အာလူး ပုဇွန်လုံးကြော်ပြုလုပ်နည်း

ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိတဲ့ နံနက်စာတခွက်ပြင်ဆင်ဖို့ အရသာရှိတဲ့ အာလူးပုဇွန်လုံးကြော်လေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
အာလူး
ပုဇွန်
ကြက်ဥ – ၂လုံး
ဆားအနည်းငယ်
ငရုတ်ကောင်း အနည်းငယ်
ပေါင်မုန့်ကြွပ်(ကြေသွားအောင် ချေထားပေးပါ)

ပြုလုပ်နည်း
ပထမဦးစွာ အာလူးကို ပြုတ်ပေးပါ။ အာလူးပြုတ်ကို ဆား၊ငရုတ်ကောင်းထည့်ပြီး စီးစီးလေးဖြစ်အောင်နယ်ထားပါ။ အာလူးနယ် အနည်းငယ်ကိုယူပြီး ပုဇွန်တကောင်ထည့်၍ အလုံးလေးဖြစ်အောင်လုံးပါ။

ထိုနည်းအတိုင်း အာလူးများကို လုံးထားပါ။ ပြီးရင် အာလူးလုံးများကို ပေါင်မုန့်အကြေစများနဲ့ လူးပါ။ ကြက်ဥကို ခေါက်ထားပါ။
ဒယ်အိုးကို ဆီအပူပေးပြီး လူးထားတဲ့အာလူးတွေကို ကြော်ခါနီး မွှေထားတဲ့ ကြက်ဥခေါက်ထဲသို့ နှစ်ပြီး ကြော်ပေးပါ။

ကြော်ပြီးရင်တော့ အချဉ်နဲ့ဖြစ်ဖြစ် ၊ရေနွေးနဲ့ ပဲမြည်းမြည်း အရသာရှိတဲ့ အာလူးပုဇွန်လုံးကြော်ကို သုံးဆောင်လို့ ရပါပြီ။

214 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.