ကိုရီးယားရဲ့ ဂျင်ဆင်း အကြောင်းသိကောင်းစရာ

ကိုရီးယားလူမျိုးတွေကတော့ ဂျင်ဆင်းကို 인삼 (အင်ဆမ်း) လို့ခေါ်ပါတယ်။
인 (အင်) ဆိုတာ လူ 삼 (ဆမ်း) ဆိုတာ ဆေးမြစ်လို့ အဓိပ္ပာယ်ရပြီး လူနဲ့ ပုံသဏ္ဏာန်တူတဲ့ ဆေးမြစ် (နတ်ပေးတဲ့ဆေးမြစ်) လို့လဲ ခေါ်ကြပါတယ်။

တောထဲ၊တောင်ထဲတွင် သဘာဝအတိုင်း ပေါက်တဲ့ ဂျင်ဆင်းကိုတော့ တောတောင်ထဲက ဆေးမြစ်(산삼) လို့လဲခေါ်ကြပါတယ်။
산삼 တွေကို ရှာဖွေပြီး ရောင်းတဲ့သူတွေရှိပြီိး သက်တမ်း ၂၀ ကျော်ကနေ ၁၀၀ ကျော်ထိရှိပါတယ်။ အလွန်ဈေးကြီးပြီး ပိုက်ဆံချမ်းသာသူများသာ သုံးနိုင်ပါတယ်။ နှစ်ကြာပေမယ့် အရွယ်အစားကတော့ သေးသေးလေးပဲဖြစ်ပါတယ်။

အခုခေတ်မှာတော့ ဂျင်ဆင်းကို စိုက်ပျိုးထုတ်လုပ်လာကြပါတယ်။ ဂျင်ဆင်းကို ကိုရီးယား၊တရုတ်နဲ့ အမေရိကန် နိုင်ငံတွေမှာလဲ စိုက်ပျိုးလာကြပါတယ်။ ဒါပေမယ့် ရေမြေအနေအထားအရ ကိုရီးယားဂျင်ဆင်းကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး အာနိသင် အရှိဆုံးဖြစ်ပါတယ်။

ဂျင်ဆင်းပင်ဟာ တစ်နှစ်မှာ တစ်ခါသာ အရွက်အတက် ထွက်ပါတယ်။ ဂျင်ဆင်းရဲ့ အသုံးဝင်ပုံက အများကြီးရှိပါတယ်။ ဂျင်ဆင်းအမြစ် အစို ၁/၂ နှစ် သားကို ကြက်အကောင်သေးနဲ့ပေါင်းတဲ့ ရိုးရာအစားအစာကို နွေရာသီ အပူဒဏ် ခံနိုင်ဖို့ စားကြပါတယ်။ ဂျင်ဆင်းကို အနှစ်ထုတ်ခြင်း၊ အမှုန့်ပြုလုပ်ခြင်း၊ ဆေးတောင့် ပြုလုပ်ခြင်း၊ အခြောက်ပြုလုပ်ခြင်း၊ ပျားရည်နဲ့ စိမ်ခြင်း၊ လက်ဘက်ခြောက်ပြုလုပ်ခြင်း၊ အလှကုန်နှင့်လူသုံးကုန်ပစ္စည်းများ စားသောက်ကုန်များ များစွာ ထုတ်လုပ်ကြပါတယ်။
အာနိသင်ကတော့ သွေးသားသန့်စင်ပြီး စားဝင်အိပ်ပျော်စေပါတယ်။
စိတ်ကို ကြည်လင်ပြီးအရွယ်တင် နုပျိုစေပါတယ်။
အင်အားပြည့်ဖြိုးစေပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။
ဆီးချို၊သွေးချိုကို သက်သာစေပါတယ်။
ကလေးများ ခန္ဓာကိုယ် ဖွံ့ဖြိုးပြီး ဥာဏ်ရည်ကောင်းစေပါတယ်။


အမျိုးသမီးရောဂါများ၊ ခြေ၊လက်ဖျားများ အေးခြင်း၊စိတ်ကယောင်ချောက်ခြားဖြစ်ခြင်းတို့အတွက် သင့်တော်ပါတယ်။
သွေးတိုးသမားတွေကတော့ 홍삼 နဲ့ ထုတ်လုပ်တဲ့ ဂျင်ဆင်း ထုတ်ကုန်တွေကို သုံးနိုင်ပါတယ်။ (ဂျင်ဆင်းကို ပြန်ပေါင်းထားပြီး ခြောက်ပြီး အနီရောင်ဖြစ်ပါတယ်)
ဂျင်ဆင်းအမြစ် အစိမ်းကို စားမယ်ဆိုရင် ခေါင်းပိုင်းကို ဖြတ်ပြီးစားရင် သွေးမတိုးပါဘူး။( ဂျင်ဆင်း product တွေဝယ်တဲ့အခါမှာတော့ အင်ဆမ်း (인삼) လား၊ ဟုမ်းဆမ်း (홍삼)လားဆိုတာကိုတော့ သတိပြုဝယ်ယူဖို့တော့ လိုအပ်ပါတယ်။
Ref;NAVER

189 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.