှစ်မှာ Ko Ji Yong ဟာအနားယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ထို့နောက်မှာတော့ ဇနီးဖြစ်သူနဲ့ တွေ့ဆုံခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ လက်ထပ်ခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ သူတို့ရဲ့ သားဦးလေး Ko Seung Jae ကို မွေးဖွားခဲ့ကြပါတယ်။

၂) Yulhee ( Former member of LABOUM )
၂၀၁၄ ခုနှစ်မှာ LABOUM ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Yulhee ဟာ ၂၀၁၇ ခုနှစ်မှာ F.T.Island ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Choi Min Hwan နှင့် လက်ထပ်တဲ့သတင်းကို ကြေငြာခဲ့ပါတယ်။ထိုနှစ်မှာပဲ Yulhee ဟာ သူတို့ရဲ့ သားဦးလေးမွေးဖွားခြင်းကို အသိပေးခဲ့ပြီး LABOUM မှ ထွက်ခဲ့ပါတယ်။ 2020 ခုနှစ်မှာတော့ သမီးနှစ်ယောက်ကို မွေးဖွားခဲ့တယ်လို့သိရပါတယ်။

၃) Eugene (Former member of S.E.S)
Eugene ကတော့ S.E.S ရဲ့ အဖွဲ့ဝင်တစ်ဦးပါ။ အဖွဲ့ဖျက်သိမ်းခံရပြီးနောက် သူမရဲ့ သရုပ်ဆောင်အလုပ်ကို ပိုပြီးအာရုံစိုက်ခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာတော့ Ki Tae Young နှင့် လက်ထပ်ခဲ့ပြီး ယခုမှာတော့ ကလေးနှစ်ယောက်ရရှိနေပြီဖြစ်ပါတယ်။

၎) Sunye (Former member of Wonder Girls)
၂၀၀၇ ခုနှစ်မှာ Wonder Girls ရဲ့ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Sunye သည် ၂၀၁၃ ခုနှစ်မှာ James Park နှင့် လက်ထပ်ခဲ့ကြောင်းပြောကြားခဲ့ပါတယ်။ အခုဆိုရင် ကလေး ၃ ယောက်ကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။

၅) Eli (Former member of U-KISS)
၂၀၀၈ ခုနှစ်မှာ U-KISS အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Eli သည် ၂၀၁၈ ခုနှစ်မှာ အဖွဲ့မှ ထွက်ခွာခဲ့ပြီး Ji Yeon Soo နှင့်လက်ထပ်ခဲ့ပြီး ပျော်ရွှင်စရာမိသားစုကို ပိုင်ဆိုင်ထားသူပါ။

၆) Soyul (Former member of Crayon Pop)
Crayon Pop ရဲ့ အဖွဲ့ဝင်အဖြစ် ၂၀၁၂ ခုနှစ်မှာ ပွဲဦးထွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ Moon Hee Junနှင့် လက်ထပ်မည်ဟုကြေငြာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ သမီးဦးလေးကို မွေးဖွားခဲ့ပြီး The Return of Superman ကနေ ချစ်ခြင်းမေတ္တာတွေ ရရှိနေတာပဲဖြစ်ပါတယ်။

၇) Dongho (Former member of U-KISS)
၂၀၀၈ ခုနှစ်မှာ U-KISS ရဲ့အဖွဲ့ဝင်အဖြစ် တရားဝင်ရပ်တည်ခဲ့သော်လည်း ၂၀၁၃ ခုနှစ်နောက်ပိုင်းမှာ အဖွဲ့မှ ထွက်ခွာခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ Kim SeeHee နဲ့လက်ထပ်ခဲ့ပြီး အခုဆိုရင်ချစ်စရာကောင်းတဲ့ ကလေးလေးကိုပိုင်ဆိုင်ထားရပါပြီ။

၈) Shoo (Former member ofှS.E.S)
S.E.S အဖွဲ့ဝင် ဟောင်း Shoo ကတော့ အဖွဲ့ဖျတ်သိမ်းခဲ့ပြီးနောက်မှာ သရုပ်ဆောင်တစ်ဦးအဖြစ် အနုပညာလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်ခဲ့ပြီး အခုချိန်မှာတော့ သူမရဲ့ ခင်ပွန်းဖြစ်သူနဲ့အတူ ကလေးသုံးယောက်နှင့်ပျော်ရွှင်ဖွယ်မိသားစုကို ပိုင်ဆိုင်နေပြီဖြစ်ပါတယ်။

၉) Joon Park (g.o.d)
G.o.d ရဲ့ အဖွဲ့ဝင် Joom Park ကတော့ ဟာသမင်းသားလို့တောင်ပြောလို့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာတော့ Kim Yoo Jin နှင့် လက်ထပ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာတော့ သမီးဦးလေးကို ရရှိခဲ့ပါတယ်။


Ref;KOREABOO

6K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.