၃။ ခွင့်လွှတ်လွယ်ပါတယ်
၎။ နားလည်ပေးတတ်ပါတယ်
[ Unicode ]
ကိုကြီးတွေကို ချစ်မိရင်…
ချွဲချွဲနွဲ့နွဲ့နဲ့ ကိုကြီးလို့ သင် ခေါ်ရတဲ့ ချစ်သူတစ်ယောက် သင့်မှာ ရှိပါသလား။ ကြီးရင်မှီ ငယ်ရင်ချီတဲ့။ အရာရာကို တည်ငြိမ်ရင့်ကျက်မှုနဲ့ သင့်ကို လမ်းပြနိုင်တဲ့ ကိုကြီးနဲ့ Date ရင်ရလာမဲ့ အားသာချက်တွေကို Trend ပရိသတ်ကြီးအတွက် ဝေမျှလိုက်တယ်နော်။
၁။ အလိုလိုက်အကြိုက်ဆောင်ပါတယ်
ကိုကြီး လို့ ခပ်ချွဲချွဲလေး သာတစ်ချက်ခေါ်ကြည့်လိုက်။ သင့်အလိုကို လိုက်ပေးမဲ့သူဖြစ်ပြီး သင့် မျက်နှာ မညိုးအောင်ထားမည့်သူပါ။
၂။ ငွေကြေးပိုင်းဆိုင်ရာမှာလဲ သင့်ကို ထောက်ပံ့ပေးနိုင်တယ်
ကိုကြီးတွေ က မောင်လေးတွေ ရွယ်တူ ကောင်လေးတွေလို မွဲမနေပါဘူ။း သင်သွားချင်တာ သွား စားချင်တာစားဖို့ သူ့မှာငွေ အမြှောက်အများရှိပါသေးတယ်။ကိုကြီးနဲ့ တွဲရင် သင်စိတ်ချမ်းသာရပါမယ်။
၃။ ခွင့်လွှတ်လွယ်ပါတယ်
ရန်ဖြစ်တယ်ဆိုပါတော့ သူတို့အနေနဲ့ သင့်ကို အလျော့ပေးမှာပါ။ သင်နဲ့ ပြိုင်ရန်တွေ့ရမည့် အသက်အရွယ်သူ့မှာ မရှိတော့ သင့်ကို ပထမဆုံးလာချော့မှာကိုကြီးတွေပါ။
၄။ နားလည်ပေးတတ်ပါတယ်
သင့်အနေနဲ့ တစ်ခုခု အမှားတစ်ခုခု လုပ်မိပါက သင့်ကို သူသင့် အသက်အရွယ်တုန်းက အချိန်နဲ့ နှိုင်းယဉ်ကာ နားလည်ပေးပါလိမ့်မယ်။
၅။ သင့်ကို လမ်းမှားမရောက်အောင်ဆုံးမပေးတတ်ပါတယ်
ကိုကြီးတွေက တရားတော့ ဟောပါတယ်။ ဒါကလည်း သူချစ်တဲ့ ကလေးဖြစ်တဲ့ သင့်အတွက် သူကောင်းစေချင်လို့ပါ။ သင်အောင်မြင်တိုးတက်တာကို ကိုကြီးတွေက မနာလိုမရှိ လိုလားသူတွေပါ။
၆။ ဆူတာပြောတာရှိပေမဲ့ သင့်အပေါ်စိတ်ရင်းမှန်ပါတယ်
ကိုကြီးတွေက တစ်ခါ တစ်ခါ သိပ် အချိုးမကျတဲ့ သင့်ကို ဆူကောင်းဆူနိုင်ပါတယ် ။ ဒါပေမဲ့လည်း ကိုကြီးက သင်မှ သင် ပဲ ချစ်တာပါ။
Ref; dating
786 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.