၈ ဂဏန်းသမားများအကြောင်း တစေ့တစောင်း
မျိုးပင် ခံရတတ်သည်။
၎ ကို ၂ နဲ့ မြှောက်လို့ ၈ ရလာတဲ့အခါ ၄ ရဲ့နှစ်ထပ်ကွမ်း
[ Unicode ]
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။
အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင်ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကို အရာရာပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်း
မျိုးပင် ခံရတတ်သည်။
သီးသန့် အေးချမ်းစွာနေတတ်ပြီးမနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ် နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါးပစ်ပယ်ထားသူကို စာနာစိတ် အပြည့်နှင့် မေတ္တာ ထားတတ်သည်။
-မင်းရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းပါတယ်. ဘာကြောင့်ဆိုတာ ဘယ်သူမှ မင်းကို
နားလည်နိုင်မှာ မဟုတ်ပါဘူး။
-သူတပါးကို အပြစ်ပြောရာမှာ မင်းဟာ တဖက်ကမ်းခတ် ကျွမ်းကျင်လှပါတယ်။
-အခြေအနေက မပေးဘူးဆိုရင်တော့.. မင့်ရဲ့မိဘတွေကိုတောင် စောစီးစွာ
လက်လွှတ်ရနိုင်ပါတယ်.. ဒီလိုမျိုးအဖြစ်အပျက်တွေက မင့်ဘဝထဲမှာ မကြာခဏဖြစ်နေမယ်အရာတွေပါ။
ဒီပြဿနာတွေကပဲ မင်းရဲ့ပညာရေးကို တားဆီးနေပါလိမ့်မယ်.. ဒါပေမယ့် မင်းဟာ ဘဝကို တခြားနည်းနဲ့ လေ့လာသင်ယူနိုင်ပါလိမ့်မယ်။
-မင်းဟာ တရားမျှတမှုအတွက်လည်း တိုက်ပွဲဝင်ရဲတဲ့သူတစ်ဦးပါ
-ပုံမှန်အားဖြင့်..မိတ်ဆွေတွေနဲ့ဆက်ဆံရာမှာ မင်းဟာ တည်ကြည်လေးနက်စွာ နေတတ်ပေမဲ့
ဘဝကိုလည်း..အထီးကျန်စွာ ဖြတ်သန်းနေရမယ့်သူပါ.. ပြီးတော့ တပါးသူကို ကူညီဖို့အသင့်ရှိနေသူ တစ်ဦးပါ။
-မင်း အိမ်ထောင်ကျတဲ့အခါမှာတော့ (အဲဒါကလည်း.. အများအားဖြင့် အလယ်အလတ်အရွယ်မှာပဲဖြစ်ပွားတက်ပါတယ်) မင့်ရဲ့ကံကြမ္မာဆိုးအနည်းငယ်ဟာ လွင့်ပျောက်သွားသလို ခံစားရပါလိမ့်မယ်..ပြီးတော့ မင်းဟာ လုံခြုံချမ်းမြေ့မှုကို ရရှိပါလိမ့်မယ်။
-မင်းဟာ မမျှော်လင့်တဲ့အန္တရာယ်တွေကိုလည်း..ယှဉ်ဆိုင်တွေ့ရနိုင်ပါတယ်.. ဥပမာ..(
အမှုအခင်းများ..အဆိပ်ရှိသတ္တဝါများ..မတော်တဆထိခိုက်မှုများနဲံ ကြုံတွေ့နိုင်ပါတယ်)
-သို့ပေမဲ့… မင်းဟာ စည်းကမ်းလိုက်နာတဲ့သူ..လုံ့လဝီရိယရှိသူ.ရဲရင့်သူ..
ခွန်းအားဗလနဲ့ပြည့်စုံသူ. တစ်ယောက်ပါ။
-အဲဒါတွေကပဲ မင်းကို အောင်မြင်မှုဆီကို ခေါ်ဆောင်သွားမှာပါ..
-မင်းဟာ မိသားစုရဲ့ အဓီက အစိတ်အပိုင်းတခုပါ..အားကိုးရဆုံးသူတစ်ဦးလည်းဖြစ်ပြီး.. ဖိုက်တာတစ်ဦးလည်းဖြစ်နေပြန်ရော။
-မင်းရဲ့ အကောင်းဆုံးအဖော်မွန်ကတော့.. 1, 4, and 8. သင့်တော်တဲ့အဖော်မွန်ကတော့ 5 .
၄ ကို ၂ နဲ့ မြှောက်လို့ ၈ ရလာတဲ့အခါ ၄ ရဲ့နှစ်ထပ်ကွမ်း
စွမ်းအားတွေပါလာသလို စနေရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေပါ ပါဝင်လာပါတယ်။ ၈
ဂဏန်းစိုးမိုးသူတွေကတော့ ၈၊ ၁၇ နဲ့ ၂၆ မှာမွေးဖွားပါလိမ့်မယ်။ဒဏ္ဏာရီမှာတော့ ခြေကျိုးလို့ အမည်တွင်ပြီး ကောင်းကင်မှာ ရေခဲဂြိုလ်လို့မြင်နေရတဲ့ စနေစိုးမိုးသူ ၈ ဂဏန်းသမားတွေကျတော့ လျှို့ဝှက်တယ်။အေးတိအေးစက်နိုင်တယ်။မြုံစိစိသမားတွေလည်းဖြစ်တယ်။စိတ်ခံစားချက်အလွန်ကြီးမားသူတွေလည်း ဖြစ်ပါတယ်။
အဲဒီဂဏန်းသမားနှစ်ဦးမှာခင်ဗျားတို့ချစ်သူ၊မိတ်ဆွေတွေဖြစ်နေလို့ကတော့သိပ်မချောင်ပါဘူး။
သူတို့ကို အင်မတန်နားလည်ပေးရပါလိမ့်မယ်။ ဘုဂလန့်ကျတဲ့ ၄ ရယ်၊ အေးစက်စက် ၈
ရယ်ကြောင်းဆက်ဆံရေးဟာ မချောမွေ့နိုင်ပါဘူး။ သတိထားရပါလမ့်မယ်။
သူတို့ရဲ့ အများနဲ့ မတူတဲ့ စတိုင်တွေ၊ စကားလုံးတွေကြောင့် စိတ်ထဲခိုးလို့ခုလုတော့ ဖြစ်ရမှာ ကျိန်းသေပါတယ်။ ဒါ့အပြင် သူတို့မွေးဖွားရာရာသီတွေက မကာရ၊ ကုံလိုမျိုးရာသီတွေသာဆိုရင်တော့ သူတို့ရဲ့ ထူးခြားတဲ့စရိုက်တွေက ပိုပေါ်လွင်လာမှာပါ။
သူများတွေကို ပေါင်းသင်းဆက်ဆံရေးမှာ ဖုထစ်စေတဲ့ အဲဒီ ဂဏန်းနှစ်ခုဟာ
ဝဋ်တော့ပြန်လည်ပါတယ်။ ဘယ်လိုလည်လဲဆိုတော့ ၄နဲ့ ၈ သမားနှစ်ဦးစလုံးဟာ
လူပျိုကြီး၊ အပျိုကြီးတွေဖြစ်ရင် ဖြစ်၊ မဖြစ်လို့ကတော့အိမ်ထောင်ကျနောက်ကျတော့တာပါပဲတဲ့။
Ref; numerology
4K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.